Sunday, November 3, 2019

ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော်အတွက် မီးပုံးပျံများပြုလုပ်ရန် ပညာရှင်များ လက်မလည်နိုင်အောင်ဖြစ်နေ

Image may contain: one or more people, basketball court, shoes, table and outdoorImage may contain: one or more people and child

(၁၅)ကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ ၈ ရက်မှ ၁၂ ရက် အထိ ကျင်းပသွားမည်ဖြစ်ကာ ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် နိုဝင်ဘာ ၃ ရက်အထိ မီးပုံးပျံ ၈၅ လုံး စာရင်းပေးထားကြပြီးဖြစ်သည်။ ယှဉ်ပြိုင် ကြမည့် အဖွဲ့များအနေဖြင့် မီးပုံးပျံများကို ပညာရှင်များထံ အပ်နှံပြုလုပ်နေကြသော်လည်း ပြိုင်ပွဲဝင်မည့်အဖွဲ့များ များပြားသဖြင့် ပညာရှင်များအနေဖြင့် လက်ခံလုပ်ပေးနိုင်ခြင်း မရှိတော့ကြောင်း သိရှိရသည်။

မီးပုံးပျံပြုလုပ်သည့် ပညာရှင် ကိုခိုင်ထူး က ‘‘ဒီနှစ်မှာ ပြိုင်ပွဲဝင်တွေကို မီးပုံးပျံ လုပ်ပေး ရတာ အခက်အခဲများစွာ ရှိပါတယ်၊ ပွဲမတိုင်ခင် နှစ်လလောက် အလိုအထိ လာရောက်အပ်နှံတဲ့ မီးပုံးပျံအဖွဲ့ တစ်ဖွဲ့မှမရှိဘဲ အနားကပ်မှ လာရောက်အပ်နှံကြလို့ နောက်ကျတဲ့ မီးပုံးပျံတွေ ကို လက်ခံလို့ မရတော့ပါဘူး၊ မီးပုံးပျံတစ်လုံး လုပ်ဖို့ ကြာချိန်က ၁၀ ရက်ကနေ ၁၅ ရက် လောက်အထိ ရှိနေလို့ ဘယ်လိုမှ လက်ခံပြီး လုပ်ပေးလို့ မရတော့တာပါ’’ဟု ပြောသည်။
ပြိုင်ပွဲဝင် မီးပုံးပျံကို ကိုယ်တိုင်ပြုလုပ်၍ ယှဉ်ပြိုင်ကြမည့် ဝါသနာရှင်အဖွဲ့ဖြစ်သော အနာဂတ်လူငယ် အဖွဲ့မှ ကိုထိုက်ကလည်း ‘‘ပြိုင်မယ့် မီးပုံးပျံကို ဘယ်သူ့ဆီမှမအပ်ဘဲ ဝါသနာရှင်လူငယ်တွေ စုပေါင်းပြီး လုပ်နေကြ ပါတယ်၊ ကျွန်တော်တို့မီးပုံးပျံ လုပ်ပြီးတော့ လည်း နောက်ထပ် လာအပ်တဲ့ မီးပုံးပျံတွေ ရှိနေလို့ သူတို့ကို ကူညီတဲ့အနေနဲ့ လုပ်ပေးနေရ တယ်၊ ပြင်ဦးလွင်မြို့မှာ မီးပုံးပျံ ပညာရှင်အဖွဲ့ ငါးဖွဲ့၊ ခြောက်ဖွဲ့ ရှိပေမယ့် သူတို့လည်း လက်ခံ ပြီး မလုပ်ပေးနိုင်တော့လို့ ကျွန်တော်တို့ဆီကို ရောက်လာတာလို့ သိရတယ်၊ ကျွန်တော်တို့ လည်း တစ်လုံး၊ နှစ်လုံးလောက်ပဲ လက်ခံနိုင်ပြီး နောက်လာတဲ့ မီးပုံးပျံတွေကိုတော့ လက်ခံ လုပ်ပေးလို့ မရတော့ပါဘူး’’ဟု ပြောပြသည်။
မီးပုံးပျံပွဲ၏ ပြန်ကြားရေးဆပ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးကလည်း ‘‘လွန်ခဲ့တဲ့ နှစ်လ လောက်က ပြိုင်ပွဲအတွက် အစည်းအဝေးလုပ်တော့ ပြိုင်ပွဲဝင်မယ့်မီးပုံးပျံ တစ်လုံးမှ မရှိဘူး၊ ဒါကြောင့် ရပ်ကွက်၊ ကျေးရွာတွေ၊ ရုံးဌာနတွေ၊ လုပ်ငန်း ရှင်တွေကို ဝင်ရောက်ယှဉ်ပြိုင်ပေး ကြဖို့ စည်းရုံးလှုံ့ဆော်ခဲ့ရတယ်၊ ဒါကြောင့် အချိန်နီးကပ်မှ မီးပုံးပျံလုပ်ပေးတဲ့ ပညာရှင် အဖွဲ့တွေဆီမှာ မီးပုံးပျံတွေ စုပုံသွားပြီး အချိန် မီအောင် လုပ်မပေးနိုင်ကြတော့တာပါ၊ ဒီနှစ် သင်ခန်းစာကို အတွေ့အကြုံယူပြီး နောက်နှစ် တွေမှာ ဒီလိုမဖြစ်ရအောင် သတိထားရတော့ မှာပါ’’ဟု ပြောသည်။
ပြိုင်ပွဲဝင်မည့် မီးပုံးပျံများအားလုံး ပြုလုပ် ရန် အခက်အခဲများ ဖြစ်နေကြသော်လည်း တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပရန် လာရောက် ကြည့်ရှု အားပေးကြမည့် ပရိသတ်အကြိုက် စိန်နားပန် နှင့် ညမီးကြီး မီးပုံးပျံများမှာမူ ညစဉ် လွှတ်တင် ယှဉ်ပြိုင်ရန်အတွက် အရေအတွက် လုံလောက် စွာ ရရှိနေပြီဖြစ်ကြောင်း ပြန်ကြားရေး ဆပ် ကော်မတီမှ သိရသည်။
သက်နိုင်(ပြင်ဦးလွင်)
<zawgyi>
ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော်အတွက် မီးပုံးပျံများပြုလုပ်ရန် ပညာရှင်များ လက်မလည်နိုင်အောင်ဖြစ်နေ
Monday , November 4 , 2019

#Myanmar_Online_News

0 comments:

Post a Comment