ဗစ်တိုးရီးယား အမှု အမှန်တရားပေါ်ပေါက်ရေး ဆန္ဒထုတ်ဖော်သည့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များကို တိုင်းအစိုးရ ညွှန်းကြားချက်ဖြင့် တက္ကသိုလ်ကျောင်းစည်းကမ်းထိန်းသိမ်းရေးက ခံဝန်လက်မှတ်ထိုးခိုင်းခဲ့ရာ လက်မှတ် မထိုးနိုင်ကြောင်းကို ပခုက္ကူတက္ကသိုလ်ကျောင်းသားသမဂ္ဂက သဘောထားကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။
ဆန္ဒထုတ်ဖော်ခဲ့တဲ့ အတွက်ကြောင့် ထိုအတွက်ကြောင့် ဦဆောင်ခဲ့သော ပခုက္ကူ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက အမှုဆောင်နဲ့ အဖွဲ့ဝင်များကို ကျောင်းစည်းကမ်းထိမ်းသိမ်းရေးက ဇူလိုင် ၂၅ရက် နေလယ် ၂ နာရီမှာ လေးထပ်ဆောင် အစည်းအဝေးခန်းမခေါ်ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားချက်နဲ့ ခံဝန်ဂတိလက်မှတ် ရေးထိုးဖို့ ပြောပါတယ်။ ဝန်ခံကတိ မရေးထိုးရင် အာဏပိုင်များက အရေးယူသွားမယ်လို့လည်း ပြောပါတယ်။ ဒီကိစ္စနဲ့ပက်သက်လို့ ကျွန်တော်တို့ အနေနဲ့ ဝန်ခံကတိ မရေးထိုးနိုင်ဘဲ ပြတ်သားစွာ ငြင်းဆန်ပြီး ကြေငြာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်” ဟု ပခုက္ကူတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုသက်မောင်မောင်က ပြောသည်။
ပခုက္ကူ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ဦးဆောင်ကာ ဇူလိုင်လ ၁၂ ရက်နေ့က Victoria ဖြစ်စဉ်နှင့် ပတ်သက်၍ အမှု မှန်ပေါ်ပေါက်ရန်နှင့် သက်ငယ် မုဒိန်းမှု ပပျောက်စေရေး အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
နေလင်းဖြူ
0 comments:
Post a Comment