ယမန်နှစ် နှစ်သစ်ကူးညက ကလပ်တွင် ဝိုင်းဝန်းထိုးကြိတ် ကန်ကြောက်ခံရမှုကြောင့် သေဆုံးခဲ့သူ ဟာသ သရုပ်ဆောင် အောင်ရဲထွေး၏ အမှုနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့ ရုံးချိန်းတွင် ပြန်ခေါ်သက်သေနှစ်ဦးကို စစ်ဆေးခဲ့သောကြောင့် ယင်းအမှုတွင် ပြန်ခေါ်သက်သေ စစ်ဆေးရန် လေးဦးသာ ကျန်ရှိတော့သည်။
ယနေ့ရုံးချိန်းတွင် The One Entertainment ကလပ်မှ လုံခြုံရေး ဝန်ထမ်း ကိုနေမျိုးအောင်နှင့် အခင်းဖြစ်ညက ယင်းကလပ်တွင် ရှိနေခဲ့သော ကျော်ဇော(ခ) ကျော်ဇောဟန်၏ချစ်သူ မအေးချမ်းမြင့်တို့ကို စစ်ဆေးခဲ့ပြီး တရားစွဲဆိုခံရသူဘက်မှ ရှေ့နေက ကိုနေမျိုးအောင်အား အခင်းဖြစ်ညက သိမ်းဆည်းရမိခဲ့သော သက်သေခံပစ္စည်း ဗော်ကာအရက်ပုလင်းကို တရားသူကြီးထံမှ ခွင့်ပြုချက်တောင်း၍ ထုတ်ပြခဲ့ပြီး စစ်ဆေးမေးမြန်းမှုများကို ဆောင်ရွက်ခဲ့သည်။
အောင်ရဲထွေးသေဆုံးမှုနှင့်ပတ်သက်၍ အရှေ့ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆို စစ်ဆေးနေသူ သုံးဦးမှ သားကြီး (ခ) သန်းထွဋ်အောင်နှင့် အောင်လေး (ခ) ပြည့်ဖြိုးအောင်တို့ နှစ်ဦးမှာ ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၂) ဖြင့် စွဲချက်တင် စစ်ဆေးရန် အမိန့်ချမှတ်ခံထားရပြီး ယင်းအမှုတွဲတွင် ပါဝင်သူ ကျော်ဇော (ခ) ကျော်ဇောဟန်ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၂)/ ၁၁၄ ဖြင့် စွဲချက်တင်စစ်ဆေးရန် တရားသူကြီးက အမိန့်ချမှတ်ထားသည်။
ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၂) မှာ ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါက အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် တစ်သက်တစ်ကျွန်းမှ အနိမ့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၁၀ နှစ်အထိ အမိန့်ချမှတ်နိုင်ပြီး အဆိုပါအမှုတွဲနှင့်ပတ်သက်၍ အဂတိလိုက်စားမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဟောင်း ဦးဟန်ထူး အပါအဝင် ခြောက်ဦးတို့မှာ လက်ရှိ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားရင်ဆိုင်နေရဆဲဖြစ်သည်။
The Voice
ပ
0 comments:
Post a Comment