သင်္ဃန်းကျွန်းမြို့နယ် NLD ရုံးအနီး လက်ပစ်ဗုံးတွေ့ရှိမှုနှင့် ပတ်သက်၍ ကျူးလွန်သူကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းလျက်ရှိကြောင်း သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ သိရသည်။
"ပြစ်မှုကျူးလွန်သူကိုတော့ မဖမ်းမိသေးဘူး။ ဖမ်းဆီးရမိဖို့အတွက် စုံစမ်းဆောင်ရွက်နေတုန်းပဲ ရှိသေးတယ်" ဟု သင်္ဃန်ကျွန်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စနစ်တံမဖြုတ်ရသေးသည့် လက်ပစ်ဗုံးတစ်လုံးကို ဇူလိုင် ၂၄ရက် နံနက် ၆ နာရီခန့်က သန့်ရှင်းရေး ဝန်ထမ်းတစ်ဦးက တွေ့ရှိခဲ့၍ သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ အနီးရှိ CCTV မှတ်တမ်းများအား လိုက်လံစစ်ဆေးလျက်ရှိပြီး လက်ရှိအချိန်ထိ လက်ပစ်ဗုံး ရောက်ထားသူကို ဖမ်းဆီးရမိမှု မရှိသေးကြောင်း သိရသည်။
နေခြံရံ
0 comments:
Post a Comment