Tuesday, May 28, 2019

UNHCR, UNDP နှင့် မြန်မာနိုင်ငံအစိုးရတို့အကြားချုပ်ဆိုသည့်နားလည်မှုစာချွန်လွှာသက်တမ်းတိုးမြှင့်

UNHCR, UNDP နှင့် မြန်မာနိုင်ငံအစိုးရတို့အကြားချုပ်ဆိုခဲ့သည့် နားလည်မှုစာချွန်လွှာအား စာချုပ်ပါ အဖွဲ့ဝင်အားလုံး၏သဘောတူညီချက်နှင့်အတူ တစ်နှစ်သက်တမ်းထပ်မံတိုးမြှင့်ခြင်းကို ယမန်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း UNHCR မှ သတင်းထုတ်ပြန်သည်။ 
အပြန်အလှန်သဘောတူညီချက်စာလွှာများအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ၀န်ကြီးဌာနနှင့် UNHCR နှင့် UNDP တို့မှသက်ဆိုင်ရာကိုယ်စားလှယ်များမှ ယနေ့ မေလ ၂၈ရက် ၂၀၁၉၊ အင်္ဂါနေ့တွင် နေပြည်တော်၌လက်မှတ်ရေးထိုးခဲ့ကြကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။ 
အဆိုပါ သုံးပွင့်ဆိုင်နားလည်မှုစာချွန်လွှာအား ဇွန်လ (၆)ရက် ၂၀၁၈ခုနှစ်တွင် စတင်လက်မှတ်ရေးထိုးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်ဒုက္ခသည်များ မိမိတို့သဘောဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ၊ ဂုဏ်သိက္ခာ ရှိစွာနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့်နေရပ်ပြန်သည့်အခြေအနေများဖြစ်ပေါ်လာစေရန်အတွက် အထောက် အကူပြုခြင်းနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်နေထိုင်ကြသည့် လူမှုအသိုက်အ၀န်းများအားလုံးအတွက် ဖွံ့ဖြိုးတိုးတက်၍ ခံနိုင်ရည်အားကောင်းသောအသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ဖန်တီးပေးရာတွင် ကူညီ ပံ့ပိုးပေးခြင်းများအတွက်ရည်ရွယ်၍ မြန်မာနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများအကြား ပူးပေါင်း ဆောင်ရွက်မှု မူဘောင်တစ်ရပ်တည်ထောင်ရန်အတွက်လိုအပ်သည့် ခြေလှမ်းသစ်တစ်ရပ်အနေဖြင့် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်းနှင့် အပြန်အလှန်သဘောတူညီချက်စာလွှာများတွင် စာချုပ်ပါအဖွဲ့ဝင်များ အနေဖြင့် နားလည်မှုစာချွန်လွှာအားသဘောတူညီချက်ပါကာလအတွင်း ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်အတွက်လည်း ထပ်လောင်းကတိပြုခဲ့ကြကြောင်း UNHCR မှ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

Source - UNHCR
Popular News Journal 

0 comments:

Post a Comment