၂၀၀၃ ခုနှစ်ကတည်းက ရဲလက်ကလွတ်အောင် ရှောင်တိမ်းနေသူဖြစ်ပြီး အယ်ကိုင်းဒါးနဲ့ ဆက်စပ်တဲ့ Jemaah Islamiyah ကွန်ရက်ခေါင်းဆောင်လို့ ယုံကြည်ရသူကို ဖမ်းဆီးမိလိုက်တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့က မနေ့က ပြောကြားပါတယ်။
Para Wijayanto ကို ဂျကာတာမြို့ အစပ်နားမှာရှိတဲ့ Bekasi မြို့က ဟိုတယ်တစ်လုံးမှာ သူ့ဇနီးနဲ့အတူ အကြမ်းဖက်မှုတန်ပြန်ရေး ရဲတပ်ဖွဲ့က စနေနေ့က ဖမ်းဆီးရမိတာလို့ အမျိုးသား ရဲတပ်ဖွဲ့ပြောခွင့်ရသူက ပြောပါတယ်။
၂၀၀၂ ခုနှစ်တုန်းက ဘာလီမှာဖြစ်ပွားတဲ့ ပေါက်ကွဲမှုတွေနဲ့ ဂျကာတာမှာရှိတဲ့ သြစတြေးလျသံရုံး ၂၀၀၄ ခုက တိုက်ခိုက်ခံရမှု အပါအ၀င် ရန်ပြုတိုက်ခိုက်ဖို့ ဗုံးတွေလုပ်တဲ့နေရာမှာ ပါဝင် ပတ်သက်တယ်လို့ သူ့ကို သံသယရှိနေတာပါ။
အင်ဒိုနီးရှားနိုင်ငံက ဆူလာဝေစီကျွန်းဟာ စစ်သွေးကြွတွေ ထကြွတဲ့နေရာလို့ လူသိများပြီး ကျွန်းအလယ်ပိုင်းက Poso မှာ ဖြစ်ပွားတဲ့ ဘာသာရေးပဋိပက္ခမှုမှာလည်း သူက ပါဝင်ပတ်သက်သူလို့ ဆိုပါတယ်။
သူဟာ ၂၀၀၇ မှာ Jemaah Islamiyah ခေါင်းဆောင်ဖြစ်လာပါတယ်။
Photo: ASSOCIATED PRESS
RFA
0 comments:
Post a Comment