ကရင်ပြည်နယ် ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်းကို နိုင်ငံတော်၏ ပညာရေးမူဝါဒ၊ ပေါ်လစီတို့နှင့် ကိုက်ညီအောင် ရေးဆွဲထားပြီး ပြည်ထောင်စုအစိုးရ၏အတည်ပြုချက်ရရှိပြီးပါက စတင်သင်ကြားနိုင် မည်ဖြစ်ကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
ကရင်ပြည်နယ် ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်းကို ပြည်ထောင်စုအစိုးရ၏ အတည်ပြုချက်ရယူနိုင်ရန်အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးနှင့် ဒေသသင်ရိုး အကောင်အထည်ဖော်ရေးဆွဲရေး အဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ ၂၄ ရက်နေ့၊ နံနက် ၁၀ နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါသင်ရိုးညွှန်းတမ်းကို တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု သမိုင်းအစဉ်အလာနှင့် ဒေသဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ဘာသာ စကားနှင့် စာပေတည်တံ့ဖွံ့ဖြိုးရေး၊ ဒေသ၏လူမှုစီးပွားတိုးတက်ရေး တို့တွင် လိုအပ်သည့် စိန်ခေါ်မှုများကို ဖြည့်ဆည်းပေးနိုင်သော လူသားအရင်းအမြစ်များ ပေါ်ထွန်းလာစေရေးအတွက် ကရင်ပြည် နယ်ရေး ရာ လေ့လာစရာသင်ခန်းစာများကို ပညာရှင်များဖြင့် ၂၀၁၈ ခုနှစ် သြဂုတ်လခန့်က စတင်ရေးဆွဲခဲ့ရာ ရိုးရာယဉ်ကျေးမှုအမွေ အနှစ်နှင့်သမိုင်းကြောင်းဆိုင်ရာကဏ္ဍကို (၁)ဖွဲ့၊ စီးပွားရေးအလုပ် အကိုင်အခွင့်အလမ်းနှင့် ဒေသပထ၀ီဝင်အကြောင်း အရာများကို(၁)ဖွဲ့ အဖွဲ့(၂)ဖွဲ့ခွဲ၍ ရေးဆွဲခဲ့ကြကြောင်း၊ ကရင်ပြည်နယ်၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ ကရင် ပြည်နယ်အတွင်းနေထိုင်ကြ သည့် တိုင်းရင်းသားလူမျိုးများ၏ တူရိယာပစ္စည်းများ၊ တေးကဗျာများ၊ နေအိမ်ပုံစံများ၊ ရိုးရာ အ၀တ်အစားနှင့်အသုံးအဆောင်ပစ္စည်းများ၊ ရိုးရာအစားအစာများ၊ သမိုင်းဝင်နေရာများ၊ မြစ်ချောင်း၊ တော၊ တောင်၊ ရေတံခွန်နှင့်ဂူဘုရားတို့၏အကြောင်းအရာများပါဝင်ကာ ကလေးငယ် များအနေဖြင့် မိမိတို့၏ သဘာဝပတ်ဝန်းကျင်နှင့် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုများကို ချစ်မြတ်နိုးထိန်းသိမ်းတက်စေရန် ရည်ရွယ်ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါသင်ရိုး ညွှန်းတမ်းကို သင်ကြားပေးရန် အခြေခံပညာကျောင်း များရှိ ဆရာ/မများကိုမူ သင်တန်းပေးရန်လိုအပ်နေသေးကြောင်း၊ Text book နှင့် teacher Guide ကိုပါ တစ်ပေါင်းတည်းရေးဆွဲထား သည့်အတွက် သင်ကြားရေးတွင် အခက်အခဲ ရှိနိုင်မည်မဟုတ်ကြောင်း၊ ကျောင်းတွင်ပုံမှန်သင်ကြားပေးနေသည့် ဆရာ/မများကသာ သင်ကြားပေးရမည်ဖြစ်ကြောင်း သိရသည်။
The Ladies News
0 comments:
Post a Comment