တစ်ရွာတည်းသားချင်းကို သတ်ဖြတ်ပြီးအလောင်းကိုဖျောက်ဖျက်လိုက်သည့် လူသတ်မှု ဖြစ်စဉ် တစ်ခုကို တစ်လကျော်အကြာ၌ ဖော်ထုတ်လိုက်သည့်ဖြစ်စဉ်တစ်ခု ရပ်စောက်မြို့နယ်၌ ဖြစ်ပွား ကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ်၊ ရပ်စောက်မြို့၌ နေထိုင်လျက်ရှိသည့် အသက် ၄၂ နှစ်အရွယ် ဦးကျော်ကျော် ဆိုသူသည် ၎င်း၏ ၁၈ နှစ်အရွယ်မောင်ကစ္စနားဆိုသည့် သားဖြစ်သူမှာ ပျောက်ဆုံးနေသော ကြောင့် အရေးယူပေးပါရန် ပြီးခဲ့သည့်အောက်တိုဘာလ ၂၂ ရက်ကတည်းက တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ရပ်စောက်မြို့မရဲတပ်ဖွဲ့ထံမှ သိရသည်။
သားဖြစ်သူမောင်ကစ္စနား(၁၈)နှစ် ပျောက်ဆုံးနေသည့် ၁၀ ရက်မြောက်သည့် အချိန်မှာသာ တိုင်ကြားခဲ့ခြင်းဖြစ်သောကြောင့် ရဲတပ်ဖွဲ့အနေနှင့်လည်း စုံစမ်းမှုအခက်အခဲများ ဖြစ်ပေါ်ခဲ့ သော်လည်း လူပျောက်မှုဖြင့် ထောက်လှမ်းပေးခဲ့ရင်း တစ်လကျော်ကြာ၌ လူသတ်မှုဖြင့် ဖော် ထုတ်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မောင်ကစ္စနားမှာ မပျောက်ဆုံးခင်အချိန်၌ တစ်ရွာတည်းနေ သန့်ဇင်ဦး(၂၀)နှစ်နှင့် မောင်ဝင်း (၂၅) နှစ်တို့ညီအစ်ကိုနှစ်ဦးနေအိမ်သို့နောက်ဆုံးလည်ပတ်ခဲ့ကြောင်း သိရသဖြင့် နိုဝင်ဘာလ ၂၀ ရက်၌ ယင်းညီအစ်ကိုနှစ်ဦးနေအိမ်သို့ ရဲတပ်ဖွဲ့ကသွားရောက်စုံစမ်းခဲ့သည်။
စုံစမ်းချက်အရ မောင်ကစ္စနားမှာနေအိမ်သို့ရောက်လာချိန်တွင် ဆိုင်ကယ်ရေဆေးနေသည့် သန့်ဇင်ဦး(၂၀)နှစ်နှင့် စကားများခဲ့ကြရာ သစ်သားတုတ်ဖြင့်ရိုက်ခံရသဖြင့် မောင်ကစ္စနား သတိ လစ်သွားခဲ့ကြောင်း၊ သတိလစ်နေသည့်၎င်း(မောင်ကစ္စနား)ကို အစ်ကိုဖြစ်သူ မောင်ဝင်း(၂၅) နှစ် ကလည်း ထပ်မံရိုက်နှက်ရာတွင် သေဆုံးသွားခဲ့သဖြင့် အလောင်းကို သပြေကုန်းရွာသုဿန်သို့ မြေမြှပ်ဖျောက်ဖျက်ခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
“အလောင်းကို ဒီနေ့မှာပဲ ကျွန်တော်တို့ရဲတပ်ဖွဲ့ကသွားဖော်ထုတ်နေတာကြောင့် ဓာတ်ပုံ မှတ်တမ်း တွေကိုတော့ မရနိုင်သေးဘူးဗျ။ တရားခံညီအစ်ကိုနှစ်ဦးကိုတော့ စခန်းမှာ ဖမ်းဆီးထိန်းသိမ်း ထားပြီးပါပြီ။ စခန်းမှူးရဲ့ခွင့်ပြုချက်ရမှသာ စစ်ဆေးမှုမှတ်တမ်းဓာတ်ပုံရနိုင်ပါတယ်” ဟု ရပ် စောက်မြို့မရဲတပ်ဖွဲ့ဝင်တစ်ဦးက နိုဝင်ဘာလ ၂၁ ရက်တွင် အကုန်သိသတင်းဌာနသို့ ပြောသည်။
ယင်းအတွက်ကြောင့် ပြစ်မှုကျူးလွန်ကြသည့် သန့်ဇင်ဦး(၂၀)နှစ်နှင့် မောင်ဝင်း(၂၅)နှစ်တို့ ညီ အစ်ကိုနှစ်ဦးကို လူသတ်မှု/ပူးပေါင်းကြံစည်မှု/အလောင်းဖျောက်ဖျက်မှုတို့ဖြင့် ရပ်စောက် မြို့မရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
<zawgyi>
တစ်ရွာတည်းသားချင်းကို သတ်ပြီး အလောင်းဖျောက်ဖျက်သွားသည့် ညီအစ်ကိုနှစ်ဦးကို ၁ လ အကြာမှာဖော်ထုတ်ဖမ်းဆီး
Friday , November 22 , 2019

0 comments:
Post a Comment