ရုပ်ရှင်မင်းသမီး ခင်သဇင်ဟာ ကျောက်ကပ်ရောဂါဝေဒနာ အပြင်းအထန်ခံစားနေရတဲ့ ဟာသသရုပ်ဆောင် ကစ်ကစ် အတွက် ဆေးဖိုးဝါးခများအား ရောဂါစတင်ပြင်းထန်လာချိန်မှစ၍ အကူအညီပေးလာတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်.....
တနေ့က အလုပ်တစ်ခုက အပြန် မကစ်အိမ် ဝင်တွေ့ အ ခြေအနေ ကြည့်ခဲ့သေးတယ်စိတ်ညစ်ခဲ့ ရတယ်....
တစ်လကို ထာဝရ အလှူငွေ ၁၁ သိန်း လစဉ် ပုံမှန် ဝင်ငွေ ရနေအောင် မကစ်ကို စီစဉ်ပေးခဲ့တာ နောက်လဆို တစ်နှစ် တင်းတင်း ပြည့်ပြီ....ခက်တာက အဲဒီ ၁၁ သိန်းနဲ့ သူ လောက်ဌ မနေဘူး အဲဒီ တစ်လကို ၁၁ သိန်း ဆိုတာ ကိုယ်တိုင် သေချာ အိမ်ဌားခ က အစဘေးနားက ကူတဲ့သူအ တွက်လစာကအစ..အိမ်စားရိတ်ထမင်းဖိုးကအစ သေချာ တွက်ချက်ပြီရ အလှူခံပေးခဲ့တာ အခု တစ်လ တစ်လ စားစရာတောင် မကျန်အောင် ဖြစ်နေပြီ....
လစဉ် ကိုယ့် အိတ်ထဲက ချေးဌားပေးပေမယ့် ဘယ်လိုမှ လောက်မနေဘူး ကိုယ်တိုင်လည်း မကစ်ကို တစ်လ တစ်သိန်းနဲ့ ပုံမှန်လှူခဲ့တာ တစ်နှစ် တင်းတင်း ပြည့်ပါပြီ..ကိုယ်လည်း မိန်းမ တစ်ယောက်တည်း ရုန်းကန်ရှာဖွေ နေရတာ ဖြစ်တဲ့ အတွက်..သူ ဆေးကုဖို့ စားရိတ်မကျန်တော့ လို့ငိုပြီး ဖုန်းဆက်လာတိုင်းတကယ်ကို ရင်တွေ ပူနေခဲ့ရပါတယ်ဒါပေမယ့် တက်နိုင်သလောက် ထပ်ထပ်လှူခဲ့ပါတယ်....
ဒါနဲ့ တနေ့က စာရင်းတွေ သွားစစ် သွားမေးတော့မှ တစ်လ ထွက်ငွေက သိန်း ၂၀ကျော်နေတာကိုး ဆေးဖိုးတွေက စျေးကြီး နေတာ မေးကြည့်တော့...ကိုယ်လည်း တစ်လ တစ်လခေါင်းမီးတောက် ရတယ်...
ဒီတာဝန်ကိုလည်း ကိုယ့်ကို ဘယ်သူမှ ပေးမထားပဲ ကိုယ်ချင်းစာနာ စိတ်နဲ့ အစွမ်းကုန် တာဝန် ယူခဲ့ပါတယ်....
အခု ဒီ မနက် ဆေးရုံ ထပ်တက်ရပြန်ပြီတဲ့လက်ထဲ ငွေ တစ်ကျပ်တောင် မကျန်တော့တဲ့ သူက ဘယ်လိုများ ဆေးရုံတက်ဦးမှာပါလိမ့်....ခနနေ ကိုယ်ပဲ ဆေးရုံပြေးရပါဦးမယ်....
စည်းစိမ်ပြုတ်တဲ့ ရောဂါဆိုတာ တကယ်များ မှန်နေပြီလား
ဒီတခေါက်တော့ ရှေ့မျက်နှာ နောက်ထားပြီး အားနာနာနဲ့ အလှူထပ်ခံရဦးမယ် ထင်ပါတယ် လေ 😔.......ဆိုပြီး သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရင်ဖွင့်ထားတာ တွေ့ရပါတယ်.....
ပရိသတ်ကြီးလည်း မကစ်ကစ်အတွက် ဆုတောင်းစကားလေးပြောပေးခဲ့ကြပြီး အလှူငွေများလည်း တက်နိုင်သလောက် ထည့်ပေးကြပါအုံးနော်..........
<<Zawgyi>>
ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ရောဂါအခြေအနေမှန်နဲ့ အလှူငွေများလိုအပ်နေကြောင်း ပြောလာတဲ့ ရုပ်ရှင်မင်းသမီး ခင်သဇင်
Friday , November 22 ,2019
ရုပ်ရှင်မင်းသမီး ခင်သဇင်ဟာ ကျောက်ကပ်ရောဂါဝေဒနာ အပြင်းအထန်ခံစားနေရတဲ့ ဟာသသရုပ်ဆောင် ကစ်ကစ် အတွက် ဆေးဖိုးဝါးခများအား ရောဂါစတင်ပြင်းထန်လာချိန်မှစ၍ အကူအညီပေးလာတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်.....
တနေ့က အလုပ်တစ်ခုက အပြန် မကစ်အိမ် ဝင်တွေ့ အ ခြေအနေ ကြည့်ခဲ့သေးတယ်စိတ်ညစ်ခဲ့ ရတယ်....
တစ်လကို ထာဝရ အလှူငွေ ၁၁ သိန်း လစဉ် ပုံမှန် ဝင်ငွေ ရနေအောင် မကစ်ကို စီစဉ်ပေးခဲ့တာ နောက်လဆို တစ်နှစ် တင်းတင်း ပြည့်ပြီ....ခက်တာက အဲဒီ ၁၁ သိန်းနဲ့ သူ လောက်ဌ မနေဘူး
အဲဒီ တစ်လကို ၁၁ သိန်း ဆိုတာ ကိုယ်တိုင် သေချာ အိမ်ဌားခ က အစဘေးနားက ကူတဲ့သူအ တွက်လစာကအစ..အိမ်စားရိတ်ထမင်းဖိုးကအစ သေချာ တွက်ချက်ပြီရ အလှူခံပေးခဲ့တာ
အခု တစ်လ တစ်လ စားစရာတောင် မကျန်အောင် ဖြစ်နေပြီ....
လစဉ် ကိုယ့် အိတ်ထဲက ချေးဌားပေးပေမယ့် ဘယ်လိုမှ လောက်မနေဘူး ကိုယ်တိုင်လည်း မကစ်ကို တစ်လ တစ်သိန်းနဲ့ ပုံမှန်လှူခဲ့တာ တစ်နှစ် တင်းတင်း ပြည့်ပါပြီ..ကိုယ်လည်း မိန်းမ တစ်ယောက်တည်း ရုန်းကန်ရှာဖွေ နေရတာ ဖြစ်တဲ့ အတွက်..သူ ဆေးကုဖို့ စားရိတ်မကျန်တော့ လို့ငိုပြီး ဖုန်းဆက်လာတိုင်းတကယ်ကို ရင်တွေ ပူနေခဲ့ရပါတယ်ဒါပေမယ့် တက်နိုင်သလောက် ထပ်ထပ်လှူခဲ့ပါတယ်....
ဒါနဲ့ တနေ့က စာရင်းတွေ သွားစစ် သွားမေးတော့မှ တစ်လ ထွက်ငွေက သိန်း ၂၀ကျော်နေတာကိုး
ဆေးဖိုးတွေက စျေးကြီး နေတာ မေးကြည့်တော့...ကိုယ်လည်း တစ်လ တစ်လခေါင်းမီးတောက် ရတယ်...
ဒီတာဝန်ကိုလည်း ကိုယ့်ကို ဘယ်သူမှ ပေးမထားပဲ ကိုယ်ချင်းစာနာ စိတ်နဲ့ အစွမ်းကုန် တာဝန် ယူခဲ့ပါတယ်....
အခု ဒီ မနက် ဆေးရုံ ထပ်တက်ရပြန်ပြီတဲ့လက်ထဲ ငွေ တစ်ကျပ်တောင် မကျန်တော့တဲ့ သူက ဘယ်လိုများ ဆေးရုံတက်ဦးမှာပါလိမ့်....ခနနေ ကိုယ်ပဲ ဆေးရုံပြေးရပါဦးမယ်....
စည်းစိမ်ပြုတ်တဲ့ ရောဂါဆိုတာ တကယ်များ မှန်နေပြီလား
ဒီတခေါက်တော့ ရှေ့မျက်နှာ နောက်ထားပြီး အားနာနာနဲ့ အလှူထပ်ခံရဦးမယ် ထင်ပါတယ် လေ 😔.......ဆိုပြီး သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရင်ဖွင့်ထားတာ တွေ့ရပါတယ်.....
ပရိသတ်ကြီးလည်း မကစ်ကစ်အတွက် ဆုတောင်းစကားလေးပြောပေးခဲ့ကြပြီး အလှူငွေများလည်း တက်နိုင်သလောက် ထည့်ပေးကြပါအုံးနော်..........
0 comments:
Post a Comment