မီတာခ တိုးမြှင့်ကောက်ခံမှုကို ရပ်ဆိုင်းပေးရန် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်အတွင်းရှိ လူအင်အား ၁၅၀ ခန့်က ဇူလိုင် ၂ ရက် (ယနေ့) နံနက် ၉ နာရီတွင် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
ထောက်ကြန့် လှော်ကား လမ်းဆုံမှ စတင်ကာ ထောက်ကြန့် လျှစ်စစ်မီတာရုံး အထိ လမ်းလျှောက် ဆန္ဒထုတ်ဖ်ာခဲ့ကြပြီး လမ်းတစ်လျှောက် “ပြည်သူ့ဆန္ဒမပါသော မီတာခ တိုးမြှင့်မှု (အလိုမရှိ...အလိုမရှိ)” ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
'' အခုချိန်မှာ ရှိနေတဲ့ ပြည်သူလူထု အောက်ခြေ လူတန်းစားတွေ လုပ်ခ လစာတွေကလည်း ပြီးပြည့်စုံမှု မရှိသေးဘူး။ ဒီ မီတာ တိုးကောက်မှုကို ရွေးကောက်ပွဲကာလ ၂၀၂၀ ထိကို ဆိုင်းငံ့ပေးစေချင်တယ် '' ဟု ရန်ကုန် အမျိုးသားရေး အင်အားစုအဖွဲ့မှ ဦးအောင်ကျော်ဦး က ပြောကြားသည်။
Eleven Media Group
0 comments:
Post a Comment