Tuesday, May 28, 2019

အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများသို့ဆက်လက်ဝင်ရောက် ဒေသအများစုတွင်နေရာကွက်မိုးကြီးမည်


အနောက်တောင်မုတ်သုံလေက မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသသို့ဝင်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများနှင့် မြောက်ပိုင်းဒေသများသို့ ဆက်လက်ဝင်ရောက်မည်ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။ 
မုတ်သုံလေ၀င်ရောက်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကယား ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလကခန့်မှန်းထားသည်။ 
နောက်(၂)ရက်အတွင်း နေပြည်တော်နှင့်အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းမည်ဖြစ်ပြီး ရွာရန်ရာနှုန်း(၈၀) ရှိမည်ဟု သိရသည်။ 
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်တွင်လည်း မိုးအသင့်အတင့် ထစ်ချုန်းရွာသွန်းပြီး တစ်ခါတရံ မိုးသည်းထန်နိုင်ကာ ရွာရန်ရာနှုန်းပြည့် ရှိသည်ဟု မိုးဇလဦးစီးဌာနက ကြေညာထားသည်။ 

သတင်း - ကိုကို 
ဓာတ်ပုံ - DMH
The Standard Time Daily 

0 comments:

Post a Comment