Monday, November 18, 2019

မတ္တရာဘူတာနှင့် တောင်ပြုံဘူတာကြားတွင် ရထားနှင့် မော်တော်ယာဉ်ချိတ်မိမှုဖြစ်ပွား


ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် နိုဝင်ဘာ ၁၇ရက်နေ့က သူရဲဈေး-မတ္တရာ လမ်းပိုင်းတွင် မီးရထားနှင့် မတ္တရာဘူတာမှ ထွက်ခွာလာသော ရထားနှင့် လိုက်ထရပ် မော်တော်ယာဉ်တစ်စီး ချိတ်မိမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

မတ္တရာဘူတာမှ ညနေပိုင်းတွင် ထွက်ခွာလာသော မီးရထားသည် ညနေ ၅နာရီခွဲခန့်က မိုင်တိုင် အမှတ် (၃၉၄/၉-၈)အရောက်တွင် ရထားလမ်းကပ်လျက် ကားလမ်း တွင် ဘေးချင်းယှဉ်၍ အောင်မျိုးအေး(ခ)ဖိုးတွတ် ကျုံးကျေးရွာနေသူ မောင်းနှင်လာသော လိုက်ထရပ်ယာဉ်သည် ကားဘီးပေါက်၍ ရထားနှင့် ချိတ်မိမှုဖြစ်ပွားခဲ့ပြီး ကားပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး မော်တော်ယာဉ် မောင်းနှင်သူ ယာဉ်မောင်းအား မတ္တရာမြို့မ ရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)
<zawgyi>
မတ္တရာဘူတာနှင့် တောင်ပြုံဘူတာကြားတွင် ရထားနှင့် မော်တော်ယာဉ်ချိတ်မိမှုဖြစ်ပွား
Tuesday, November 19 , 2019

ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် နိုဝင်ဘာ ၁၇ရက်နေ့က သူရဲဈေး-မတ္တရာ လမ်းပိုင်းတွင် မီးရထားနှင့် မတ္တရာဘူတာမှ ထွက်ခွာလာသော ရထားနှင့် လိုက်ထရပ် မော်တော်ယာဉ်တစ်စီး ချိတ်မိမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
မတ္တရာဘူတာမှ ညနေပိုင်းတွင် ထွက်ခွာလာသော မီးရထားသည် ညနေ ၅နာရီခွဲခန့်က မိုင်တိုင် အမှတ် (၃၉၄/၉-၈)အရောက်တွင် ရထားလမ်းကပ်လျက် ကားလမ်း တွင် ဘေးချင်းယှဉ်၍ အောင်မျိုးအေး(ခ)ဖိုးတွတ် ကျုံးကျေးရွာနေသူ မောင်းနှင်လာသော လိုက်ထရပ်ယာဉ်သည် ကားဘီးပေါက်၍ ရထားနှင့် ချိတ်မိမှုဖြစ်ပွားခဲ့ပြီး ကားပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး မော်တော်ယာဉ် မောင်းနှင်သူ ယာဉ်မောင်းအား မတ္တရာမြို့မ ရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)
#Myanmar_Online_News

0 comments:

Post a Comment