Friday, July 26, 2019

ကျောက်တံတားမြို့နယ်၊ ဗဟိုစာတိုက်ကြီး၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

No photo description available.

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟိုစာတိုက်ကြီး၊ ပြည်ပစာပို့လုပ်ငန်းဌာနသို့ ပေးပို့သော ပါဆယ်ထုပ်မှ ငွေကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ကျောက်တံတားမြို့နယ်၊ ဗဟိုစာတိုက်ကြီး၊ ပြည်ပစာပို့လုပ်ငန်းဌာနသို့ ပေးပို့သောလိပ်စာ Jay Den, Ring Hof 17, 5214 AD, Tilburg, Netherlands နှင့် လက်ခံလိပ်စာ Aung Thura, Orchid Condo, Ahlone Yangon, Myanmar ဖြင့် ရောက်ရှိလာသောပါဆယ်ထုပ်အား ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် အမျိုးသားတစ် ဦးက အောင်သူရ(ဘ)ဦးဖေသိန်း အမည်ပါ မှတ်ပုံတင်မိတ္ထူ ၁ ခုပြ၍ လာရောက်ထုတ်ယူစဉ် စာတိုက်တာဝန်ရှိသူက နိုင်ငံသားစိစစ်ရေး ကဒ်မိတ္တူကိုသာ ပြသနိုင်မှုအပေါ် မသင်္ကာ၍ ၎င်း၏ရှေ့၌ ပါဆယ်ထုပ်အား ဖွင့်ဖောက်စစ်ဆေးရန် ပြောကြားဆောင်ရွက်စဉ် လာရွေးသူမှာ ပါဆယ်ထုပ်နှင့် မှတ်ပုံတင်မိတ္တူအား ယူဆောင်ခြင်း မပြုတော့ဘဲ ပြန်လည် ထွက်ခွာသွားခဲ့သဖြင့် ဗဟိုစာတိုက်ကြီးမှ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သို့ ဆက်သွယ် အကြောင်းကြားခဲ့ ပြီး ပူးပေါင်းအဖွဲ့ဖြင့် ဖွင့်ဖောက်စစ်ဆေးခဲ့ရာ ပါဆယ်ထုပ်အတွင်းမှ ပလတ်စတစ်အိတ်များဖြင့် စနစ်တကျထုပ်ပိုးထား သည့် ကတ်တမင်း ၉၅ ဂရမ်၊ ကိုကင်း ၄၀ ဂရမ်၊ Ecstasy ဆေးပြား ၉၆ ပြား(စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း ၁၀၀ ကျော်)အား သိမ်းဆည်း ရမိခဲ့သဖြင့် ကျောက်တံတားမြို့မရဲစခန်းတွင် မူးယစ်(ပ)၉/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀(ခ)ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း လည်း ထုတ်ပြန်ချက်အရ သိရသည်။

The Ladies News

0 comments:

Post a Comment