Friday, November 1, 2019

ပထမဆုံးသနပ်ခါးညီလာခံကို မုံရွာမြို့၌ သုံးရက်ကြာ ကျင်းပမည်ဖြစ်ပြီး တက်ရောက်လာသူများအား သနပ်ခါးဖြင့် မျက်နှာပေါင်းတင်ပေးသွားမည်

No photo description available.

မြန်မာနိုင်ငံ၏ ပထမဆုံး မြန်မာ့သနပ်ခါးညီလာခံကို မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံ သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းတို့ ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့ မြို့တော်ခန်းမ၌ နိုဝင်ဘာ ၇ရက် မှ ၉ ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

၎င်း သနပ်ခါးညီလာခံတွင် သနပ်ခါးထုတ်ကုန်များနှင့် ဈေးရောင်းပွဲတော်ကိုလည်း ထည့်သွင်းကျင်းပရန်စီစဉ်ထားပြီး မြန်မာ့ရိုးရာ သနပ်ခါးယဉ်ကျေးမှုဓလေ့များ မပပျောက်စေရန်နှင့်သနပ်ခါး လုပ်ငန်းရှင်များ ဈေးကွက်ခိုင်မာ ရေရှည်ရပ်တည်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ""ပြည်တွင်းပြည်ပက တင်သွင်းနေတဲ့ သနပ်ခါးအမည်ခံအလှကုန်တွေအကြောင်းသိဖို့နဲ့ ဟန့်တားချင်တာပါ။ သနပ်ခါးနဲ့ပတ်သက်တဲ့ စာတမ်းတွေဖတ်မယ်။ သနပ်ခါးကို ဆေးဝါးအတွက်ပါ အသုံးဝင်တယ်ဆိုတာ ပြည်သူတွေကို မိတ်ဆက်မယ်။ ကုမ္ပဏီတွေက ပရိုမိုးရှင်းပွဲတွေပါမယ်""ဟု မြန်မာ့ သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦး ကျော်မိုးက ပြောကြားခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးရှိ ယင်းမာပင်၊ ပုလဲ၊ ကနီ၊ မုံရွာ၊ မြင်း မူ၊ ဘုတလင်၊ ကန့်ဘလူနှင့်အရာ တော်မြို့တို့၌ သနပ်ခါးစိုက်ဧက နှစ်သိန်းခွဲနီးပါး စိုက်ပျိုးထားပြီး မြန်မာနိုင်ငံတွင် သနပ်ခါးအများဆုံး စိုက်ပျိုးသော တိုင်းဒေသကြီးတစ် ခုဖြစ်ကြောင်း သိရှိရသည်။
မြန်မာသနပ်ခါးဖြင့် မျက်နှာပေါင်းတင်၊ အလှကုန်ထုတ်နည်း ပညာတို့ကိုလည်း သင်တန်းပေးသွားမည်ဖြစ်ပြီး တက်ရောက်လာသူများကို သနပ်ခါးဖြင့် မျက်နှာပေါင်းတင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
<<zawgyi>>
ပထမဆုံးသနပ်ခါးညီလာခံကို မုံရွာမြို့၌ သုံးရက်ကြာ ကျင်းပမည်ဖြစ်ပြီး တက်ရောက်လာသူများအား သနပ်ခါးဖြင့် မျက်နှာပေါင်းတင်ပေးသွားမည်
Saturday , November 2 , 2019

မြန်မာနိုင်ငံ၏ ပထမဆုံး မြန်မာ့သနပ်ခါးညီလာခံကို မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံ သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းတို့ ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့ မြို့တော်ခန်းမ၌ နိုဝင်ဘာ ၇ရက် မှ ၉ ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
၎င်း သနပ်ခါးညီလာခံတွင် သနပ်ခါးထုတ်ကုန်များနှင့် ဈေးရောင်းပွဲတော်ကိုလည်း ထည့်သွင်းကျင်းပရန်စီစဉ်ထားပြီး မြန်မာ့ရိုးရာ သနပ်ခါးယဉ်ကျေးမှုဓလေ့များ မပပျောက်စေရန်နှင့်သနပ်ခါး လုပ်ငန်းရှင်များ ဈေးကွက်ခိုင်မာ ရေရှည်ရပ်တည်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ""ပြည်တွင်းပြည်ပက တင်သွင်းနေတဲ့ သနပ်ခါးအမည်ခံအလှကုန်တွေအကြောင်းသိဖို့နဲ့ ဟန့်တားချင်တာပါ။ သနပ်ခါးနဲ့ပတ်သက်တဲ့ စာတမ်းတွေဖတ်မယ်။ သနပ်ခါးကို ဆေးဝါးအတွက်ပါ အသုံးဝင်တယ်ဆိုတာ ပြည်သူတွေကို မိတ်ဆက်မယ်။ ကုမ္ပဏီတွေက ပရိုမိုးရှင်းပွဲတွေပါမယ်""ဟု မြန်မာ့ သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦး ကျော်မိုးက ပြောကြားခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးရှိ ယင်းမာပင်၊ ပုလဲ၊ ကနီ၊ မုံရွာ၊ မြင်း မူ၊ ဘုတလင်၊ ကန့်ဘလူနှင့်အရာ တော်မြို့တို့၌ သနပ်ခါးစိုက်ဧက နှစ်သိန်းခွဲနီးပါး စိုက်ပျိုးထားပြီး မြန်မာနိုင်ငံတွင် သနပ်ခါးအများဆုံး စိုက်ပျိုးသော တိုင်းဒေသကြီးတစ် ခုဖြစ်ကြောင်း သိရှိရသည်။
မြန်မာသနပ်ခါးဖြင့် မျက်နှာပေါင်းတင်၊ အလှကုန်ထုတ်နည်း ပညာတို့ကိုလည်း သင်တန်းပေးသွားမည်ဖြစ်ပြီး တက်ရောက်လာသူများကို သနပ်ခါးဖြင့် မျက်နှာပေါင်းတင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment