Wednesday, July 31, 2019

ခြေ/ဥပြင်ဆင်ရေး အလောသုံးဆယ်လုပ်ခြင်းသည် ၂၀၂၀ အတွက် ရည်ရွယ်ပြီး "တစ်ကောင်ထိုးကျွေး၊ နှစ်ကောင်စား ၊ ကင်းပေါက်အတွေးနဲ့ နိုင်ငံရေးကျားကွက်ရွှေ့ခြင်း" ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးအမတ် ဦးစိုင်းသန်းနိုင် ပြော

ယခုအချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အလောသုံးဆယ်လုပ်ခြင်းသည် ၂၀၂၀ အတွက် ရည်ရွယ်ပြီး "တစ်ကောင်ထိုးကျွေး၊ နှစ်ကောင်စား ၊ ကင်းပေါက်အတွေးနဲ့ နိုင်ငံရေးကျားကွက်ရွှေ့ခြင်း" ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီမှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင် ကပြောသည်။...

ခြေ/ဥ ကို တက်လာသည့်အစိုးရတိုင်း/လွှတ်တော်တိုင်း ပြင်ဆင်နေပါက နိုင်ငံတော်သည် ဟိုလိုလိုဒီလိုလိုနှင့် ချာလည်ရမ်းနေမည်ဟု ဝန်ကြီးဟောင်း ဦးစိုးသိန်း ပြော

ဖွဲ့စည်းပုံအခြေခံဥပဒေကို တက်လာသည့်အစိုးရတိုင်း/လွှတ်တော်တိုင်း ပြင်ဆင်နေပါက နိုင်ငံတော်သည် ဟိုလိုလိုဒီလိုလိုနှင့် ချာလည်ရမ်းနေမည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ဦးစိုးသိန်းက ပြောသည်...

ငွေကျပ်သိန်းပေါင်း ၁၂၀၀၀ ကျော်လာဒ်စားမှုဖြင့် ထိုင်းနိုင်ငံဆိုင်ရာမြန်မာအလုပ်သမားသံအရာရှိစစ်ဆေးခံနေရ

ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးကို မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်က ငွေကျပ်သိန်းပေါင်း ၁၂၀၀၀ ကျော် လာဘ်စားမှုဖြင့် စစ်ဆေးနေကြောင်းသိရသည်။...

ရုပ်ရှင်ရုံများတွင် ရုပ်ရှင်မပြသမီ ပညာပေးဇာတ်လမ်းများ ပြသရန် စီစဉ်

ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်မပြသမီ ပြည်သူတွေကိုပညာပေးတဲ့ ဇာတ်လမ်းတွေ၊ ဆောင်ပုဒ်တွေကို ပြသသွားဖို့ စီစဉ်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းက ပြောပါတယ်...

ယင်းမာပင်၌ ကျေးရွာမီးလင်းရေးဆောင်ရွက်စဉ် ရွာခံများနှင့် လုံခြုံရေးရဲတို့ ပဋိပက္ခဖြစ်ပွား၊ ရွာသားသုံးဦး သေနတ်ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်အတွင်း ကျေးရွာမီးလင်းရေး ဆောင်ရွက်ခြင်းကို ကန့်ကွက်ရာမှ ရွာသူ၊ ရွာသားများနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခဖြစ် ပွားခဲ့ရာမှ ပြန်လှည့်ကျေးရွာသားသုံးဦး ရော်ဘာကျည်ဆန် ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။...

အိုစမာဘင်လာဒင်ရဲ့ သား ဟမ်ဇာဘင်လာဒင် ကွယ်လွန်

အယ်လ်ကိုင်းဒါးစစ်သွေးကြွအဖွဲ့ ဖွဲ့စည်းခဲ့တဲ့ အိုစမာဘင်လာဒင်ရဲ့သားဖြစ်သူ Hamza Bin Laden ကွယ်လွန်သွားပြီလို့ အမေရိကန်ထောက်လှမ်းရေးအရာရှိတွေက ထုတ်ပြန်လိုက်ပါတယ်။ ...

နိုင်ငံရေးအမြတ်ထုတ်သည်ဟု ပြောပါက ၀မ်းမြောက်ဝမ်းသာ လက်ခံကြောင်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ပြော

နိုင်ငံရေးဆိုသည်မှာ နိုင်ငံတော်နှင့် နိုင်ငံသား အကျိုးစီးပွားအတွက် လုပ်သည်ကို နိုင်ငံရေးဟုခံယူခြင်းကြောင့် နိုင်ငံရေးအမြတ်ထုတ် သည်ဟုပြောပါက ၀မ်းမြောက်ဝမ်းသာလက်ခံကြောင်း ပြည်ခိုင်ဖြိုးပါတီ ဥက္က ဌ ဦးသန်းဌေးကပြောဆိုလိုက်သည်။...

(၆) ကြိမ်​​မြောက်​ ​သိန်း ၁၅၀၀၀ အောင်ဘာလေသိန်းဆု ဟင်္သာတမြို့မှထပ်မံဆွတ်ခူး

ဟင်္သာတမြို့ နှစ်ကြိမ်ဆက်တိုက် သိန်း ၁၅၀၀၀ ဆု ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ယနေ့ဖွင့်လှစ်ခဲ့သည့် (၆) ကြိမ်​​မြောက်​ ​ကျပ်​ ၁၀၀၀ တန်​ အောင်ဘာလေသိန်းဆုမဲများတွင် သိန်း ၁၅၀၀၀ အောင်ဘာလေသိန်းဆုကို ဟင်္သာတမြို့မှ ကံထူးရှင်တစ်ဦးက ကံထူးခဲ့ကြောင်း သိရသည်။...

အိန္ဒိယ - မြန်မာ စစ်ဘက်ဆက်ဆံရေး ခိုင်မာအောင် ဆောင်ရွက်နေ

အိန္ဒိယနှင့် မြန်မာနိုင်ငံတို့သည် မြန်မာ့တပ်မတော်၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်းအပါအဝင် ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ (MOU) တစောင်ကို တနင်္လာနေ့က လက်မှတ် ရေးထိုးခြင်း အားဖြင့် နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံရေး ပိုမိုခိုင်မာအောင် လုပ်ဆောင်လိုက်သည်ဟု အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်တစောင်အရ သိရသည်။...

Gold AYA ကားစက်ရုံက တစ်နှစ်လျှင် ကားအစီးရေ ငါးထောင်ထုတ်လုပ်ရောင်းချမည်

တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံသော Gold AYA ကားစက်ရုံက တစ်နှစ်လျှင် ကားအစီးရေ ငါးထောင်ခန့် ထုတ်လုပ် ရောင်းချမည်ဖြစ်ကြောင်း ယင်းစက်ရုံထံမှ သိရသည်...

ဆိုလာစွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ထိုင်းကုမ္ပဏီ ၅ ခုခန့် လာရောက်ဆွေးနွေး

မြန်မာနိုင်ငံအတွင်းရှိ ဆိုလာစွမ်းအင်ကဏ္ဍတွင် လာရောက် ရင်းနှီးမြှုပ်နှံရန်အတွက် ထိုင်းနိုင်ငံမှ ကုမ္ပဏီ ၅ ခုခန့် လာရောက်ဆွေးနွေးထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်...

ဒူဘိုင်းအုပ်စိုးသူတစ်ဦး၏ ဇနီးဖြစ်သူ ဟာယာမင်းသမီးက အဓမ္မထိမ်းမြားခံရခြင်းမှ အကာအကွယ်ပေးမှုရရှိရန် ကြိုးစား

အရှေ့အလယ်ပိုင်းတွင် လူသိများသော ဒူဘိုင်းအုပ်စိုးသူတစ်ဦး၏ ဇနီးဖြစ်သူက ယူကေတရားရုံးတစ်ခုတွင် အတင်းအကျပ် ထိမ်းမြားခံရခြင်းမှ အကာအကွယ်ပေးမှုကိုရရှိရန် လျှောက်ထားခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြသည်...

ထူးကဲဒီရေတက်ချိန် ရန်ကုန်တွင် မိုးများနိုင်သဖြင့် ရေကြီးမည့်အန္တရာယ်ရှိ

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များကြောင့် ရန်ကုန်အပါအဝင် ဒေသအချို့တွင် ယခုသီတင်းပတ်အတွင်း မိုးများနိုင်ရာ ထူးကဲဒီရေတက်ချိန်နှင့် တိုက်ဆိုင်နေ၍ ရေကြီးရေလျှံမှုအန္တရာယ်ကို သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက သတိပေးပြောကြားသည်...

တောင်ကိုရီးယားတွင် မြေအောက် ရေပိုက်လိုင်းစစ်ဆေးစဉ် မြန်မာလုပ်သား ကိုဇွဲလင်းမောင် ရေစီးဖြင့် မျောပါ ပျောက်ဆုံးနေ

တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့၊ ယန်ချွန်းမြို့နယ် မုတ်ဒုန်အရပ်တွင် ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသူ မြန်မာလုပ်သား ကိုဇွဲလင်းမောင်သည် ယမန်နေ့က မြေအောက် ရေပိုက်လိုင်းစစ်ဆေးစဉ် ရေစီးဖြင့် မျောပါ ပျောက်ဆုံးနေကြောင်း သိရှိရသည်။...

ဂျပန်စစ်ကျန်ပစ္စည်း ရတနာသိုက်ရှိသည် ဟုဆိုသော သံဖြူဇရပ်မြို့နယ်ရှိ မိန်မလာတောင်တွင် တူးဖော်မှုများ ပြုလုပ်နေသဖြင့် မြေအောက်မိုင်း အချိန်မရွေး ပေါက်ကွဲမှု ဖြစ်ပေါ်မည်ကို ဒေသခံများစိုးရိမ်

ဒုတိယကမ္ဘာစစ် ဂျပန်စစ်ကျန်ပစ္စည်း ရတနာသိုက်ရှိသည်ဆိုသော သံဖြူရပ်မြို့နယ်ရှိ မိန်မလာတောင်တွင် တူးဖော်မှုများ ပြုလုပ်နေရာ မြေအောက်မိုင်း အချိန်မရွေး ပေါက်ကွဲကာ ဒေသခံများ၏ ရော်ဘာခြံ၊ ပစ္စည်းများ ဆုံးရှုံးမှု ဖြစ်ပေါ်မည်ကို သံဖြူဇရပ်မြို့ခံများက စိုးရိမ်နေကြောင်း သိရသည်။...

"ဗစ်တိုးရီးယားလေးအမှု တတိယအကြိမ်ရုံးချိန်း"

နေပြည်တော်၊သြဂုတ်လ(၁)ရက်။သည်ကနေ့ ဗစ်တိုးရီးယားလေး အမှုရဲ့ တတိယအကြိမ်ရုံးချိန်းကို လာရောက်လေ့လာ နားထောင်ကြတဲ့ ပြည်သူအချို့ဟာ ဒက္ခိဏခရိုင်တရားရုံးရဲ့ရှေ့ကို စတင်ရောက်ရှိနေကြပြီဖြစ်ပါတယ်။...

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဘန်ကောက်မှာ ထိပ်သီးအစည်းအဝေး စတင်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဇူလိုင် ၃၁ ရက်မှာ ထိပ်သီးအစည်းအဝေးတစ်ရပ်ကို စတင်ကျင်းပလျက် ရှိပါတယ်။...

အိုင်အင်န်အက်စ်ဆင်ဒူဝီရအမည်ရှိ ရေငုပ်သင်္ဘောကို တပ်မတော်(ရေ)သို့ အိန္ဒိယနိုင်ငံ လွှဲပြောင်းပေးမည်

ရုရှားနိုင်ငံလုပ် ကီလိုအတန်း အစား (Kilo Class) ရေငုပ်သင်္ဘော တစ်စင်းကို ယခုလကုန်ပိုင်းတွင် မြန်မာ့ တပ်မတော် (ရေ)သို့ အိန္ဒိယနိုင်ငံက လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း သည် အီကော်နောမစ်တိုင်းမ် သတင်းစာက ဇူလိုင် ၃၀ ရက်တွင် ရေးသားတင်ပြထား သည်။...

ပုဂံဒေသ ယူနက်စကိုဝင်ခြင်းကို မကောင်းပြောခြင်းသည် မြန်မာပြည်ကို မချစ်၍ဖြစ်ကြောင်း မန္တလေးတိုင်း ၀န်ကြီးချုပ်ပြော

ပုဂံဒေသကို တစ်ကမ္ဘာလုံးက အသိအမှတ်ပြုသဖြင့် ယူနက်စကိုစာရင်းဝင် ဖြစ်လာခြင်းသည် ဂုဏ်ယူစရာဖြစ်ပြီး မကောင်းပြောနေခြင်းမှာ မြန်မာနိုင်ငံကို မချစ်သောကြောင့်ဖြစ်ကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။...

ဧရာဝတီတိုင်းအတွင်း မိုးကြိုကာလ လေပြင်းကြောင့် အိမ်ခြေ ၂၀၀၀ နီးပါး ပျက်စီးခဲ့ ဟုဆို

၂ဝ၁၉ ခုနှစ် မိုးကြိုကာလ ဧပြီလနှင့် မေလအတွင်း ဧရာဝတီတိုင်းဒေသကြီးတွင် လေပြင်းတိုက်ခတ်မှု ၁၀၅ ကြိမ် ဖြစ်ပွားခဲ့ ပြီး၊ စုစုပေါင်း အိမ်ခြေ ၂၀၀၀ နီးပါး ထိခိုက်ပျက်စီးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနထံမှ သိရသည်။...

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ လာဘ်စားမှုဖြင့်စစ်ဆေးခံရ

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးကို ငွေကျပ် သိန်းပေါင်း ၁၂၀၀၀ ကျော် လာဘ်စားမှုဖြင့် ထိုင်းနိုင်ငံသို့ လုပ်သားစေလွှတ်နေသည့် အေဂျင်စီ ၃၂ ခုက တိုင်ကြားမှုအပေါ် အဂတိ ကော်မရှင်မှ စစ်ဆေးခဲ့ကြောင်း သိရသည်။...

မြန်မာနိုင်ငံသည် မလွယ်ကူသည့် ကာလကို ဖြတ်ကျော်နေရဟု ဒေါ်အောင်ဆန်းစုကြည်ပြော

မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် သိပ်မလွယ်ကူသည့်ကာလတခုကို ဖြတ်သန်းနေရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် ဂျပန်- မြန်မာ နိုင်ငံခြားရေး ဝန်ကြီးများ ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။...

ဒီမိုကရက် စကားစစ်ထိုးပွဲ ဒုသမ္မတဟောင်း Biden ကို အများစောင့်ကြည့်

၂၀၂၀ သမ္မတ ရွေးကောက်ပွဲမှာ Donald Trump ကို အနိုင်ရဖို့ အတွက် ဘယ်သူဟာ အသင့်တော်ဆုံး ဖြစ်မလဲ ဆိုတဲ့ ဒီမိုကရက် သမ္မတလောင်း အရွေးခံမယ့်သူတွေရဲ့ ဒုတိယည စကားစစ်ထိုးပွဲမှာ ဒု သမ္မတဟောင်း Joe Biden က အဓိက နေရာမှာ ရှိနေပါတယ်။...

အီရန်နိုင်ငံခြားရေး ၀န်ကြီး အပေါ် အမေရိကန် ဒဏ်ခတ်အရေးယူ

နိုင်ငံတနိုင်ငံရဲ့ ထိပ်တန်းသံတမန်တဦးကို အမေရိကန်က မကြုံစဖူး ထူးထူးခြားခြား အရေးယူလိုက်ပါပြီ။ အီရန်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif အပေါ် အရေးယူ ဒဏ်ခတ်လိုက်တာ ဖြစ်ပြီး ဒါဟာ လုပ်ရိုးလုပ်စဉ်မဟုတ်တဲ့ ထူးခြားတဲ့ခြားလုပ်ဆောင်မှု တခုဖြစ်ကြောင်း Trump အစိုးရအဖွဲ့ အကြီးတန်းအရာရှိ တဦးက ပြောပါတယ်။...

Cardinal Charles Bo ဘင်္ဂလားဒေရှ့် ရိုဟင်ဂျာ ဒုက္ခသည် စခန်းသွားရောက်

အာရှတိုက်ရဲ့ အထင်ကရ ကက်သလစ် ရဟန်းတော် နှစ်ပါးဟာ ဘင်္ဂလားဒေရှ့်မှာ ရှိတဲ့ ကက်သလစ် ရဟန်းတွေနဲ့အတူ Cox’s Bazar ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို ၂ ရက်ကြာ သွားရောက်နေကြပါတယ်။...

ရိုဟင်ဂျာအရေး ဖြေရှင်းဖို့ အာဆီယံ အလေးထားဆောင်ရွက်မည်

(၅၂) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဇူလိုင်လ ၃၀ ရက်နေ့က သြဂုတ်လ ၂ ရက်နေ့အထိ ကျင်းပနေပါတယ်။ အစည်းအဝေးမှာ အရှေ့တောင်အာရှ ဒေသဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လုံခြုံရေး ကိစ္စတွေအပြင် မြန်မာနိုင်ငံက ရိုဟင်ဂျာ အရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို ကိုရဲမင်းထွန်းက တင်ပြပါမယ်။...

ဖွဲ့စည်းပုံအသစ်တစ်ခုရေးဆွဲနိုင်ရန် အစိုးရနှင့်ကာကွယ်ရေးဦးစီးချုပ်အကြား ယုံကြည်မှုဦးစွာရယူရမည်ဟုဆို

၄၅ ဦးကော်မတီ၏ အစီရင်ခံစာသည် ဖွဲ့စည်းပုံပြင်ဆင်ရေးထက် အသစ်တစ်ခုရေးဆွဲရန် ကြိုးစားနေခြင်းဟု မြင်မိပါ၍ ဖွဲ့စည်းပုံအသစ်တစ်ခုရေးဆွဲနိုင်ရန် အစိုးရနှင့် ကာကွယ်ရေးဦးစီးချုပ်အကြား ယုံကြည်မှုကို ဦးစွာယူရမည်ဖြစ်ကြောင်း ကျောက်ဖြူမဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။...

၁၄ နှစ်အရွယ်ကျောင်းသားတစ်ဦး စိတ်ညစ်သည်ဆိုကာကြိုးဆွဲချသေဆုံး

၁၄ နှစ်အရွယ်၊ န၀မတန်းကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၌ ဖြစ်ပွားကြောင်း သတင်းရရှိသည်။...

တရုတ်နိုင်ငံထုတ် ဆိုလာစွမ်းအင်သုံး မောင်းသူမဲ့လေယာဉ် ပထမဆုံးအကြိမ်ပျံသန်း

တရုတ်နိုင်ငံတွင် ထုတ်လုပ်သော ဆိုလာစွမ်းအင်သုံး မောင်းသူမဲ့လေယာဉ် “MOZI 2” အား ပထမဆုံးအကြိမ် အောင်မြင်စွာ ပျံသန်းနိုင်ခဲ့ကြောင်း ယင်းလေယာဉ်ထုတ်လုပ်သူ OXAI Aircraft ကုမ္ပဏီလီမိတက်က ဇူလိုင်လ ၃၀ ရက်တွင် ပြောကြားလိုက်သည်...

မြန်မာနိုင်ငံ၏ ပထမဆုံးကိုယ်ပိုင်ဂြိုဟ်တု ဩဂုတ် ၇ ရက်တွင် လွှတ်တင်မည်

မြန်မာနိုင်ငံ၏ ပထမဆုံးကိုယ်ပိုင်ဂြိုဟ်တုဖြစ်သည့် မြေပြင်တည်ငြိမ် ပတ်လမ်းသွား ဆက်သွယ်ရေးဂြိုဟ်တုကို လာမည့် ဩဂုတ် ၇ ရက် နံနက် ၂ နာရီတွင် တောင်အမေရိကတိုက် ပြင်သစ်ဂီယာနာ (French Guiana)ရှိ အာရိယန် အာကာသဒုံးပျံပစ်လွှတ်ရေး အခြေစိုက်စခန်းမှ လွှတ်တင်သွားမည်ဟု သိရသည်။...

မန္တလေးတွင်​ ညဘက် ဆိုင်ကယ်နှင့်လူနှစ်ဦးအား ပြိုင်ကားဖြင့်တိုက်ခဲ့သောအမှု ပုဒ်မ-၃၀၄(က) ဖြင့်စွဲချက်တင်၊ ပုဒ်မ-၂၇၉ အတွက် တရားခံကိုစစစ်

မန္တလေးမြို့ ကျုံး​တောင်​ဘက်​ ၇၈ လမ်းနှင့်၂၆ လမ်းထောင့်မီးပွိုင့်တွင် နိုဝင်ဘာ ၈ ရက်​နေ့ကဖြစ်ပွားခဲ့သည့် လူနှစ်ဦးအား ပြိုင်​ကားဖြင့်​တိုက်​မိပြီး ​သေဆုံးခဲ့သောအမှုကို ယနေ့ဇူလိုင် (၃၁) ရက် မွန်းလွဲပိုင်းက အောင်မြေသာစံမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ရာ ပုဒ်မ-၃၀၄(က) အမှုကို စွဲချက်တင်ခဲ့ပြီး ပုဒ်မ-၂၇၉ အမှုအတွက် တရားခံကို စတင်စစ်ဆေးခဲ့ကြောင်း သိရသည်...

မြန်မာနိုင်ငံ၌ထုတ်လုပ်သည့် တရုတ်ကားများ သြဂုတ်လဆန်းတွင် စတင်ရောင်းချရန်စီစဉ်

Gold Aya Motors International Group Co.,Ltd မှ မြန်မာနိုင်ငံတွင် တပ်ဆင်သော ကားမော်ဒယ်သစ်အား သြဂုတ်လ ၂ ရက်နေ့တွင် ရန်ကုန်မြို့၌ စတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။...

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်မှု အပေါ် သီတဂူဆရာတော် မိန့်ကြားချက် စိတ်မကောင်းဟု NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူးပြော

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်မှု အပေါ် သီတဂူဆရာတော် မိန့်ကြားချက် စိတ်မကောင်းဟု NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူးမုံရွာအောင်ရှင်က ပြောဆိုသည်။...

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်အထူးတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။...

လူထွက်ပြီး အိမ်ထောင်ပြုသည့် အမျိုးသားကို ရဟန်းတစ်ပါးက သတ်

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ (က) ရပ်ကွက်ရှိ စစ်ကိုင်းစာသင်တိုက်တွင် လူထွက်ပြီး အိမ်ထောင်ပြုခဲ့သည့် အမျိုးသားတစ်ဦးကို ရဟန်းတစ်ပါးက သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်...

ပုဂံယူနက်စကို ဝင်မှုကိုဝေဖန်ခြင်းမှာ ညီညွတ်ချင်စိတ် မရှိ၍ဟု မန်းဝန်ကြီးချုပ် ဆို

ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) အဖွဲ့ကြီးက ပုဂံကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်နယ်မြေအဖြစ် သတ်မှတ်လိုက်ခြင်းကို ဝေဖန်ခြင်းမှာ ညီညွတ်ချင်စိတ် မရှိ၍ ဖြစ်ကြောင်း မန်းလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က တုံ့ပြန်ပြောဆိုလိုက်သည်...

ကမ္ဘောဒီးယားနိုင်ငံထဲ တရားမဝင်အမှိုက်တင်သွင်းသည့် ကုမ္ပဏီများကို ဒဏ်ရိုက်မည်

ကမ္ဘောဒီးယားနိုင်ငံထဲကို တရားမဝင်အမှိုက်တင်သွင်းလာတဲ့ ကုမ္ပဏီတွေကို အမေရိကန် ဒေါ်လာ ၂သိန်းခွဲကျော်ထိ ဒဏ်ရိုက်မယ်လို့ ကမ္ဘောဒီးယား အာဏာပိုင်တွေက သတိပေး ပြောပါတယ်။...

ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှု မလုပ်ခဲ့သဖြင့် လိုအပ်ချက်များနေဟု ပညာရေးဝန်ကြီးပြော

နှစ်ပေါင်းများစွာ ပညာရေးမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ခဲ့တဲ့အတွက် တိုင်းပြည် ခေတ်နောက်ကျကျန်နေခဲ့ပြီး လိုအပ်ချက်တွေ များနေတယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောပါတယ်။...

ဆမ်ဆောင်း အီလက်ထရောနစ်ကုမ္ပဏီ အမြတ်ငွေ ထက်ဝက်လျော့ကျသွား

တောင်ကိုရီးယားဈေးကွက်ထဲမှာ ရောင်းလိုအားများနေတဲ့ memory chipsပြားတွေ ဈေးကျနေတာကြောင့်  တောင်ကိုရီးယားရဲ့ ဆမ်ဆောင်း အီလက်ထရာနစ် ကုမ္ပဏီက သူတို့ရဲ့ ဘဏ္ဍာနှစ် ဒုတိယ ၃လပတ်အတွင်း အမြတ်ငွေ ထက်ဝက်လျော့ကျသွားတယ်လို့ ဇူလိုင် ၃၁ ရက်က ပြောလိုက်ပါတယ်။ ...

မလေးရှားဘုရင်သစ် ဆူလ်တန် အဗ္ဗဒူလာ နန်းတက်ပွဲကျင်းပ

မလေးရှားနိုင်ငံရဲ့ ၁၆ ယောက်မြောက် ဘုရင် ဆူလ်တန် အဗ္ဗဒူလာရဲ့ နန်းတက်ပွဲ အခမ်းအနားကို ဇူလိုင် ၃၀ ရက်က ကွာလာလမ်ပူမြို့မှာ ကျင်းပပါတယ်။ ...

ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားဒေသတွင် ဆိုးဆိုးရွားရွား ရေကြီးနေ

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသ အရှေ့တောင်ပိုင်းက အီရာခုစ်ဒေသမှာ ဆိုးဆိုးရွားရွား ရေကြီးနေပြီး ဇူလိုင် ၃၀ ရက်နေ့က  မြစ်ချောင်းတွေမှာ တမီတာလောက်အထိ ရေမြင့်တက်နေတယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။ ...

မယ်ဆိုင်တွင် မြန်မာနိုင်ငံသား ၁ ဦးထံက ရွှေချောင်းများ ဖမ်းဆီးရမိ

ထိုင်း- မြန်မာနယ်စပ် တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတား အမှတ် ၁ မှာ မြန်မာ နိုင်ငံသား ၁ ဦးထံက အလေးချိန်  ၇၀ ကျပ်သားခန့်ရှိ ရွှေချောင်းတွေ ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်နယူးစ်အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။...

ထိုင်း-ရုရှားနှစ်နိုင်ငံ ကုန်သွယ်ရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေး ပူးပေါင်းလုပ်ဆောင်ရန်ကတိပြု

ထိုင်း – ရုရှား နှစ်နိုင်ငံ ကုန်သွယ်ရေး၊ လုံခြုံရေးနဲ့ ကာကွယ်ရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့်ဗ်နဲ့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာတို့ ဇူလိုင်လ ၃၀ ရက်က ကတိပြုလိုက်ကြပါတယ်။...

AA အဖွဲ့ထံမှ ထွက်ပြေးလွတ်မြောက်လာသော စစ်ဘေးရှောင် ၁၂ ဦး အား ပလက်ဝမြို့သစ်စီမံကိန်၌ နေရာချထားပေး

AA အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရပြီးနောက် ထွက်ပြေးလွတ်မြောက် လာသည့် အိမ်ထောင်စု ၄ စု လူဦးရေး ၁၂ ဦးအား ပလက်ဝမြို့သစ် စီမံကိန်းတွင် နေရာချထား ပေးထားကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးထက်က The Ladies News သို့ ပြောကြားသည်...

အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီအသွင်ယူ၍ လူ ၁ ဦးလျှင် ကျပ် ၆ သိန်းကောက်၍ လိမ်လည်တိမ်းရှောင်သွားသဖြင့် မြဝတီမြို့တွင် အလုပ်သမား ၃၀၀ ကျော် ဒုက္ခရောက်နေ

ထိုင်းနိုင်ငံအတွင်း MOU စနစ်ဖြင့် အလုပ်အကိုင်ရရှိ လုပ်ကိုင်ရမည်ဟုဆိုကာ မြန်မာပြည်တွင်းနေရာဒေသအသီးသီးမှ အလုပ်လုပ်ကိုင်လိုသူ ၃၀၀ ကျော်ထံမှ ၀န်ဆောင်ခအဖြစ် ငွေကြေးကောက်ခံရယူ၍ လိမ်လည်ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ တွင် လူ ၃၀၀ ကျော်ခန့် အလုပ်လက်မဲ့ ဒုက္ခကြုံ တွေ့နေကြောင်းသိရသည်။...

မြန်မာတပ်မတော်ကို ဆက်လက် ကူညီပေးမည်ဟု အိန္ဒိယစစ်ဦးစီးချုပ်များကော်မတီ ဥက္ကဌ ဆို

အိန္ဒိယတပ်မတော်အနေဖြင့် မြန်မာတပ်မတော် စွမ်းရည်မြှင့်တင့်ရေး တည်ဆောက်မှု ဆိုင်ရာလုပ်ငန်းများတွင် ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း အိန္ဒိယ( ကြည်း၊ရေ၊ လေ) ဦးစီးချုပ်များကော်မတီ ဥက္ကဌက ပြောဆိုလိုက်သည်။...

အမေရိကန်သံရုံးကို သာသနာညှိုးနွမ်းစေမှုဖြင့် တရားစွဲမည်

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဖော်ပြခဲ့သည့် ဗုဒ္ဓရုပ်ပွားတော်ပုံပါ ပန်းချီကားနှင့် ပတ်သတ်၍ ပန်းချီဆရာနှင့် အမေရိကန်သံရုံးကို သာသနာ ညှိုးနွမ်းစေမှုဖြင့် တရားရုံးသို့ ဦးတိုက်လျှောက်သွားမည်ဖြစ်ကြောင်း မကွေးကျောင်း တိုက်ဆရာတော် ဦးပါမောက္ခက The Voice သို့ မိန့်သည်...

မိုးသည်းထန်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ ရေလှောင်တမံ ၁၂ ခု၏ ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိ

မိုးသည်းထန်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ ရေလှောင်တမံ ၁၂ ခု၏ ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနက သတင်းထုတ် ပြန်ထားသည်။...

ပဉ္စမတန်းကျောင်းသူကို စာသင်ခန်းအတွင်း အဓမ္မပြုကျင့်သည့် ကျောင်းလုပ်သားအား ထောင်ဒဏ် နှစ် ၂၀ ချမှတ်

မကွေးတိုင်းဒေသကြီး  မင်းလှမြို့နယ်တွင် အလယ် တန်းကျောင်း စာသင်ခန်းအတွင်းဖြစ်ပွားခဲ့သည့် ကျောင်းအထွေထွေလုပ်သားက ပဉ္စမတန်းကျောင်းသူကို အဓမ္မပြုကျင့်မှု  တစ်နှစ်ကျော်ကြာ စစ်ဆေးပြီးနောက် တရားခံအား ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့သည်။...

စပွန်ဆာနဲ့ ကားဝယ်တာမဟုတ်ဘူးဆိုတဲ့ နန်းမွေစံ

ဆရာဝန်လိုင်စင်အသိမ်းခံထားရတဲ့အတွက် ပရိသတ်အသိများလာတဲ့ မော်ဒယ်လ်နန်းမွေစံက မကြာသေးခင်က ကားပြောင်းစီးလိုက်တာနဲ့ပတ်သက်ပြီး ဝေဖန်မှုအနည်းငယ်ရှိနေတဲ့အပေါ် စပွန်ဆာနဲ့ကားဝယ်စီးတာမဟုတ်ဘူးလို့ ပြန်လည်ချေပလိုက်ပါတယ်...

Tuesday, July 30, 2019

တရုတ်နိုင်ငံသားပိုင် ကျောက်ဖြူငါးမှုန့်ကြိတ်စက်ရုံ ကျောက်မီးသွေးဖြင့်လည်ပတ်၍ လွှတ်တော်ကိုယ်စားလှယ်များကန့်ကွက်

ကျောက်ဖြူမြို့နယ်၊ ကင်းမြောက်ကျေးရွာအုပ်စု၊ ပင်လယ်နားကျေးရွာတွင် တည်ဆောက် ထားသော တရုတ်နိုင်ငံသားပိုင် ငါးမှုန့်ကြိတ်စက်ရုံအား ကျောက်မီးသွေးဖြင့် အသုံးပြု လည်ပတ်နေသဖြင့်  လွှတ်တော်ကိုယ်စားလှယ်များမှ ကန့်ကွက်ထားကြောင်းသိရသည်။...

မုံရွာ လဝက ကို SMS မှတစ်ဆင့် ပြည်သူများ ဝေဖန်ချက်ပေးနိုင်

မုံရွာမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လ.ဝ.က) ရုံးတွင် ပုံစံ ၁၀ နှင့် မှတ်ပုံတင်စသည့်တို့ကိုလာရောက်ပြုလုပ်သူများက ဖုန်းမှ SMS (စာတို) ပေးပို့ခြင်းဖြင့် ဝန်ထမ်းများ၏ ဆောင်ရွက်မှုကို ဝေဖန်ချက်ပေးနိုင်ကြောင်း စစ်ကိုင်းတိုင်း လ.ဝ.က ဦးစီးမှူး ဦးယဉ်ထွေးက ပြောကြားသည်...

ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်တွင် သီးခြားဆွေးနွေးပြောဆိုရန်မရှိဟု တပ်ကိုယ်စားလှယ်ပြော

ဖွဲ့စည်းပုံအခြေခံဥပဒေ ပူးပေါင်းကော်မတီအစီရင်ခံစာနဲ့ ပတ်သက်ပြီး တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့အနေနဲ့ ဆွေးနွေးဖို့မရှိသလို ဒီကိစ္စ သီးခြားပြောစရာမရှိဘူးလို့ ဗိုလ်မှူးချုပ်မောင်မောင်က ပြောပါတယ်။ ...

စက်မှုဌာနတာဝန် စီမံဘဏ္ဍာဝန်ကြီး တွဲကိုင်မည်

ရာထူးကနုတ်ထွက်သွားတဲ့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့ တာဝန်တွေကို စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းအနေနဲ့  ပူးတွဲထမ်းဆောင်စေဖို့ သမ္မတရုံးက ဇူလိုင် ၃၀ ရက်စွဲနဲ့ အမိန့် ထုတ်လိုက်ပါတယ်။...

အိန္ဒိယတွင် လွှတ်တော်အမတ်တစ်ဦးအား သက်သေဖျောက်ဖျက်ရန် လူသတ်မှုဖြင့် စုံစမ်းစစ်ဆေး

အိန္ဒိယတွင် အာဏာရပါတီမှ လွှတ်တော်အမတ်တစ်ဦးအား မုဒိမ်းမှုဖြင့် တရားစွဲထားသူ အမျိုးသမီးတစ်ဦး ကားတိုက်မှုဖြစ်ပွားခဲ့ပြီးနောက် အဆိုပါ အမတ်အား လူသတ်မှုဖြင့် ရဲက စုံစမ်းစစ်ဆေးနေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်...

Capital One ဘဏ် ဒေတာချိုးဖောက်ခံရမှု လူသန်း(၁၀၀)လောက် ထိခိုက်မှုဖြစ်

အမေရိကန်နဲ့ ကနေဒါမှာရရှိတဲ့ Capital One ဘဏ်မှ အသုံးပြုသူ သန်း(၁၀၀)ကျော်ရဲ့ကိုယ်ရေးအချက်အလက်တွေ အဖောက်ခံခဲ့ရပါတယ်...