Monday, July 1, 2019

ဟောင်ကောင်လွှတ်တော်တွင်း ဆန္ဒပြသူတွေ ၀င်ရောက်


ဟောင်ကောင်က ရာနဲ့ချီတဲ့ဆန္ဒပြသူတွေဟာ လွှတ်တော်ပင်မအဆောက်အအုံထဲ မနေ့ညက စုပြုံတိုးဝင်ရောက်သွားပြီး လွှတ်တော်အမတ်ခေါင်းဆောင်တွေရဲ့ ရုပ်ပုံတွေကို ဆွဲချ ဆုတ်ပစ်ပါတယ်။ 
လွှတ်တော်ခန်းမ နံရံမှာလည်း ဒီမိုကရေစီရေး ဆောင်ပုဒ်တွေကို ဆေးဖြန်းရေးသားကြပါတယ်။ 
ဗြိတိသျှကိုလိုနီဖြစ်ခဲ့တဲ့ ဟောင်ကောင်ကို တရုတ်ပြည်မကြီးကိုပြန်လွှဲအပ်တဲ့ ရုံးပိတ်ရက်နေ့မှာ အရှိန်တက်လာတာဖြစ်ပြီး သီတင်းပတ်တွေချီ ဆန္ဒပြနေတဲ့လူတွေတောင်းဆိုတာကို ဟောင်ကောင်ခေါင်းဆောင်က ဘာမှ မတုံ့ပြန်တာကို လူတွေက မချင့်မရဲဖြစ်လို့ ကဖျက်ကယက်လုပ် မကျေနပ်တာကို ထင်ဟပ်ပြတာလို့ သတင်းက ဖော်ပြပါတယ်။ 
ည ၉ နာရီလောက်မှာ မှန်သားထူပြူတင်းပေါက်တွေကို ဆန္ဒပြသူတွေက တစစီခွဲပြီး သံမဏိဂိတ်တံခါးတွေကိုလည်း ကလော်ဖွင့်တဲ့အပြင် ပိတ်ဆို့ချထားတဲ့ အကာအရံတွေနဲ့ တွန်းဖွင့်ပြီး အဆောက်အဦထဲ ဝင်သွားကြပါတယ်။ 
ဆန္ဒပြတဲ့လူတွေပြန်သွားဖို့နဲ့ အတင်းအကျပ်ဖြစ်လာရင် သင့်လျော်သလို အင်အားသုံးရမယ်လို့ ရဲက ည ၁၀ နာရီခွဲလောက်မှာ ကြေညာပါတယ်။ 

Photo: VIVEK PRAKASH / AFP 
(ဟောင်ကောင်လွှတ်တော်အတွင်းမှာ ဆန္ဒပြကြစဉ်)
RFA

0 comments:

Post a Comment