ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်၊ လွယ်ကျောက်ကျေးရွာ၊ လွယ်ကျောက် စေတီတောင် ဘုန်းကြီး ကျောင်းအား အောက်တို ဘာလ ၂၈ ရက် ညနေပိုင်းတွင် တပ်မတော်မှဝင်ရောက်၍ အဆိုပါ ဘုန်းကြီးကျောင်းရှိ ဆရာတော် ဦးဝဏ္ဏိတအား ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းအား သတင်းမီဒီယာအချို့မှ အောက်တို ဘာလ ၃၁ ရက်နေ့မှစတင်၍ တစ်ဖက်သတ်ဖော်ပြချက်သတင်းများ ထုတ်လွှင့်ခဲ့သည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များသည် အဆိုပါ ဘုန်းကြီးကျောင်းအတွင်း၌ TNLA အကြမ်းဖက်သောင်းကျန်းသူများ ကွတ်ခိုင်မြို့အား နှောင့်ယှက်ပစ်ခတ်ရန် အတွက် လက်နက်/ခဲယမ်းများ သို၀ှက်ထားကြောင်း သတင်းအရ အောက်တိုဘာ ၂၈ ရက် ညနေပိုင်းတွင် တာဝန်ရှိသူများနှင့် အတူ ဝင်ရောက်စစ်ဆေးရာ ဆရာတော် ဦးဝဏ္ဏိတ အား တွေ့ရှိရပြီး ကျောင်းဝန်း အတွင်းမှ TNLA ဘက်တံဆိပ်ပါ ယူနီဖောင်းများ၊ လမ်းလျှောက်စကားပြောစက်နှင့် ၎င်းဆရာတော်၏ အိပ်ခန်းအတွင်းမှ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအပြင် သံဃာဝတ် နည်းတော်နှင့်မညီစွာ အမျိုးသမီးများနှင့် ယှဉ်တွဲရိုက်ကူးထားသည့် ဓာတ်ပုံများ၊ အရပ်ဝတ်ဖြင့် အမျိုးသမီးများနှင့် ယှဉ်တွဲရိုက်ကူးထားသည့် ဓာတ်ပုံများ၊ ပြောက်ကျားယူနီဖောင်းဝတ်ဆင်၍ ရိုက်ထားသည့် ဓာတ်ပုံများ၊ ဆံပင်တုများနှင့် ညစ်ညမ်းစီဒီခွေများအား တွေ့ရှိရသဖြင့် လုံခြုံရေးအရ စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ စစ်ဆေးစဉ် ဦးဝဏ္ဏိတ သည် မူးယစ်ဆေးဝါးသုံးစွဲပြီး ဆေးအရှိန် တက်သည့်ပုံစံဖြစ်နေသဖြင့် မျက်နှာသစ်ခြင်း၊ မျက်နှာအား ရေလောင်းခြင်းများ ပြုစေပြီးမှ စစ်ဆေးခဲ့ရသည်။ စစ်ဆေးနေချိန်၌လည်း စစ်ဆေးသူများအား ခြိမ်းခြောက်ပြောဆိုခြင်း၊ ဟိန်းဟောက်ပြောဆိုခြင်းများ ပြုလုပ်ခဲ့သဖြင့် စစ်ဆေးသည့် တာဝန်ရှိသူများနှင့် အချင်းများခဲ့ရသည်။ ဦးဝဏ္ဏိတ အား စစ်ဆေးခဲ့ပြီးနောက် တပ်မတော်မှ တာဝန်ရှိသူများသည် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ၎င်းထံမှ ရရှိသော သံဃာတော်နှင့် မအပ်စပ်သောပစ္စည်းများ၊ ဝိနည်းနှင့် မညီသော သက်သေပစ္စည်းများ ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ကွတ်ခိုင် မြို့နယ် သံဃနာယက ဥက္ကဌဆရာတော် ဘဒ္ဒန္တသုနန္ဒ ထံသို့ သွားရောက်လျှောက်တင်ပြသခဲ့ရာ ဆရာတော်မှ အလားတူဖြစ်စဉ်မျိုး ဖြစ်ပွားလာပါက သာသနာညိုးနွမ်းစေမှုဖြင့် တရားစွဲဆိုမည်ဟု ပြန်လည်မိန့်ကြားခဲ့ပြီး တပ်မတော်ဘက် ကိုလည်း ၎င်းကိစ္စမျိုး ဖြစ်ပွားလာပါက သက်ဆိုင်ရာ သံဃအဖွဲ့အစည်းထံ ဦးစွာတိုင်ကြားရန်နှင့် ကိုယ်ထိ လက်ရောက်ဆောင်ရွက်ခြင်းများမပြုရန် မိန့်ဆိုခဲ့သည်။
ထို့အပြင် ဦးဝဏ္ဏိတ ထံမှရရှိသော သံဃာတော်နှင့် မအပ်စပ်သောပစ္စည်းများ၊ အကြမ်းဖက်သောင်းကျန်းသူ များနှင့် ဆက်စပ်မှုရှိနိုင်သော ပစ္စည်းများ၊ မှတ်တမ်း ဓာတ်ပုံများအား ကွတ်ခိုင်မြို့၊ ပလောင်ယဉ်ကျေးမှုအဖွဲ့အားလည်း ခေါ်ယူပြသအသိပေးခဲ့သည်။
တပ်မတော်အနေဖြင့် ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ လိုအပ်သည့်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး စစ်စည်းကမ်းဆိုင်ရာ လိုက်နာမှုအားနည်းခြင်းများ တွေ့ရှိရပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ကထုတ်ပြန်ချက်အရ သိရသည်။
Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ကွတ်ခိုင်မြို့နယ်၊ လွယ်ကျောက်စေတီတောင်ဘုန်းကြီးကျောင်း ဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းမှန်ထုတ်ပြန်
နေပြည်တော်၊ နိုဝင်ဘာ - ၀၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကွတ်ခိုင်မြို့နယ်၊ လွယ်ကျောက်ကျေးရွာ၊ လွယ်ကျောက် စေတီတောင် ဘုန်းကြီး ကျောင်းအား အောက်တိုဘာလ ၂၈ ရက် ညနေပိုင်းတွင် တပ်မတော်မှဝင်ရောက်၍ အဆိုပါ ဘုန်းကြီးကျောင်းရှိ ဆရာတော် ဦးဝဏ္ဏိတအား ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းအား သတင်းမီဒီယာအချို့မှ အောက်တို ဘာလ ၃၁ ရက်နေ့မှစတင်၍ တစ်ဖက်သတ်ဖော်ပြချက်သတင်းများ ထုတ်လွှင့်ခဲ့သည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များသည် အဆိုပါ ဘုန်းကြီးကျောင်းအတွင်း၌ TNLA အကြမ်းဖက်သောင်းကျန်းသူများ ကွတ်ခိုင်မြို့အား နှောင့်ယှက်ပစ်ခတ်ရန် အတွက် လက်နက်/ခဲယမ်းများ သိုဝှက် ထားကြောင်း သတင်းအရ အောက်တိုဘာ ၂၈ ရက် ညနေပိုင်းတွင် တာဝန်ရှိသူများနှင့် အတူ ဝင်ရောက်စစ်ဆေးရာ ဆရာတော် ဦးဝဏ္ဏိတ အား တွေ့ရှိရပြီး ကျောင်းဝန်း အတွင်းမှ TNLA ဘက်တံဆိပ်ပါ ယူနီဖောင်းများ၊ လမ်းလျှောက်စကားပြောစက်နှင့် ၎င်းဆရာတော်၏ အိပ်ခန်းအတွင်းမှ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအပြင် သံဃာဝတ် နည်းတော်နှင့်မညီစွာ အမျိုးသမီးများနှင့် ယှဉ်တွဲရိုက်ကူးထားသည့် ဓာတ်ပုံများ၊ အရပ်ဝတ်ဖြင့် အမျိုးသမီးများနှင့် ယှဉ်တွဲရိုက်ကူးထားသည့် ဓာတ်ပုံများ၊ ပြောက်ကျားယူနီဖောင်းဝတ်ဆင်၍ ရိုက်ထားသည့် ဓာတ်ပုံများ၊ ဆံပင်တုများနှင့် ညစ်ညမ်းစီဒီခွေများအား တွေ့ရှိရသဖြင့် လုံခြုံရေးအရ စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ စစ်ဆေးစဉ် ဦးဝဏ္ဏိတ သည် မူးယစ်ဆေးဝါးသုံးစွဲပြီး ဆေးအရှိန် တက်သည့်ပုံစံဖြစ်နေသဖြင့် မျက်နှာသစ်ခြင်း၊ မျက်နှာအား ရေလောင်းခြင်းများ ပြုစေပြီးမှ စစ်ဆေးခဲ့ရသည်။ စစ်ဆေးနေချိန်၌လည်း စစ်ဆေးသူများအား ခြိမ်းခြောက်ပြောဆိုခြင်း၊ ဟိန်းဟောက်ပြောဆိုခြင်းများ ပြုလုပ်ခဲ့သဖြင့် စစ်ဆေးသည့် တာဝန်ရှိသူများနှင့် အချင်းများခဲ့ရသည်။ ဦးဝဏ္ဏိတ အား စစ်ဆေးခဲ့ပြီးနောက် တပ်မတော်မှ တာဝန်ရှိ သူများသည် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ၎င်းထံမှ ရရှိသော သံဃာတော်နှင့် မအပ်စပ်သောပစ္စည်းများ၊ ဝိနည်းနှင့် မညီသော သက်သေပစ္စည်းများ ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ကွတ်ခိုင် မြို့နယ် သံဃနာယက ဥက္ကဌဆရာတော် ဘဒ္ဒန္တသုနန္ဒ ထံသို့ သွားရောက်လျှောက်တင်ပြသခဲ့ရာ ဆရာတော်မှ အလားတူဖြစ်စဉ်မျိုး ဖြစ်ပွားလာပါက သာသနာညိုးနွမ်းစေမှုဖြင့် တရားစွဲဆိုမည်ဟု ပြန်လည်မိန့်ကြားခဲ့ပြီး တပ်မတော်ဘက် ကိုလည်း ၎င်းကိစ္စမျိုး ဖြစ်ပွားလာပါက သက်ဆိုင်ရာ သံဃအဖွဲ့အစည်းထံ ဦးစွာတိုင်ကြားရန်နှင့် ကိုယ်ထိ လက်ရောက်ဆောင်ရွက်ခြင်းများမပြုရန် မိန့်ဆိုခဲ့သည်။
ထို့အပြင် ဦးဝဏ္ဏိတ ထံမှရရှိသော သံဃာတော်နှင့် မအပ်စပ်သောပစ္စည်းများ၊ အကြမ်းဖက်သောင်းကျန်းသူ များနှင့် ဆက်စပ်မှုရှိနိုင်သော ပစ္စည်းများ၊ မှတ်တမ်း ဓာတ်ပုံများအား ကွတ်ခိုင်မြို့၊ ပလောင်ယဉ်ကျေး မှုအဖွဲ့အားလည်း ခေါ်ယူပြသအသိပေးခဲ့သည်။
တပ်မတော်အနေဖြင့် ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ လိုအပ်သည့်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး စစ်စည်းကမ်းဆိုင်ရာ လိုက်နာမှုအားနည်းခြင်းများ တွေ့ရှိရပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
0 comments:
Post a Comment