Friday, November 1, 2019

ရခိုင်ပြည်နယ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများက သာသနိကအဆောက်အဦများအား အကာအကွယ်ရယူ၍ တပ်မတော် စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်

No photo description available.

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်မတော် စစ်ကြောင်းများကို အောက်တိုဘာ ၂၈ ရက်နံနက်ပိုင်းတွင် AA အကြမ်းဖက် သောင်းကျန်းသူများက စေတီတောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်းမှ သာသနိကအဆောက်အဦများကို အကာအကွယ်ရ ယူ၍ ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့သည်။

ဖြစ်စဉ်မှာ တပ်မတော်စစ်ကြောင်းများက ဘူးသီးတောင်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိစဉ် ဖုန်ညိုလိပ်ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၇၀၀၀ ခန့်အကွာရှိ အောင်သာချောင်း သံဘောင်ဘေလီ တံတားအနီးအရောက်တွင် AA အကြမ်းဖက် သောင်းကျန်းသူများက ရီမုမိုင်း ၂ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော်စစ်ကြောင်းများက ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သောင်းကျန်းသူများသည် စေတီတောင်ရွာဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ သောင်းကျန်းသူများဆုတ်ခွာရာသို့ ထပ်ကြပ်လိုက်လံရှင်းလင်းစဉ် စေတီတောင်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းအတွင်း သာသနိကအဆောက်အဦများအား အကာအကွယ်ရယူ၍ တပ်မတော်စစ်ကြောင်းများကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကျေးရွာ၏ တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။
AA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် အရပ်ဝတ်များဝတ်ဆင်၍ ဒေသခံ ပြည်သူများနှင့် ရောနှောခြင်း၊ လူသားတံတိုင်းသဖွယ် အကာအကွယ်ရယူခြင်းများ ပြုလုပ်ကာ တပ်မတော်စစ်ကြောင်းများကို ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ယခုကဲ့သို့ သာသနိကအဆောက်အဦများကိုပါ အကာအကွယ် ရယူ၍ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သတင်းရရှိသည်။
<zawgyi>
ရခိုင်ပြည်နယ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများက သာသနိကအဆောက်အဦများအား အကာအကွယ်ရယူ၍ တပ်မတော် စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်
Friday , November 1 , 2019

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်မတော် စစ်ကြောင်းများကို အောက်တိုဘာ ၂၈ ရက်နံနက်ပိုင်းတွင် AA အကြမ်းဖက် သောင်းကျန်းသူများက စေတီတောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်းမှ သာသနိကအဆောက်အဦများကို အကာအကွယ်ရ ယူ၍ ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့သည်။
ဖြစ်စဉ်မှာ တပ်မတော်စစ်ကြောင်းများက ဘူးသီးတောင်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိစဉ် ဖုန်ညိုလိပ်ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၇၀၀၀ ခန့်အကွာရှိ အောင်သာချောင်း သံဘောင်ဘေလီ တံတားအနီးအရောက်တွင် AA အကြမ်းဖက် သောင်းကျန်းသူများက ရီမုမိုင်း ၂ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော်စစ်ကြောင်းများက ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သောင်းကျန်းသူများသည် စေတီတောင်ရွာဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ သောင်းကျန်းသူများဆုတ်ခွာရာသို့ ထပ်ကြပ်လိုက်လံရှင်းလင်းစဉ် စေတီတောင်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းအတွင်း သာသနိကအဆောက်အဦများအား အကာအကွယ်ရယူ၍ တပ်မတော်စစ်ကြောင်းများကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကျေးရွာ၏ တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။
AA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် အရပ်ဝတ်များဝတ်ဆင်၍ ဒေသခံ ပြည်သူများနှင့် ရောနှောခြင်း၊ လူသားတံတိုင်းသဖွယ် အကာအကွယ်ရယူခြင်းများ ပြုလုပ်ကာ တပ်မတော်စစ်ကြောင်းများကို ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ယခုကဲ့သို့ သာသနိကအဆောက်အဦများကိုပါ အကာအကွယ် ရယူ၍ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment