Thursday, November 21, 2019

နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံးအကြိမ် ယူနက်စကို အလုပ်အမှုဆောင် အဖွဲ့ဝင်နေရာ မြန်မာနိုင်ငံ ရွေးချယ်ခံရ

Image may contain: text

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပပြုလုပ် လျက်ရှိသည့် အကြိမ်(၄၀)မြောက် ယူနက်စကို အထွေထွေညီလာခံ အတွင်း ယူနက်စကို အလုပ်အမှုဆောင်အဖွဲ့ (Executive Board) အဖွဲ့ဝင်နေရာများ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ယူနက်စကို ဒေသဆိုင်ရာအုပ်စုများအနက် မြန်မာနိုင်ငံသည် အာရှပစိဖိတ် အုပ်စုအတွင်း ယှဉ်ပြိုင်ခဲ့ရာ မဲပေးပိုင်ခွင့်ရှိသည့် အဖွဲ့ဝင်(၁၈၀)အနက် (၁၄၂)နိုင်ငံ၏ ထောက်ခံမှုဖြင့် ယူနက်စကို အလုပ်အမှုဆောင်အဖွဲ့ဝင် အဖြစ် ရွေးချယ်ခံခဲ့ရပါသည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့ (ယူနက်စကို)၌ အဖွဲ့ဝင်အဖြစ် ၁၉၄၉ ခုနှစ်၊ ဇွန်လမှစတင်၍ ပါဝင်ခဲ့ရာ နှစ်ပေါင်း(၇၀)အတွင်း ပထမဆုံးအကြိမ် ယူနက်စကို အလုပ်အမှုဆောင်အဖွဲ့ဝင်နေရာသို့ ရွေးချယ်ခံခဲ့ရခြင်း ဖြစ်ပါသည်။

0 comments:

Post a Comment