Thursday, November 21, 2019

နိုင်ငံတကာတရားခုံရုံးတွင် ဒေါ်အောင်ဆန်းစုကြည်တရားရင်ဆိုင်မည့်ကိစ္စ တပ်မတော်နှင့်အရပ်သားအစိုးရ ပူးပေါင်းဆောင်ရွက်

Image may contain: 1 person

မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ နိုင်ငံတကာ တရားခုံရုံး(ICJ)မှာ အနောက်အာဖရိကနိုင်ငံ ဂမ်ဘီယာက အမှုဖွင့်တိုင်ကြားထားတဲ့ကိစ္စကို တပ်မတော်နဲ့ အရပ်သားအစိုးရ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ AFP သတင်း ဌာနက ဖော်ပြထားပါတယ်။

“ဒီအမှုမှာ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့ရဲ့ ဥပဒေရေးရာကျွမ်းကျင်သူတွေဟာ ပူးပေါင်းဆောင်ရွက်နေကြပါတယ်” လို့ တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက AFP သတင်းဌာနရဲ့ မေးမြန်းမှုကို နိုဝင်ဘာ ၂၁ ရက်နေ့မှာ ဖြေကြားခဲ့ပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာခင်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မကြာခင်မှာ တွေ့ဆုံသွားမယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အတည်ပြုခဲ့ပါတယ်။
မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစိုးမြင့်အောင်ကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တပ်မတော်ရဲ့ ကိစ္စမှာ ဝင်ရောက်ဦးဆောင်လိမ့်မယ် မထင်မှတ်ခဲ့ဘူးလို့ ပြောကြားထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးညွှန့်ကတော့ အခုလို အံ့အားသင့်စရာ ဆုံးဖြတ်ချက်ကို မသိခဲ့ဘူးလို့ ဝန်ခံခဲ့ပြီး ၎င်းတို့ခေါင်းဆောင်အနေနဲ့ တာဝန်ယူမှုနဲ့ ရဲစွမ်းသတ္တိကို ပြသခဲ့တယ် လို့ ပြောကြားခဲ့ပါတယ်။
Ref;AFP

(Unicode)
နိုင်ငံတကာတရားခုံရုံးတွင် ဒေါ်အောင်ဆန်းစုကြည်တရားရင်ဆိုင်မည့်ကိစ္စ တပ်မတော်နှင့်အရပ်သားအစိုးရ ပူးပေါင်းဆောင်ရွက်


မြန်မာနို်င်ငံကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ နိုင်ငံတကာ တရားခုံရုံး(ICJ)မှာ အနောက်အာဖရိကနိုင်ငံ ဂမ်ဘီယာက အမှုဖွင့်တိုင်ကြားထားတဲ့ကိစ္စကို တပ်မတော်နဲ့ အရပ်သားအစိုးရ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ AFP သတင်း ဌာနက ဖော်ပြထားပါတယ်။
“ဒီအမှုမှာ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့ရဲ့ ဥပဒေရေးရာကျွမ်းကျင်သူတွေဟာ ပူးပေါင်းဆောင်ရွက်နေကြပါတယ်” လို့ တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက AFP သတင်းဌာနရဲ့ မေးမြန်းမှုကို နိုဝင်ဘာ ၂၁ ရက်နေ့မှာ ဖြေကြားခဲ့ပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာခင်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မကြာခင်မှာ တွေ့ဆုံသွားမယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အတည်ပြုခဲ့ပါတယ်။
မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစိုးမြင့်အောင်ကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တပ်မတော်ရဲ့ ကိစ္စမှာ ဝင်ရောက်ဦးဆောင်လိမ့်မယ် မထင်မှတ်ခဲ့ဘူးလို့ ပြောကြားထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးညွှန့်ကတော့ အခုလို အံ့အားသင့်စရာ ဆုံးဖြတ်ချက်ကို မသိခဲ့ဘူးလို့ ဝန်ခံခဲ့ပြီး ၄င်းတို့ခေါင်းဆောင်အနေနဲ့ တာဝန်ယူမှုနဲ့ ရဲစွမ်းသတ္တိကို ပြသခဲ့တယ် လို့ ပြောကြားခဲ့ပါတယ်။
Ref;AFP

0 comments:

Post a Comment