Tuesday, February 5, 2019

စွန့်ပစ်ပစ္စည်းများ ပြန်လည်သိမ်းဆည်းရေးလုပ်ငန်းအတွက် ကန်ဒေါ်လာတစ်သိန်းခွဲရင်းနှီးမြှုပ်နှံ


သဘာဝပတ်ဝန်းကျင်ကိုအထောက်အကူပြုစေမည့် စွန့်ပစ်ပစ္စည်းများ ပြန်လည်သိမ်းဆည်းရေးလုပ်ငန်း အတွက် နော်ဝေးနိုင်ငံအခြေစိုက် Katapult Ocean Accelerator အဖွဲ့မှ အမေရိကန် ဒေါ်လာတစ်သိန်းခွဲ ရင်းနှီးမြှုပ်နှံထားကြောင်း RecyGlo က သတင်းထုတ်ပြန်သည်။ 
“အခုလိုမျိုး ဆုံးဖြတ်လိုက်ခြင်းက မြန်မာနိုင်ငံကို နည်းပညာတွေ ရွှေ့ပြောင်းလာဖို့နဲ့ နောက်ပိုင်းမှာလည်း ပိုမိုများပြားတဲ့ ရင်းနှီးမှုတွေရရှိနိုင်ဖို့ တံခါးဖွင့်ပေးလိုက်သလိုဖြစ်စေမယ်လို့ ယုံကြည်တဲ့အတွက်ပါ။ အခုရရှိခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ RecyGlo ရဲ့ ဝန်ဆောင်မှုတွေကို မြန်မာနိုင်ငံအနှံ့ ချဲ့ထွင်သွားမှာဖြစ်ပါတယ်”ဟု RecyGlo ကို တွဲဖက်တည်ထောင်သူ ဦးဥက္ကာဖြိုးမောင်က ပြောဆိုသည်။ 

နော်ဝေးနိုင်ငံအခြေစိုက် Katapult အဖွဲ့သည် သဘာဝပတ်ဝန်းကျင်နှင့် ပင်လယ်များ သန့်ရှင်းရေးအတွက် ဆောင်ရွက်နေသောလုပ်ငန်းများကို နည်းပညာနှင့် ငွေကြေးများ အဓိက ထောက်ပံ့ပေးသည့်အဖွဲ့ဖြစ်သည်။ 


RecyGlo ကုမ္ပဏီသည် ရန်ကုန်မြို့ရှိ လုပ်ငန်းအဖွဲ့အစည်းများအနေနှင့် စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စွန့်ပစ်နိုင်ရန်စီစဉ်ပေးပြီး ထိုစွန့်ပစ်ပစ္စည်းများမှ ပြန်လည်အသုံးပြုနိုင်ရန် စက်ရုံများနှင့် စွန့်ပစ်ပစ္စည်း လုပ်ဆောင်နေသောနေရာများသို့ ပို့ဆောင်ပေးသော ဝန်ဆောင်မှုကိုဆောင်ရွက်နေသောလုပ်ငန်းဖြစ်သည်။

The Voice 

0 comments:

Post a Comment