လက်ရှိမှာ ပြိုင်ဆိုင်မှုပြင်းထန်နေတဲ့ Myanmar Idol season-4ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ချစ်သက်လို့ ပရိတ်သက်ကြီးကချစ်စနိုးခေါ်တဲ့ အကယ်ဒမီ သက်မွန်မြင့်ကတော့သူမ ရဲ့အားပေးမှုကို ပွင့်လင်းစွာ ရေးသားမိလို့ ပရိသတ်တွေအကြားပွဲဆူသွားပြန်ပါတယ်.....
ကဲပရိသတ်ကြီးလည်း သိချင်နေကြပြီထင်ပါတယ်။ မြန်မာအိုင်ဒေါပြိုင်ပွဲဟာ အနယ်နယ်အရပ်ရပ်က ကြည့်ရှုစောင့်ကြည့်နေကြတဲ့ပြိုင်ပွဲတစ်ရပ်ဖြစ်ပြီး ဝါသနာရှင်တွေသာမက အနုပညာရှင်တွေပါ အားပေးဝန်းရံကြရတဲ့အထိ အောင်မြင်လျက် ရှိနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း သရုပ်ဆောင် နေမင်းက ရှိသမျှစည်းစိမ်ကုန်အောင် voteပေးမယ်ဆိုပြီး ဝန်းရံခဲ့သလို ယခုလည်း ချစ်သက်ကတော့ ပွဲဆူစေမယ့် ပို့စ်တစ်ခုကို ရေးသားခဲ့ပါတယ်။
အခုအခါမှာတော့ ချစ်သက်တစ်ယောက် ချင်းတိုင်းရင်းသူ အဆိုတော်လေး အက်စတာအား “ဘာမှလာမပြောနဲ့တော့။ အက်စတာပဲ။ သူမရရင် မရိုးသားလို့ပဲ။ သူ့အသံ ဆိုဟန် လှုပ်ရှားမှု မဒီနီးနီးပဲ။ သူ့အသံကလည်း သူပဲ။ (ဒါ ကိုယ့်ရဲ့လွတ်လပ်မှုနဲ့ပြေတာပါ။ သဘောထား ကွဲလွဲနိုင်ပါတယ်” ဆိုပြီး လူမှုကွန်ယက်မှာ ပို့စ်ရေးသားခဲ့တာပါ။ အဲဒီပို့စ်တင်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ ပရိသတ်တွေကြား အငြင်းအခုန်ဖြစ်ပွားခဲ့ပြီးချစ်သက်ကိုယ်တိုင်လည်း “သူမရရင် မရိုးသားလို့ပဲ”ဆိုတဲ့ စာကြောင်းကို ပြန်လည်ပြင်ဆင်သွားခဲ့ပါတယ်။
ကဲ.....ပရိသတ်ကြီးထဲမှာရော ချစ်သက်နဲ့ သဘောထားတိုက်ဆိုင်သူရှိရဲ့လား။ ချစ်သက်နဲ့အတူတူ အက်စတာကို အားပေးဝန်းရံသွားမှာလား။ commentမှာ ရေးခဲ့ဦးနော်......
<<Zawgyi>>
Myanmar Idol season-4မှပြိုင်ပွဲဝင် အက်စတာအပေါ် ချင်းလူမျိုးအချင်းချင်း အားပေး ကြမ်းခဲ့လို့ လူမှုကွန်ရက်ပေါ်မှာဝေဖန်ခံနေရတဲ့ အကယ်ဒမီ သက်မွန်မြင့်
Friday , November 22 , 2019
လက်ရှိမှာ ပြိုင်ဆိုင်မှုပြင်းထန်နေတဲ့ Myanmar Idol season-4ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ချစ်သက်လို့ ပရိတ်သက်ကြီးကချစ်စနိုးခေါ်တဲ့ အကယ်ဒမီ သက်မွန်မြင့်ကတော့သူမ ရဲ့အားပေးမှုကို ပွင့်လင်းစွာ ရေးသားမိလို့ ပရိသတ်တွေအကြားပွဲဆူသွားပြန်ပါတယ်.....
ကဲပရိသတ်ကြီးလည်း သိချင်နေကြပြီထင်ပါတယ်။ မြန်မာအိုင်ဒေါပြိုင်ပွဲဟာ အနယ်နယ်အရပ်ရပ်က ကြည့်ရှုစောင့်ကြည့်နေကြတဲ့ပြိုင်ပွဲတစ်ရပ်ဖြစ်ပြီး ဝါသနာရှင်တွေသာမက အနုပညာရှင်တွေပါ အားပေးဝန်းရံကြရတဲ့အထိ အောင်မြင်လျက် ရှိနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း သရုပ်ဆောင် နေမင်းက ရှိသမျှစည်းစိမ်ကုန်အောင် voteပေးမယ်ဆိုပြီး ဝန်းရံခဲ့သလို ယခုလည်း ချစ်သက်ကတော့ ပွဲဆူစေမယ့် ပို့စ်တစ်ခုကို ရေးသားခဲ့ပါတယ်။
အခုအခါမှာတော့ ချစ်သက်တစ်ယောက် ချင်းတိုင်းရင်းသူ အဆိုတော်လေး အက်စတာအား “ဘာမှလာမပြောနဲ့တော့။ အက်စတာပဲ။ သူမရရင် မရိုးသားလို့ပဲ။ သူ့အသံ ဆိုဟန် လှုပ်ရှားမှု မဒီနီးနီးပဲ။ သူ့အသံကလည်း သူပဲ။ (ဒါ ကိုယ့်ရဲ့လွတ်လပ်မှုနဲ့ပြေတာပါ။ သဘောထား ကွဲလွဲနိုင်ပါတယ်” ဆိုပြီး လူမှုကွန်ယက်မှာ ပို့စ်ရေးသားခဲ့တာပါ။ အဲဒီပို့စ်တင်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ ပရိသတ်တွေကြား အငြင်းအခုန်ဖြစ်ပွားခဲ့ပြီးချစ်သက်ကိုယ်တိုင်လည်း “သူမရရင် မရိုးသားလို့ပဲ”ဆိုတဲ့ စာကြောင်းကို ပြန်လည်ပြင်ဆင်သွားခဲ့ပါတယ်။
ကဲ.....ပရိသတ်ကြီးထဲမှာရော ချစ်သက်နဲ့ သဘောထားတိုက်ဆိုင်သူရှိရဲ့လား။ ချစ်သက်နဲ့အတူတူ အက်စတာကို အားပေးဝန်းရံသွားမှာလား။ commentမှာ ရေးခဲ့ဦးနော်......
#Thet_Mon_Myint #Myanmar_Online_News #Asther_Dawt_ChinSung #Myanmar_Idol #Season_4
0 comments:
Post a Comment