Tuesday, February 5, 2019

ရွှေလုပ်ကွက် အင်းအတွင်း ရေပေါက်ကာ ရွှေလုပ်သား ၅ ဦးပိတ်မိ


မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ငါးပြားပေးကျေးရွာ အောင်ကိုသူ ကုမ္ပဏီ ရွှေလုပ်ကွက်၏ အင်းအတွင်း ဖေဖော်ဝါရီလ ၄ ရက်နေ့က ရေလုံးပေါက်ကာ ရွှေလုပ်သား ၅ ဦးပိတ်မိနေသည့်အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည် ။ 
ပိတ်မိနေသော သူများကို ကူညီကယ်ဆယ်နိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေး အသင်းအဖွဲ့များက ပူးပေါင်း၍ ရှာဖွေမှုများပြုလုပ်လျှက်ရှိရာ ဖေဖော်ဝါရီလ ၅ ရက်နေ့ နေ့ခည်ပိုင်းအချိန်ထိ ရှာဖွေတွေ့ရှိခြင်မရှိသေးကြောင်း သိရသည် ။ 

``ခုထိတော့ ဘာမှမတွေ့သေးဘူး ။ ရေစုပ်စက်တွေနဲ့ ရေ စုပ်ထုတ်ပြီး ကူညီကယ်ဆယ်လို့ရအောင် ဆောင်ရွက်နေတယ် ။ ရွှေတူးတဲ့ အင်းမှာ ရေလုံးပေါက်ကျတာဆိုတော့ အင်းပြိုကျပြီး ပိတ်မိသွားတာပါ ။´´ ဟု ရုံရုံရဲကင်းစခန်း မှ တာဝန်ကျရဲအရာရှိတစ်ဦး က ပြောသည် ။ 
ပြိုကျသည့်အင်းမှာ ပေ ၂၀၀ ခန့်နက်ပြီး အင်းအတွင်းပိတ်မိနေသူများမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည် ။

The Fifth Wave News 

0 comments:

Post a Comment