ပြည်မြို့၊ ပြည်သာယာရပ်ကွက်၊ နဝင်းတာရိုးဘေး အောက်ခြေ အောက်တိုဘာလ (၂၅) ရက်နေ့ နံနက် (၆)နာရီအချိန်ခန့်တွင်အမျိုး သမီး(၁)ဦးသေဆုံးနေကြောင်း သတင်းအရ ပြည်မြို့ အမှတ် (၃)နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ နဝင်းတာရိုးဘေး အောက်ခြေတွင် အမျိုးသမီးအလောင်း တစ်လောင်းအား ဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသမီး အလောင်းအား စစ်ဆေး တွေ့ရှိခဲ့ရသဖြင့် ပြည်မြို့နယ်၊ အမှတ်(၃) နယ်မြေ ရဲစခန်း (ပ) ၁၀၁၁/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ အမှုဖွင့်ဆောင်ရွက်ခဲ့ပါသည်။
အမှုနှင့် ပတ်သက်၍ တရားခံ ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ချက်နှင့်အညီ အထူးအမှုစစ်အဖွဲ့များ ဖွဲ့စည်းပြီး စုံစမ်းဆောင်ရွက်ခဲ့ရာ သေဆုံးသူမှာ ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ တဲများတွင်နေထိုင်သော မ--- (၃၅)နှစ်ခန့် ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။ ထို့နောက် သေဆုံးသူသွားလေ့ရှိသည့် နေရာများသို့ လိုက်လံ စုံစမ်းခဲ့ရာ CCTV နှင့် သက်သေများ၏ ထွက်ဆိုချက်အရ ၂၅-၁၀-၂၀၁၉ ရက်နေ့ နံနက် (၁)နာရီအချိန်ခန့်တွင် အမျိုးသား တစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်(၁)စီးပေါ် လိုက်ပါသွားကြောင်း စစ်ဆေးသိရှိရသဖြင့် မသင်္ကာ တရားခံ၏ ပုံသဏ္ဍာန် အား ခဲပန်းချီရေးဆွဲ၍ ရဲတပ်ဖွဲ့ဝင်များသည် ခဲပန်းချီအား မိတ္တူ ဆွဲ၍ ဖြန့်ဝေ စုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ ၃၁-၁၀-၂၀၁၉ ရက်နေ့ ည (၁၀)နာရီခွဲ အချိန်ခန့်တွင် ပြည်မြို့၊ ပြည်သာယာမြို့သစ်(၃)လမ်းထိပ်ရှိ မြို့ပတ်လမ်းပေါ်တွင် ခဲပန်းချီပုံရေးထားသည့် မသင်္ကာသူနှင့် ပုံသဏ္ဍာန် တူညီနေသည့် လူ(၁)ဦးအား တွေ့ရှိရသောကြောင် လူမြင်လျှင် မှတ်မိဟု အစစ်ခံထွက်ဆိုထားသည့် သက်သေအား ခေါ်ဆောင်ပြသခဲ့ရာ ဟုတ်မှန်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
အမှုမှ မသင်္ကာသူအား ဆက်လက်စောင့်ကြည့်စုံစမ်းခဲ့ရာ မသင်္ကာသူမှာ ဝါးကျစ်(ခ) ညိုလင်း (ခ)ရန်နိုင်၊ (၂၆) နှစ်၊ "ပိုက်မျိုးစုံရောင်းဝယ်ရေးဆိုင်" ဂိုဒေါင်ညစောင့်၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့နေသူဖြစ်ပြီး ၎င်းသည် အဆိုပါဂိုဒေါင်အတွင်းရှိ အစောင့်တဲတွင် တစ်ဦးတည်းနေထိုင်သူဖြစ်ကြောင်း စုံစမ်းသိရှိရ ပါသည်။ ထိုသို့ စုံစမ်းသိရှိရသဖြင့် အထူးအမှုစစ်အဖွဲ့သည် မသင်္ကာတရားခံနေထိုင်ရာ ဂိုဒေါင်ဝန်းအတွင်းရှိ အစောင့်တဲအား သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေစီးနင်းရာ မသင်္ကာတရားခံ ဝါးကျစ်(ခ)ညိုလင်း (ခ)ရန်နိုင်အား အသင့်တွေ့ရှိရပြီး ၎င်းနေထိုင်သည့်အစောင့်တဲအတွင်း စစ်ဆေးခဲ့ရာ တဲကြမ်းခင်း ပျဉ်ချပ် များပေါ် တွင် သွေးစွန်းသွေးကွက်များတွေ့ရှိ၍ အမှုဖြင့် စစ်ဆေးနိုင်ရေး ၁-၁၁-၂၀၁၉ ရက်နေ့ ၀၁၄၅ အချိန် အမှုဖြင့် ဖမ်းဆီးစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ တရားခံအား အမှုဖြင့် အသေးစိတ်စစ်ဆေးခဲ့ရာ အခင်း ဖြစ်စဉ်က သေဆုံးသူ အမျိုးသမီး နှင့် ၎င်းတို့သည် ၎င်းညစောင့် အဖြစ်နေထိုင်သည့် ဂိုဒေါင်ဝန်းအတွင်းရှိ ညစောင့်တဲသို့ ရောက်ရှိစဉ် ငွေကြေးစကားပြောဆိုရာမှ အချင်းများ၍ ဒေါသအလျှောက် တုတ်ဖြင့် ရိုက်နှက် ခဲ့ရာမှ လက်လွန်သွားသဖြင့် သေဆုံးသူ အလောင်းအား စောင်ဖြင့် ပတ်၍ ဆိုင်ကယ်ဖြင့်တင်ဆောင်ပြီး နဝင်းတာရိုးအောက်ခြေဘေးတွင် စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း အစစ်ခံထွက်ဆိုခဲ့ပါသည်။ သို့ဖြစ်၍ အမှုမှ တရားခံ ဝါးကျစ်(ခ)ညိုလင်း(ခ)ရန်နိုင်အား ဥပဒေနှင့်အညီ အမြန်တရားစွဲတင်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည် ။
<zawgyi>
ပြည်မြို့၊ ပြည်သာယာရပ်ကွက်၊ နဝင်းတာရိုးဘေး အောက်ခြေတွင် လူသတ်မှုကျူးလွန်ပြီး အလောင်းစွန့်ပစ်ခဲ့သူအား ဖမ်းဆီးရမိ
Saturday , November 2 , 2019

0 comments:
Post a Comment