ဓားရှည်ဖြင့်ခုတ် ဆိုင်ကယ်လုယက် တရားခံများအားဖမ်းဆီးနိုင်ေရး တိုင်းမှုခင်းအကူဌာနမှ ရဲအုပ်ဝင်းကျော်ဦးအပါအဝင်ပူးပေါင်းအဖွဲ့သည် ပြစ်မှု့ကျူးလွန်သူတရားခံများအားဖမ်းဆီးရမိရေး စုံစမ်းခဲ့ရာ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက် ကျူးတဲတွင်နေထိုင် သည့် ကျော်လွင်ဦး(ခ)နှစ်ပေ ဖြစ်ကြောင်းစုံစမ်းသိရှိရသြဖင့် တရားခံ ကျော်လွင်ဦး(ခ)နှစ်ပေအား အောင်ပင်လယ် ၅၃ လမ်းတွင် ၁၇.၁၁.၂၀၁၉ ရက်နေ့တွင် ဖမ်းဆီးရမိပြီး စစ်ဆေးရာ ရဲနောင်(ခ)ဟိန်းထက်စိုး၊ ဇင်သူဝိုင်း(ခ)ဖြိုးလေးတို့ပါဝင်ကြောင်း ထွက်ဆိုသဖြင့် ရဲနောင်(ခ)ဟိန်းထက်စိုးမှာ အောင်သာယာရပ်ကွက် တွင် နေထိုင်ကြောင်းသိရသဖြင့် တရားခံ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ရာ ရဲနောင်မှာ နေအိမ်တွင်ရှိမနေသဖြင့် မန္တလေးမြို့ပေါ်ရှိ တည်းခိုခန်း၊ဟိုတယ်များသို့ စစ်ဆေးဆောင်ရွက်ခြင်း၊ လှည့်ကင်းများ စစ်ဆေးဆောင်ရွက်ရာ ၁၈.၁၁.၂၀၁၉ ရက်နေ့တွင် မနော်ဟရီ ၅၂လမ်းနှင့်၅၃လမ်းကြားတွင် Scoopyiဆိုင်ကယ်အားတွေ့ရှိ၍ ရပ်တန့်စစ်ဆေးရာ ရဲနောင်နှင့်ဇင်သူဝိုင်းတို့ုဖြစ်ကြောင်းသိရ၍ သက်သေများရှေ့ ဆိုင်ကယ်တူးဘောက်အား ဖွင့်လှစ်စစ်ဆေးရာ 41W-....နံပါတ်ပြားတစ်ခု၊ဆိုင်ကယ်ဝမ်းဗိုက် ကာဗာအတွင်းမှ အရှည်(၂၂)လက်မခန့်ရှိ ငွေရောင်သံရိုးတပ် ဓားရှည်တစ်ချောင်း ၊ရဲနောင်(ခ)ဟိန်းထက်စိုး မှ ပြစ်မှု့ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့်Kenda125 ဆိုင်ကယ်အား ၎င်းနေအိမ်မှ သိမ်းဆည်းပြီး မဟာအောင်မြေမြို့နယ်၊အမှတ်(၉)မြို့မရဲစခန်းတွင် (ပ)၁၀၁၃/၂၀၁၉၊ရာဇသတ်ကြီးပုဒ်မ၃၉၄/၁၁၄ဖြင့် အမှု့ဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်းသိရသည်။
ကိုထွန်း(MDY)ဓာတ်ပုံ-ရဲတပ်ဖွဲ့
# Top Phoenix Media #Myanmar_Online_News
<zawgyi>
မန္တလေးတွင် ချိန်းတွေ့နေသည့် သမီးရည်းစားစုံတွဲအားဓားရှည်နှင့်ခုတ်ကာ ဆိုင်ကယ်နှင့်ဖုန်းလုယက်သူများအား ဖမ်းဆီးရမိ
Wednesday , November 20 , 2019
မန္တလေး၊မဟာအောင်မြေမြို့နယ်၊မဟာမြိုင်(၂)ရပ်ကွက်၂၄.၁၀.၂၀၁၉ ညပိုင်းအချိန် ၃၈လမ်း၅၉လမ်းနှင့်၆၀လမ်းကြားး သံလမ်းအနောက်ဘက်တွင် စုံတွဲမှာဆိုင်ကယ်ရပ်ပြီး စကားပြောနေစဉ် လူငယ်သုံးဦးရောက်ရှိလာပြီး ဓားရှည်ဖြင့်ခုတ်ကာ Honda Scoopyi ဆိုင်ကယ်၊Mi note 5 ဖုန်းတစ်လုံးအား ယူဆောင် သွားသဖြင့်တရားလိုမှ အမှတ်(၉)မြို့မရဲစခန်းတွင် ဆိုင်ကယ်နှင့် ဖုန်းလုယူသွားသည့်အပြင် ဓါးရှည်ဖြင့်ခုတ်သဖြင့် ဝဲဘက်ဂျိုစောင်း အားခုတ်မိပြီးဒဏ်ရာရရှိသဖြင့် လူငယ်သုံးဦးအား ဖော်ထုတ်အရေးယူ ပေးရန် အမှု့ဖွင့်လှစ်တိုင်ကြားခဲ့ကြောင်းရဲမှတ်တမ်းအရသိရသည်။
ဓားရှည်ဖြင့်ခုတ် ဆိုင်ကယ်လုယက် တရားခံများအားဖမ်းဆီးနိုင်ရေး တိုင်းမှုခင်းအကူဌာနမှ ရဲအုပ်ဝင်းကျော်ဦးအပါအဝင်ပူးပေါင်းအဖွဲ့သည် ပြစ်မှု့ကျူးလွန်သူတရားခံများအားဖမ်းဆီးရမိရေး စုံစမ်းခဲ့ရာ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက် ကျူးတဲတွင်နေထိုင် သည့် ကျော်လွင်ဦး(ခ)နှစ်ပေ ဖြစ်ကြောင်းစုံစမ်းသိရှိရသြဖင့် တရားခံ ကျော်လွင်ဦး(ခ)နှစ်ပေအား အောင်ပင်လယ် ၅၃ လမ်းတွင် ၁၇.၁၁.၂၀၁၉ ရက်နေ့တွင် ဖမ်းဆီးရမိပြီး စစ်ဆေးရာ ရဲနောင်(ခ)ဟိန်းထက်စိုး၊ ဇင်သူဝိုင်း(ခ)ဖြိုးလေးတို့ပါဝင်ကြောင်း ထွက်ဆိုသဖြင့် ရဲနောင်(ခ)ဟိန်းထက်စိုးမှာ အောင်သာယာရပ်ကွက် တွင် နေထိုင်ကြောင်းသိရသဖြင့် တရားခံ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ရာ ရဲနောင်မှာ နေအိမ်တွင်ရှိမနေသဖြင့် မန္တလေးမြို့ပေါ်ရှိ တည်းခိုခန်း၊ဟိုတယ်များသို့ စစ်ဆေးဆောင်ရွက်ခြင်း၊ လှည့်ကင်းများ စစ်ဆေးဆောင်ရွက်ရာ ၁၈.၁၁.၂၀၁၉ ရက်နေ့တွင် မနော်ဟရီ ၅၂လမ်းနှင့်၅၃လမ်းကြားတွင် Scoopyiဆိုင်ကယ်အားတွေ့ရှိ၍ ရပ်တန့်စစ်ဆေးရာ ရဲနောင်နှင့်ဇင်သူဝိုင်းတို့ုဖြစ်ကြောင်းသိရ၍ သက်သေများရှေ့ ဆိုင်ကယ်တူးဘောက်အား ဖွင့်လှစ်စစ်ဆေးရာ 41W-....နံပါတ်ပြားတစ်ခု၊ဆိုင်ကယ်ဝမ်းဗိုက် ကာဗာအတွင်းမှ အရှည်(၂၂)လက်မခန့်ရှိ ငွေရောင်သံရိုးတပ် ဓားရှည်တစ်ချောင်း ၊ရဲနောင်(ခ)ဟိန်းထက်စိုး မှ ပြစ်မှု့ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့်Kenda125 ဆိုင်ကယ်အား ၎င်းနေအိမ်မှ သိမ်းဆည်းပြီး မဟာအောင်မြေမြို့နယ်၊အမှတ်(၉)မြို့မရဲစခန်းတွင် (ပ)၁၀၁၃/၂၀၁၉၊ရာဇသတ်ကြီးပုဒ်မ၃၉၄/၁၁၄ဖြင့် အမှု့ဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်းသိရသည်။
ကိုထွန်း(MDY)ဓာတ်ပုံ-ရဲတပ်ဖွဲ့
# Top Phoenix Media #Myanmar_Online_News
0 comments:
Post a Comment