Sunday, November 3, 2019

မြန်မာ့ရေတပ် အကြီးဆုံးသင်္ဘောသစ် ရုရှား-မြန်မာ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရေး ပိုမိုခိုင်မာလာစေဖို့ ရုရှားမှာ တထောက်နားခဲ့ကြောင်း မြန်မာ့ရေတပ် ကပ္ပတိန်ပြောကြား

Image may contain: 2 people, people smiling, people standing, beard and outdoorImage may contain: ocean, sky, outdoor and water

တောင်ကိုရီးယားနိုင်ငံ DAE SUN သင်္ဘောနဲ့ စက်မှုနည်းပညာ ကုမ္ပဏီက တည်ဆောက်ပေးတဲ့ “မုတ္တမ” အမည်ရှိ ရေတပ်စစ်သင်္ဘော တစ်စင်းဟာ တောင်ကိုရီးယားကနေ မြန်မာနိုင်ငံကို လာနေတဲ့ လမ်းတလျှောက် ရုရှားနိုင်ငံ ဗလာတီ ဗော့စတော့မြို့မှာ နိုဝင်ဘာ ၂ ရက်နေ့က ခရီးတထောက် ရပ်နားခဲ့တယ်လို့ ရုရှားမီဒီယာတွေမှာ ဖော်ပြပါတယ်။

မြန်မာစစ်ရေယာဉ်တစ်စီးအနေဖြင့် ပထမဆုံးအကြိမ်အဖြစ် ရုရှားနိုင်ငံသို့ အလည်အပတ် ရောက်ရှိခြင်းဖြစ်ပြီးရုရှား-မြန်မာ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရေးပိုမိုခိုင်မာလာစေဖို့ ရည်ရွယ်တယ်လို့ “မုတ္တမ” စစ်ရေယာဉ်ပေါ် တာဝန်ယူ လိုက်ပါလာတဲ့ မြန်မာရေတပ် ကပ္ပတိန် သိန်းသာက ရုရှားမီဒီယာကို ပြောပါတယ်။
“မုတ္တမ” စစ်သင်္ဘောဟာ ပေ ၄၀၀ ရှည်ပြီး ၇၄ ပေအကျယ်ရှိကာ တန်ချိန် ၁၁,၀၀၀ ကျော် ရှိပါတယ်။ ဒီသင်္ဘောဟာ ကမ်းပြန်မကပ်ဘဲ ပင်လယ်ပြင်မှာ တစ်လနေပြီး ရေမိုင် ၈၆၀၀ အထိ သွားနိုင်မှာ ဖြစ်ပါတယ်။
စစ်ဆင်ရေးအတွက်ရော၊ သဘာဝဘေးအန္တရာယ်နဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စတွေမှာပါ အသုံးပြုနိုင်ပြီး ရေယာဉ်ပေါ် ရဟတ်ယာဉ် ၂ စင်း ဆင်းသက်နိုင်ပါတယ်။ မြန်မာ့ရေတပ်က ပိုင်ဆိုင်တဲ့ စစ်သင်္ဘောအုပ်စုထဲမှာတော့ ဒီသင်္ဘောဟာ အကြီးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
Image may contain: ocean, sky, outdoor, water and nature
Image may contain: sky, outdoor and water
<zawgyi>
မြန်မာ့ရေတပ် အကြီးဆုံးသင်္ဘောသစ် ရုရှား-မြန်မာ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရေး ပိုမိုခိုင်မာလာစေဖို့ ရုရှားမှာ တထောက်နားခဲ့ကြောင်း မြန်မာ့ရေတပ် ကပ္ပတိန်ပြောကြား
Monday , November 4 , 2019

တောင်ကိုရီးယားနိုင်ငံ DAE SUN သင်္ဘောနဲ့ စက်မှုနည်းပညာ ကုမ္ပဏီက တည်ဆောက်ပေးတဲ့ “မုတ္တမ” အမည်ရှိ ရေတပ်စစ်သင်္ဘော တစင်းဟာ တောင်ကိုရီးယားကနေ မြန်မာနိုင်ငံကို လာနေတဲ့ လမ်းတလျှောက် ရုရှားနိုင်ငံ ဗလာတီ ဗော့စတော့မြို့မှာ နိုဝင်ဘာ ၂ ရက်နေ့က ခရီးတထောက် ရပ်နားခဲ့တယ်လို့ ရုရှားမီဒီယာတွေမှာ ဖော်ပြပါတယ်။
မြန်မာစစ်ရေယာဉ်တစ်စီးအနေဖြင့် ပထမဆုံးအကြိမ်အဖြစ် ရုရှားနိုင်ငံသို့ အလည်အပတ် ရောက်ရှိခြင်းဖြစ်ပြီးရုရှား-မြန်မာ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရေးပိုမိုခိုင်မာလာစေဖို့ ရည်ရွယ်တယ်လို့ “မုတ္တမ” စစ်ရေယာဉ်ပေါ် တာဝန်ယူ လိုက်ပါလာတဲ့ မြန်မာရေတပ် ကပ္ပတိန် သိန်းသာက ရုရှားမီဒီယာကို ပြောပါတယ်။
“မုတ္တမ” စစ်သင်္ဘောဟာ ပေ ၄၀၀ ရှည်ပြီး ၇၄ ပေအကျယ်ရှိကာ တန်ချိန် ၁၁,၀၀၀ ကျော် ရှိပါတယ်။ ဒီသင်္ဘောဟာ ကမ်းပြန်မကပ်ဘဲ ပင်လယ်ပြင်မှာ တစ်လနေပြီး ရေမိုင် ၈၆၀၀ အထိ သွားနိုင်မှာ ဖြစ်ပါတယ်။
စစ်ဆင်ရေးအတွက်ရော၊ သဘာဝဘေးအန္တရာယ်နဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စတွေမှာပါ အသုံးပြုနိုင်ပြီး ရေယာဉ်ပေါ် ရဟတ်ယာဉ် ၂ စင်း ဆင်းသက်နိုင်ပါတယ်။ မြန်မာ့ရေတပ်က ပိုင်ဆိုင်တဲ့ စစ်သင်္ဘောအုပ်စုထဲမှာတော့ ဒီသင်္ဘောဟာ အကြီးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

0 comments:

Post a Comment