ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက " ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UNION BETTERMENT PARTY (UBP)" အမည်ဖြင့် ယနေ့ (ဇန်နဝါရီ ၅ ရက်)တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ လာရောက်၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃(က) အရ ပါတီတည်ထောင်ခွင့်ပြုရန် မှတ်ပုံတင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ တွင် ပါတီ၏CEC အဖွဲ့ကို သူရဦးရွှေမန်းဥက္ကဌအဖြစ်တာဝန်ယူပြီးအဖွဲ့ဝင်စုစုပေါင်း.၁၉.ဦးဖြင့်ဖွဲ့စည်းထားကြောင်းသိရသည်။
ပါတီမှတ်ပုံတင်ခြင်းကို ပါတီ CECအဖွဲ့ဝင် ၁၉ ဦး၏ကိုယ်စား CEC အဖွဲ့ဝင် ဦးကျော်စန်းနှင့် ဦးမြတ်သိန်းထွန်းတို့ က UEC သို့ လာရောက်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
News Watch
0 comments:
Post a Comment