Sunday, November 3, 2019

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းခုတ်မှာ ဖုန်းအားသွင်းရာမှ ပြည်သူ့စစ်နေအိမ်တစ်လုံး မီးလောင်ပြီး အိမ်နဲ့ကာဘိုင်သေနတ် (၂) လက် ဆုံးရှုံး

No photo description available.Image may contain: outdoor

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်မြို့၊ လွယ်ဆောင်ကျေးရွာအုပ်စု၊ ဖားအီကျေးရွာမှာ ပြည့်သူ့စစ်နေအိမ်တစ်လုံး ‌နိုဝင်ဘာလ ၂ ရက်၊ နေ့လည်ပိုင်းအချိန်က မီးလောင်ခဲ့ပြီး နေအိမ်နဲ့ကာဘိုင်သေနတ်(၂) လက်တို့ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

အထိုင်ဖုန်းကိုအားသွင်းထားရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ အဆိုပါမီးလောင်မှုကြောင့် နေအိမ်တစ်လုံးနဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေ မီးလောင်ကျွမ်းခဲ့ပြီး ခန့်မှန်းဆုံးရှုံးမှု တန်ဖိုးငွေကျပ်- ၉၂၀, ၀၀၀/ နဲ့ နေအိမ်အပေါ်ထပ်အိပ်ယာဘေးမှာ ချထားတဲ့တပ်မတော်မှ လွယ်ဆောင်ကျေးရွာ ဌာနေပြည်သူ့ စစ်အဖွဲ့ကို ထုတ်ပေးထားတဲ့ ကာဘိုင်သေနတ်(၂)လက်တို့ မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရိစ္ဆာန် ထိခိုက် ဆုံးရှုံးမှုမရှိဘူးလို့ သိရပါတယ်။
အဲဒီလိုပေါ့ဆမှုကြောင့် မီးစတင်လောင်ကျွမ်းစေသူ ဦးကျထော်၊ အသက်(၆၀)နှစ်ကို မိုင်းခုတ်မြို့နယ်မြေရဲစခန်းမှာ (ပ)၁၃/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ၊ ၂၈၅နဲ့အမှုဖွင့်အရေးယူထားပြီးအသေးစိတ်ကို စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။
Image may contain: outdoor
Image may contain: people standing, sky and outdoor

<zawgyi>
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းခုတ်မှာ ဖုန်းအားသွင်းရာမှ ပြည်သူ့စစ်နေအိမ်တစ်လုံး မီးလောင်ပြီး အိမ်နဲ့ကာဘိုင်သေနတ် (၂) လက် ဆုံးရှုံး
Monday , November 4 , 2019

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်မြို့၊ လွယ်ဆောင်ကျေးရွာအုပ်စု၊ ဖားအီကျေးရွာမှာ ပြည့်သူ့စစ်နေအိမ်တစ်လုံး ‌နိုဝင်ဘာလ ၂ ရက်၊ နေ့လည်ပိုင်းအချိန်က မီးလောင်ခဲ့ပြီး နေအိမ်နဲ့ကာဘိုင်သေနတ်(၂) လက်တို့ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
အထိုင်ဖုန်းကိုအားသွင်းထားရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ အဆိုပါမီးလောင်မှုကြောင့် နေအိမ်တစ်လုံးနဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေ မီးလောင်ကျွမ်းခဲ့ပြီး ခန့်မှန်းဆုံးရှုံးမှု တန်ဖိုးငွေကျပ်- ၉၂၀, ၀၀၀/ နဲ့ နေအိမ်အပေါ်ထပ်အိပ်ယာဘေးမှာ ချထားတဲ့တပ်မတော်မှ လွယ်ဆောင်ကျေးရွာ ဌာနေပြည်သူ့ စစ်အဖွဲ့ကို ထုတ်ပေးထားတဲ့ ကာဘိုင်သေနတ်(၂)လက်တို့ မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရိစ္ဆာန် ထိခိုက် ဆုံးရှုံးမှုမရှိဘူးလို့ သိရပါတယ်။
အဲဒီလိုပေါ့ဆမှုကြောင့် မီးစတင်လောင်ကျွမ်းစေသူ ဦးကျထော်၊ အသက်(၆၀)နှစ်ကို မိုင်းခုတ်မြို့နယ်မြေရဲစခန်းမှာ (ပ)၁၃/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ၊ ၂၈၅နဲ့အမှုဖွင့်အရေးယူထားပြီးအသေးစိတ်ကို စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

0 comments:

Post a Comment