ယနေ့ နိုဝင်ဘာလ ၂၂ ရက် နံနက်(5:00)ချိန်ခန့်တွင် မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက် အထက် လမ်းမကြီး သိပ္ပံလမ်းထိပ် အထက(၁)ရှေ့တွင် ရန်ကုန်ဘက်မှလာသော Bongo ကားတစ်စီးမှ ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းဘေးရှိဖုန်းတိုင်နှင့် အိမ်ရှေ့လမ်းဘေး ကပ်ရပ်ထားသော ကားအားဝင်တိုက်မှု ဖြစ်ပွားခဲ့ပါသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ကားပေါ်ပါလာသူများ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့သော်လည်း ဖုန်းတိုင်အရင်းမှ ပြတ်ထွက်ခဲ့ရပြီး လမ်းဘေးတွင်ရပ်ထားသောကား ထိခိုက်မှုများ ဖြစ်ပွား ခဲ့သဖြင့် မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့မှ ယာဉ်ထိန်းတပ်ဖွဲ့ ရဲတပ်ဖွဲနှင့် ဆက်သွယ်ရေး ရုံးတို့ထံ အကြောင်းကြားပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်ူ သိရှိရပါသည်။
<<Zawgyi>>
မော်လမြိုင် သိပ္ပံလမ်းထိပ် အထက(၁)ရှေ့တွင် ကားတစ်စီးမှ အိပ်ငိုက်ပြီး ဖုန်းတိုင်နှင့် လမ်းဘေးတွင်ရပ်ထားသောကားအား ဝင်တိုက်မှုဖြစ်ပွား
Friday , November 22 , 2019
ယနေ့ နိုဝင်ဘာလ ၂၂ ရက် နံနက်(5:00)ချိန်ခန့်တွင် မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက် အထက် လမ်းမကြီး သိပ္ပံလမ်းထိပ် အထက(၁)ရှေ့တွင် ရန်ကုန်ဘက်မှလာသော Bongo ကားတစ်စီးမှ ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းဘေးရှိဖုန်းတိုင်နှင့် အိမ်ရှေ့လမ်းဘေး ကပ်ရပ်ထားသော ကားအားဝင်တိုက်မှု ဖြစ်ပွားခဲ့ပါသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ကားပေါ်ပါလာသူများ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့သော်လည်း ဖုန်းတိုင်အရင်းမှ ပြတ်ထွက်ခဲ့ရပြီး လမ်းဘေးတွင်ရပ်ထားသောကား ထိခိုက်မှုများ ဖြစ်ပွား ခဲ့သဖြင့် မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့မှ ယာဉ်ထိန်းတပ်ဖွဲ့ ရဲတပ်ဖွဲနှင့် ဆက်သွယ်ရေး ရုံးတို့ထံ အကြောင်းကြားပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်ူ သိရှိရပါသည်။
0 comments:
Post a Comment