Monday, November 18, 2019

ပထမအခြေခံအုတ်မြစ်နှစ်မှစတင်ကာ သင်ရိုးညွှန်းတန်းအသစ်ဖြင့် ဆေးတက္ကသိုလ် (၅) ခုတွင် သင်ကြားပေးသွားမည်

Image may contain: outdoor
၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာ ၂ ရက်မှ စ၍ ပထမအခြေခံ အုတ်မြစ်နှစ်မှ စတင်ကာ ဆေးတက္ကသိုလ်များတွင် သင်ရိုးညွှန်းတန်းအသစ်များဖြင့် သင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။

ဆေးတက္ကသိုလ် (၅) ခုတွင် (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလတွင် စတင် ဖွင့်လှစ်မည့် ပထမနှစ် သင်တန်းမှ စတင်၍ ရလဒ်အခြေပြုသော ပေါင်းစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း (Outcome Based Integrated Curriculum)ဖြင့် သင်ကြားနိုင်ရေး အတွက် အပြီးသတ် ညှိနှိုင်းအစည်းအဝေးအပြီး သတင်းဖော်ပြချက်တွင်ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။
ပထမအခြေခံ အုတ်မြစ်နှစ်မှ နောက်ဆုံးနှစ်အထိ (၆) နှစ်တာကာလအတွင်း ဆေးအခြေခံဘာသာရပ်များ၊ ဆေးလက်တွေ့ အခြေခံ ဘာသာရပ်များနှင့် ဆေးလက်တွေ့ ဘာသာရပ်များ အပြင် စမ်းသပ် စစ်ဆေးကုသမှု ပညာရပ်၊ လူမှုရေးနှင့် အပြုအမူပိုင်း ဆိုင်ရာပညာရပ်၊ လူထုကျန်းမာရေးနှင့် မိသားစုဆေးပညာ ဘာသာရပ်၊ ဆေးပညာ ကျင့်ဝတ်နှင့် ပညာရှင်ပီသမှု ပညာရပ် အကြောင်းအရာများကိုလည်း သင်တန်းကာလတစ်လျှောက်လုံး ထည့်သွင်း၍ ကျောင်းသား ဗဟိုပြု စနစ်ဖြင့် သင်ကြားဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သင်ရိုးညွှန်းတမ်းသစ်သည် ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒ၊ ဇီဝဓာတုဗေဒ အစရှိသည့် ဆေးလက်တွေ့ အခြေခံပညာရပ် များကို တစ်နှစ်မှ တစ်နှစ်ခွဲ ကာလအထိ ယခင်ကကဲ့သို့ သီးခြားသင်ကြားခြင်းမပြုတော့ဘဲ အခြေခံအုတ်မြစ် စာသင်နှစ်မှ နောက်ဆုံးနှစ်အထိသင်တန်း ကာလတစ် လျောက်လုံးတွင် သက်ဆိုင်ရာ အကြောင်းအရာအလိုက် ဘာသာရပ် အသီးသီးကို ပေါင်းစည်းချိတ်ဆက်ပြီး သင်ကြားသွားမည် ဖြစ်သည့် အတွက် အလွန်ထိရောက်သည့် သင်ကြားမှု ပုံစံဖြစ်သည်ဟုလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဆိုပါ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ရလဒ်အခြေပြုသော ပေါင်းစည်းချိတ်ဆက် သင်ကြားခြင်းသင်ရိုး ညွှန်းတမ်း ပေါ်ပေါက် လာရေးအတွက် ဗဟိုကော်မတီကို (၂၀၁၆) ခုနှစ်၊ ဇူလှိုင်လတွင်စတင်ဖွဲ့စည်း ခဲ့ပြီး အလုပ်ရုံ ဆွေးနွေးပွဲ (၂၅)ကြိမ်နှင့် ကော်မတီ အစည်းအဝေး (၄၀) ကြိမ်ပြုလုပ်ကာ ပညာရှင်များထံမှ အကြံပြုချက်များ ရယူကာရေးဆွဲခြင်း၊ နိုင်ငံတကာ သို့သွားရောက်လေ့ လာခြင်းနှင့် အမေရိကန်နိုင်ငံ၊ Johns Hopkins တက္ကသိုလ်မှ ကျွမ်းကျင် သူပညာရှင်၏ အကြံပြုချက်ကို ရယူခြင်းတို့ဖြင့် ရေးဆွဲခဲ့ခြင်းဖြစ်သည်။
ထို့အပြင် သင်ရိုးညွှန်းတမ်းအသုံးပြုသင်ကြားရန်လိုအပ်သော အခြေခံအဆောက်အဦများနှင့် ကိရိယာများ ဖြည့်ဆည်းဆောင်ရွက်ခြင်း၊ သင်ကြားသူ ဆရာမ၊ ဆရာမများအား လေ့ကျင့် သင်ကြားမှုများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြမှုအရ သိရသည်။
Image may contain: outdoor
Image may contain: sky and outdoor
Image may contain: sky and outdoor
Image may contain: sky, cloud, bridge, tree and outdoor
<<Zawgyi>>
ပထမအခြေခံအုတ်မြစ်နှစ်မှစတင်ကာ သင်ရိုးညွှန်းတန်းအသစ်ဖြင့် ဆေးတက္ကသိုလ် (၅) ခုတွင် သင်ကြားပေးသွားမည်
Tuesday, November 19 , 2019

၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာ ၂ ရက်မှ စ၍ ပထမအခြေခံ အုတ်မြစ်နှစ်မှ စတင်ကာ ဆေးတက္ကသိုလ်များတွင် သင်ရိုးညွှန်းတန်းအသစ်များဖြင့် သင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။
ဆေးတက္ကသိုလ် (၅) ခုတွင် (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလတွင် စတင် ဖွင့်လှစ်မည့် ပထမနှစ် သင်တန်းမှ စတင်၍ ရလဒ်အခြေပြုသော ပေါင်းစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း (Outcome Based Integrated Curriculum)ဖြင့် သင်ကြားနိုင်ရေး အတွက် အပြီးသတ် ညှိနှိုင်းအစည်းအဝေးအပြီး သတင်းဖော်ပြချက်တွင်ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။
ပထမအခြေခံ အုတ်မြစ်နှစ်မှ နောက်ဆုံးနှစ်အထိ (၆) နှစ်တာကာလ အတွင်း ဆေး အခြေခံ ဘာသာရပ်များ၊ ဆေးလက်တွေ့ အခြေခံ ဘာသာရပ်များနှင့် ဆေးလက်တွေ့ ဘာသာရပ်များ အပြင် စမ်းသပ် စစ်ဆေးကုသမှု ပညာရပ်၊ လူမှုရေးနှင့် အပြုအမူပိုင်း ဆိုင်ရာပညာရပ်၊ လူထု ကျန်းမာရေးနှင့် မိသားစုဆေးပညာ ဘာသာရပ်၊ ဆေးပညာ ကျင့်ဝတ်နှင့် ပညာရှင်ပီသမှု ပညာရပ် အကြောင်းအရာများကိုလည်း သင်တန်းကာလတစ်လျှောက်လုံး ထည့်သွင်း၍ ကျောင်းသား ဗဟိုပြု စနစ်ဖြင့် သင်ကြားဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သင်ရိုးညွှန်းတမ်းသစ်သည် ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒ၊ ဇီဝဓာတုဗေဒ အစရှိသည့် ဆေးလက်တွေ့ အခြေခံပညာရပ် များကို တစ်နှစ်မှ တစ်နှစ်ခွဲ ကာလအထိ ယခင်ကကဲ့သို့ သီးခြားသင်ကြားခြင်းမပြုတော့ဘဲ အခြေခံအုတ်မြစ် စာသင်နှစ်မှ နောက်ဆုံးနှစ်အထိသင်တန်း ကာလတစ် လျောက်လုံးတွင် သက်ဆိုင်ရာ အကြောင်းအရာအလိုက် ဘာသာရပ် အသီးသီးကို ပေါင်းစည်းချိတ်ဆက်ပြီး သင်ကြားသွားမည် ဖြစ်သည့် အတွက် အလွန်ထိရောက်သည့် သင်ကြားမှု ပုံစံဖြစ်သည်ဟုလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဆိုပါ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ရလဒ်အခြေပြုသော ပေါင်းစည်းချိတ်ဆက် သင်ကြားခြင်းသင်ရိုး ညွှန်းတမ်း ပေါ်ပေါက် လာရေးအတွက် ဗဟိုကော်မတီကို (၂၀၁၆) ခုနှစ်၊ ဇူလှိုင်လတွင်စတင်ဖွဲ့စည်း ခဲ့ပြီး အလုပ်ရုံ ဆွေးနွေးပွဲ (၂၅)ကြိမ်နှင့် ကော်မတီ အစည်းအဝေး (၄၀) ကြိမ်ပြုလုပ်ကာ ပညာရှင်များထံမှ အကြံပြုချက်များ ရယူကာရေးဆွဲခြင်း၊ နိုင်ငံတကာ သို့သွားရောက်လေ့ လာခြင်းနှင့် အမေရိကန်နိုင်ငံ၊ Johns Hopkins တက္ကသိုလ်မှ ကျွမ်းကျင် သူပညာရှင်၏ အကြံပြုချက်ကို ရယူခြင်းတို့ဖြင့် ရေးဆွဲခဲ့ခြင်းဖြစ်သည်။
ထို့အပြင် သင်ရိုးညွှန်းတမ်းအသုံးပြုသင်ကြားရန်လိုအပ်သော အခြေခံ အဆောက် အဦများနှင့် ကိရိယာများ ဖြည့်ဆည်းဆောင်ရွက်ခြင်း၊ သင်ကြားသူ ဆရာမ၊ ဆရာမ များအား လေ့ကျင့် သင်ကြားမှုများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြမှုအရ သိရသည်။

0 comments:

Post a Comment