Wednesday, May 1, 2019

လိုင်သာယာတွင်ကျင်းပသော မေဒေးနေ့အခမ်းအနားသို့ အလုပ်သမားသောင်းချီတက်ရောက်


လိုင်သာယာမြို့နယ် အောင်မြေသာယာဘောလုံးကွင်းတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM မှ ဦးဆောင်ကျင်းပသည့် ၂၀၁၉ ခုနှစ် မေဒေးနေ့အခမ်းအနား မေလ ၁ ရက် ယနေ့ နံနက်ပိုင်းတွင်ကျင်းပခဲ့ပြီး အလုပ်သမားများ အလုပ်သမားအဖွဲ့စည်းများနှင့် အလုပ်သမားမိသားစုဝင်များအပါအဝင် လူဦးရေ ၁၀၀၀၀ ခန့်တက်ရောက်ခဲ့ကြသည်။ 
အဆိုပါ မေဒေးနေ့အခမ်းအနားကျင်းပရာ အောင်မြေသာယာဘောလုံကွင်းသို့ လမ်းကြောင်းနှစ်ခုဖြင့် အလုပ်သမားများချီတက်ခဲ့ကြပြီး အဖွဲ့ ၁ သည် အလုပ်သမားဦးရေ ၂၅၀၀ ဖြင့် နဝဒေးလမ်းမကြီးအတိုင်းချီတက်ခဲ့ပြီး အဖွဲ့ ၂ သည် စနေမမှတ်တိုင်မှ ရန်ကုန်ညောင်းတုန်းလမ်းမကြီး အတိုင်းအလုပ်သမား ၂၅၀၀ ဖြင့်ချီတက်ခဲ့ကြောင်းသိရသည်။ ထို့ပြင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့မှ အလုပ်သမားအဖွဲ့အစည်းများ၊ အလုပ်သမားများလည်း တက်ရောက်ခဲ့ကြပြီးသည်။ 






ကျော်မာဃ
News Watch 

0 comments:

Post a Comment