တိုင်ကြားမှုကိုင်တွယ်ဖြေရှင်းရေးယန္တရားဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တွင် အပြည်ပြည်ဆိုင်ရာစံနှုန်းများနှင့် ညီညွတ်စေရန် ပြုပြင်ပြောင်းလဲရေးလိုအပ်ချက်များကိုဆွေးနွေးခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရသိရသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့နှင့် နယူးဇီလန်နိုင်ငံသံရုံး၊ Ombudsman Office တို့ပူးပေါင်း၍ တိုင်ကြားမှု ကိုင်တွယ်ဖြေရှင်းရေးယန္တရားဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကိုဇူလိုင် ၁ ရက်က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ကော်မရှင်သို့ရောက် ရှိလာသော တိုင်ကြားစာများကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ စီမံခန့်ခွဲ၍ ကိုင်တွယ် ဆောင်ရွက်နေပုံ အဆင့်ဆင့်ကို လည်းကောင်း၊ မိမိတို့၏ တိုင်ကြားမှု ကိုင်တွယ်ဖြေရှင်းရေး ယန္တရားကို ပိုမိုထိရောက် လျင်မြန်သွက်လက်စေ ရန်၊ တိုင်ကြားသူများအတွက်လည်း အဆင် ပြေချော မွေ့စေသည့် အပြင် တုံ့ပြန်ဖြေကြားမှု ပိုမိုကောင်းမွန်စေရန် နည်းလမ်း ရှာဖွေကြိုးပမ်း ဆောင်ရွက်လျက် ရှိပုံများ ကိုလည်းကောင်း ရှင်းလင်းပြောကြား ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော် တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီမှဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးတို့မှ အဆင့်မြင့်အရာရှိများ တက်ရောက်ကြပြီး တိုင်ကြားမှုကိုင်တွယ် ဖြေရှင်းရေး ယန္တရားနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာစံနှုန်းများနှင့် ညီညွတ်စေရန် ပြုပြင်ပြောင်းလဲရေး လိုအပ်ချက်များကိုဆွေးနွေးခဲ့ကြကြောင်းပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
The Ladies News
0 comments:
Post a Comment