Tuesday, May 28, 2019

သြစတြေးလျဝန်ကြီးဌာနများတွင် အမျိုးသမီးများ စံချိန်တင်နေရာရလာ


သြစတြေးလျအထွေထွေရွေးကောက်ပွဲမှာ စိုက်ပျိုးရေးဝန်ကြီးဌာနအပါအ၀င်၊ ၀န်ကြီးဌာနနေရာ တော်တော်များများမှာ အမျိုးသမီးတွေ စံချိန်တင်နေရာရလာစဉ်မှာပဲ၊ သြစတြေးလျဘုရင်ခံချုပ် Peter Cosgrove ဟာ ၀န်ကြီးချုပ် Scott Morrison နဲ့ သူ့ရဲ့ဝန်ကြီးဌာနမှာ ကျမ်းကျိန်ခဲ့ပါတယ်။ 
  
ကျမ်းကျိန်တဲ့ အခမ်းအနားကို အခုလ(၂၉)ရက်က ကန်ဘာရာမြို့တော်ရှိ၊ အစိုးရအိမ်တော်မှာ ပြုလုပ်ခဲ့တာပါ။ အခမ်းအနားမှာ အောက်လွှတ်တော်အမတ် Ken Wyatt က သြစတြေးလျနိုင်ငံရဲ့ ပထမဆုံး ရှေးတိုင်းရင်းသားအစိုးရ၀န်ကြီးအဖြစ် ကျမ်းကျိန်ခဲ့ပါတယ်။ Army Reserves (တပ်မတော်အရန်တပ်)မှာ နှစ်ပေါင်း(၃၀)နီးပါး တာဝန်ထမ်းဆောင်ခဲ့တဲ့ လက်ရှိကာကွယ်ရေးဝန်ကြီး အသစ် Linda Reynolds ကိုတော့ အနားယူသွားပြီဖြစ်တဲ့ Christopher Pyne ရဲ့နေရာမှာ အစား ထိုးခန့်အပ်လိုက်တယ်လို့ သိရပါတယ်။ 
  
နိုင်ငံခြားရေးဝန်ကြီး Marise Payne နဲ့ ဘဏ္ဍာရေးမှူး Josh Frydenberg တို့ကတော့ သူတို့ရဲ့မူလ ရာထူးအတိုင်းပဲ ဆက်လက်တာဝန်ယူထားကြောင်း ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ 





ဘာသာပြန် - စုစံစိုး
One News Myanmar 

0 comments:

Post a Comment