Sunday, February 3, 2019

အယ်ဖွန်ဆိုကွာရွန် DGA ကချီးမြှင့်သည့် အကောင်းဆုံးဒါရိုက်တာဆု ရရှိ


မက္ကဆီကန် ဒါရိုက်တာ အယ်ဖွန်ဆိုကွာရွန်ဟာ “Roma” ရုပ်ရှင်နဲ့ အမေရိက ဒါရိုက်တာများ အစည်းအရုံး (DGA) က ချီးမြှင့်တဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ဖေဖော်ဝါရီ ၂ ရက်နေ့က ရရှိခဲ့ပါတယ်။ 
ဒါဟာ နောင် ၃ ပတ်အကြာမှာ ပြုလုပ်မယ့် အော်စကာထူးချွန်ဆု မတိုင်ခင် တစ်ပြေးနေတဲ့ သူ့ရုပ်ရှင် အနေအထားကို ပိုမိုခိုင်မာစေပါတယ်။ 

အဖြူအမည်းရုပ်ရှင် “Roma” ဟာ ၁၉၇၀ ၀န်းကျင်ကာလ အိမ်အကူတယောက်အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ 

DGA ထူးချွန်ဆုဟာ အော်စကာဆု ရနိုင်တဲ့ အမှတ်လက္ခဏာတွေထဲက တခုဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်ကစလို့ DGA ထူးချွန်ဆုရ ရုပ်ရှင်တွေထဲက ၇ ကားဟာ အကောင်းဆုံး အော်စကာဒါရိုက်တာဆုနဲ့ အကောင်းဆုံး ဇာတ်ကားဆုကို ရခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

DVB

0 comments:

Post a Comment