Tuesday, May 28, 2019

ကနေဒါရွေးကောက်ပွဲ လုံခြုံရေးအတွက် ကူညီရန် မိုက်ခရိုဆော့ဖ်နှင့် ဖေ့စ်ဘွတ်ခ် သဘောတူ


ကနေဒါနိုင်ငံမှာ လာမယ့် အောက်တိုဘာလ ကျင်းပမယ့် ရွေးကောက်ပွဲ လုံခြုံရေးအတွက် ကူညီဖို့ မိုက်ခရိုဆော့ဖ်နဲ့ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက သဘောတူခဲ့တဲ့အကြောင်း ကနေဒါ ထိပ်တန်း အစိုးရအရာရှိတယောက်က မေလ ၂၇ ရက်နေ့မှာ ပြောပါတယ်။ 
မိုက်ခရိုဆော့ဖ်နဲ့ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီတွေဟာ အကောင့်တုတွေကို ဖယ်ရှားပေးမယ့်အပြင် အလိုအလျောက် တုံ့ပြန်တဲ့ အော်တို ကွန်ပျူတာပရိုဂရမ်တွေကို ထိန်းချုပ်ပေးပြီး ကူညီမယ်လို့ သဘောတူခဲ့ကြတာပါ။ 

ဒါဟာ ရွေးကောက်ပွဲကို သမာသမတ်ကျကျ ကျင်းပသွားမယ်ဆိုတဲ့ ကြေညာချက်ကို ပုံဖော်နေတာလို့ ဒီမိုကရက်တစ် အဖွဲ့အစည်းများဆိုင်ရာဝန်ကြီး ကာရီနာဂိုးဒ်က လွှတ်တော်အမတ်တွေကို ပြောပါတယ်။ 

ကမ္ဘာ့အကြီးဆုံး လူမှုမီဒီယာ ကုမ္ပဏီကြီးတွေဟာ ရွေးကောက်ပွဲကို ပြည်ပကနေ ကြားဝင် နှောင့်ယှက်လာနိုင်တဲ့ အခြေအနေတွေကနေ ဟန့်တားရေး ကူညီဖို့ လုံလုံလောက်လောက် မစွမ်းဆောင်ကြဘူး၊ ဒါ့ကြောင့် အစိုးရအဖွဲ့က အဲဒီကုမ္ပဏီတွေနဲ့ ဆွေးနွေးညှိနှိုင်းရမယ်လို့ ကာရီနာဂိုးဒ်က ပြီးခဲ့တဲ့လက ပြောခဲ့ပါတယ်။ 

ကနေဒါအစိုးရ ဝန်ကြီးတွေက သူတို့အနေနဲ့ ကနေဒါရွေးကောက်ပွဲမှာ ရုရှားက ကြားဝင်စွက်ဖက်ဖို့ ကြိုးစားမှာကို စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။ 

မိုက်ခရိုဆော့ဖ်နဲ့ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီဟာ သတင်းမှားတွေ ဖြန့်ဝေတာကို ထိန်းချုပ် ကိုင်တွယ်ပေးသွားဖို့၊ အွန်လိုင်းလုံခြုံရေး ဖြေရှင်းစောင့်ကြပ်မှု တိုးမြှင့်ဖို့နဲ့ နိုင်ငံရေး ကြော်ငြာတွေကို လက်ခံတဲ့ သူတို့ရဲ့စည်းမျဥ်းတွေ ရှင်းပြဖို့ကိုလည်း သဘောတူခဲ့တယ်လို့ ကာရီနာဂိုးဒ်က ပြောပါတယ်။

DVB

0 comments:

Post a Comment