Tuesday, May 28, 2019

ပန်းတနော်မြို့နယ်၌ ငွေစက္ကူအတု ၁၀၀၀၀ ကျပ်တန် ၂၄ ရွက်၊ ၁၀၀၀ ကျပ်တန် ၁၆၇ ရွက် သိမ်းဆည်းရမိ


ပန်းတနော်မြို့နယ်၌ ငွေစက္ကူအတု ၁၀၀၀၀ ကျပ်တန် ၂၄ ရွက်၊ ၁၀၀၀ ကျပ်တန် ၁၆၇ ရွက် သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံက သတင်းရရှိသည်။ 
ဖြစ်စဉ်မှာ မေလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် ကဇင်းတောကျောင်းစု ကျေးရွာနေ မောင်စော(၄၂)နှစ်ပါ ကျား (၂)ဦးသည် တစ်ရွာ တည်းနေ ဒေါ်အေးပုံ(၅၂)နှစ်မှ လက်သမားခအဖြစ် ပေးချေထားသောငွေစက္ကူအတု (၁၀,၀၀၀) ကျပ်တန် ၂၄ ရွက်၊ (၁,၀၀၀) ကျပ်တန် ၁၆၇ ရွက်အား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းမြင့်ထံ အပ်နှံခဲ့ကြောင်း သိရှိရ၍ ဒေါင့်ကြီးရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များကသွားရောက် သိမ်းဆည်းခဲ့ပြီး မောင်စောပါ (၂)ဦးနှင့် ဒေါ်အေးပုံ တို့အား ပန်းတနော်မြို့မရဲစခန်း (ပ)၅၂၆/ ၂၀၁၉၊ မြန်မာ နိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် ထားရှိကြောင်း သိရသည်။ 

Credit - ရဲဇာနည် 
The Ladies News

0 comments:

Post a Comment