အခြားနိုင်ငံများတွင် နေထိုင်ပြီး သက်ဆိုင်ရာနိုင်ငံသားများအဖြစ် ခံယူထားသည့် မြန်မာနိုင်ငံဟောင်းများအား မိခင်မြန်မာနိုင်ငံသို့ ပြန်လာလည်ပတ်နိုင်ရန်အတွက် ဗီဇာလျောက်ထားရာတွင် ဆိုက်ရောက်ဗီဇာ Visa on Arrival (Tourist) လျှာက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
ထိုသို့လျှောက်ထားခွင့်ကို ဩစတြေးလျ၊ တရုတ်၊ ဂျာမနီ၊ အိန္ဒိယ၊ အီတလီ၊ ရုရှား၊ စပိန်နှင့် ဆွစ်ဇာလန်နိုင်ငံများတွင် နေထိုင်သည့် မြန်မာနိုင်ငံသားများအနေဖြင့် ရရှိမည်ဖြစ်သည်။
မြန်မာနိုင်ငံသားဟောင်းများ အများစုနေထိုင်သည့် အမေရိကန်၊ ဂျပန်နှင့် ဥရောပနိုင်ငံများမှ မြန်မာများအတွက်မူ ယခုထုတ်ပြန်ချက်၌ ခွင့်ပြုပေးထားသည်ကို မတွေ့ရပေ။ ယခင်က ခွင့်ပြုခဲ့သည့် ဆိုက်ရောက်ဗီဇာများတွင် မြန်မာနိုင်ငံသားဟောင်းများ အကြုံးမဝင်ပဲ လူမှုရေးဗီဇာ (Social Visa) ကိုသာ လျှောက်ထားခွင့်ပြုခဲ့သည့်အတွက် ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်ခဲ့သည်ကို တွေ့ရသည်။
ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်လာသူများအနေဖြင့် ဗီဇာကြေး အမေရိကန်ဒေါ်လာ ၅၀ ပေးဆောင်ရမည်ဖြစ်သည်။ ထို့အပြင် ဟိုတယ်များတွင်သာ နေထိုင်ရမည်ဖြစ်ပြီး အလုပ်လုပ်ကိုင်ခွင့်မရှိ၊ ရက်ပေါင်း ၃၀ နေထိုင်ခွင့်ကုန်ဆုံးပါက ဗီဇာသက်တမ်းတိုးခွင့်လည်း မရှိကြောင်း သိရသည်။
လူမှုရေးလည်ပတ်ခွင့် (Social Visa) လျှောက်ထားသူများအနေဖြင့်မူ ရက်ပေါင်း ၇၀ အထိ နေထိုင်ခွင့်ရမည်ဖြစ်ပြီး၊ သက်တမ်းတိုးနိုင်ခွင့်ရှိသလို အကြိမ်ကြိမ်ပြည်ဝင်ခွင့်ကိုလည်း လျှောက်ထားနိုင်ကြောင်း ဖေါ်ပြထားသည်။ သို့သော် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးတွင် ကြိုတင်လျှောက်ထားရန် လိုအပ်မည်ဖြစ်ကြောင်း သိရှိရသည်။
(Zawgyi)
မြန်မာနိုင်ငံသားဟောင်းများအတွက် ဆိုက်ရောက်ဗီဇာခွင့်ပြု
အခြားနိုင်ငံများတွင် နေထိုင်ပြီး သက်ဆိုင်ရာနိုင်ငံသားများအဖြစ် ခံယူထားသည့် မြန်မာနိုင်ငံဟောင်းများအား မိခင်မြန်မာနိုင်ငံသို့ ပြန်လာလည်ပတ်နိုင်ရန်အတွက် ဗီဇာလျောက်ထားရာတွင် ဆိုက်ရောက်ဗီဇာ Visa on Arrival (Tourist) လျှာက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
ထိုသို့လျှောက်ထားခွင့်ကို သြစတြေးလျ၊ တရုတ်၊ ဂျာမနီ၊ အိန္ဒိယ၊ အီတလီ၊ ရုရှား၊ စပိန်နှင့် ဆွစ်ဇာလန်နိုင်ငံများတွင် နေထိုင်သည့် မြန်မာနိုင်ငံသားများအနေဖြင့် ရရှိမည်ဖြစ်သည်။
မြန်မာနိုင်ငံသားဟောင်းများ အများစုနေထိုင်သည့် အမေရိကန်၊ ဂျပန်နှင့် ဥရောပနိုင်ငံများမှ မြန်မာများအတွက်မူ ယခုထုတ်ပြန်ချက်၌ ခွင့်ပြုပေးထားသည်ကို မတွေ့ရပေ။ ယခင်က ခွင့်ပြုခဲ့သည့် ဆိုက်ရောက်ဗီဇာများတွင် မြန်မာနိုင်ငံသားဟောင်းများ အကြုံးမဝင်ပဲ လူမှုရေးဗီဇာ (Social Visa) ကိုသာ လျှောက်ထားခွင့်ပြုခဲ့သည့်အတွက် ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်ခဲ့သည်ကို တွေ့ရသည်။
ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်လာသူများအနေဖြင့် ဗီဇာကြေး အမေရိကန်ဒေါ်လာ ၅၀ ပေးဆောင်ရမည်ဖြစ်သည်။ ထို့အပြင် ဟိုတယ်များတွင်သာ နေထိုင်ရမည်ဖြစ်ပြီး အလုပ်လုပ်ကိုင်ခွင့်မရှိ၊ ရက်ပေါင်း ၃၀ နေထိုင်ခွင့်ကုန်ဆုံးပါက ဗီဇာသက်တမ်းတိုးခွင့်လည်း မရှိကြောင်း သိရသည်။
လူမှုရေးလည်ပတ်ခွင့် (Social Visa) လျှောက်ထားသူများအနေဖြင့်မူ ရက်ပေါင်း ၇၀ အထိ နေထိုင်ခွင့်ရမည်ဖြစ်ပြီး၊ သက်တမ်းတိုးနိုင်ခွင့်ရှိသလို အကြိမ်ကြိမ်ပြည်ဝင်ခွင့်ကိုလည်း လျှောက်ထားနိုင်ကြောင်း ဖေါ်ပြထားသည်။ သို့သော် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးတွင် ကြိုတင်လျှောက်ထားရန် လိုအပ်မည်ဖြစ်ကြောင်း သိရှိရသည်။
0 comments:
Post a Comment