Thursday, November 21, 2019

မန္တလေးတွင် ရထားစီးနင်းလိုက်ပါလာသည့် နိုင်ငံခြားသူတစ်ဦး ဖုန်းလုယက်ခံရ

Image may contain: 1 person, standing
မန္တလေးမြို့ ဘူတာကြီးအနီးတွင် ရထားစီးနင်းလိုက်ပါလာသည့် နိုင်ငံခြားသူတစ်ဦး လက်ထဲတွင် ကိုင်ထားသည့် ဖုန်း လုယက်ခံရမှု နိုဝင်ဘာ(၂၀)ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။

အသက်(၂၂)နွစ်အရွယ် ဂျပန်နိုင်ငံသူတစ်ဦးသည် ပုဂံ-မန္တလေး အဆန်ရထားဖြင့် ပုဂံမြို့မှ မန္တလေးမြို့သို့ လိုက်ပါလာခဲ့ပြီး မန္တလေးဘူတာကြီးအနီး အရောက် အိပ်ပျော်နေချိန်တွင် လက်ထဲကိုင်ထားသည့် ဖုန်းကို လူငယ်တစ်ဦးက ခိုးယူထွက်ပြေးသွားခြင်း ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ထိုသို့ လုယက်ခံရသဖြင့် ဂျပန်နိုင်ငံသူ၏ အိုင်ဖုန်း X အမျိုးအစား လက်ကိုင်ဖုန်း ပါသွားခဲ့ပြီး မန္တလေး မီးရထား ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့ရာ ဖုန်းခိုးယူထွက်ပြေးသူကို မန္တလေးဘူတာကြီးဝင်း အနီး ၃၄လမ်းနှင့် ၇၉ လမ်းထောင့် အရောက်တွင် ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။
ဖုန်းခိုးယူထွက်ပြေးသူသည် ညောင်ဦးမြို့နယ်တွင် နေထိုင်သည့် ရဲဝင်းအောင်(ခ) လူသစ်(ခ) ပိုးမင်းထိုက် ဆိုသူဖြစ်ပြီး ပုဂံ-မန္တလေး ရထားဖြင့် လိုက်ပါလာကာ မန္တလေး အရောက်တွင် ပြစ်မှုကျူးလွန်ခြင်း ဖြစ်ကြောင်း၊ခိုးယူပြီး တစ်နာရီခန့်အကြာတွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း မန္တလေး မီးရထားရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက Mandalay In-depth News သို့ ပြောသည်။
“အမှုဖွင့်ထားပါတယ်။ ညောင်းဦးမြို့နယ်ကပါ။ မန္တလးဘူတာကြီး မရောက်ခင် သူက အဲ့ဒါ ယူပြီး ခုန်းဆင်းသွား တာပေါ့။ အဲ့ဒီနားက ပျံကျဈေးသည် ကလေးတွက လူတစ်ယောက် ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတယ်လို့ သတင်းပေးလို့ သွားရှာပြီး တွေ့တော့ စစ်ဆေးလိုက်တဲ့အခါ သူ့ခန္ဓာကိုယ်မှာ အိုင်ဖုန်းတွေ့တာ” ဟု ၎င်းက ပြောသည်။
ရထားပေါ် စီးနင်းလိုက်ပါလာသည့် ဂျပန်နိုင်ငံသူထံမှ ဖုန်း လုယက်ထွက်ပြေးသည့် အမျိုးသားကို မန္တလေး မီးရထားရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၈၂(ခိုးမှု) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။
မန္တလေးမြို့တွင် ခိုးမူ၊ လုယက်မူ၊ ဆိုင်ကယ်စီးနေချိန် ခိုးယူလုယက်မှုများ မကြာခနဖြစ်ပွားနေပြီး ယခုနှစ် ဇန်နဝါရီမှ သြဂုတ်လကုန်ပိုင်း အထိ မန္တလေးခရိုင်အတွင်း ရာဇသတ်ကြီးဥပဒေ ပုဒ် ၃၈၂(ခိုးမူ)ဖြင့် အမူဖွင့်သည့် ဖြစ်စဉ် (၆၁)မူ ဖြစ်ပွားခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ပြီးခဲ့သည့် စက်တင်ဘာ (၁၁)ရက်ကလည်း မန္တလေးမြို့ ၂၇ လမ်း ၈၄လမ်းနှင့် ၈၅ လမ်းကြား ဈေးချိုတော်တွင် စစ်ကိုင်းဝါးချက်ဆေးရုံ၌ သူနာပြုဆရာမအဖြစ် ပရဟိတဆောင်ရွက်နေသည့် ဂျပန်နိုင်ငံသူ အမျိုးသမီး နှစ်ဦး နှင့် ဧည့်လမ်းညွှန်တို့ လမ်းလျှောက်လာစဉ် ဆိုင်ကယ်နှင့် အမျိုးသားတစ်ဦးက ဂျပန်အမျိုးသမီး လက်မှ အိုင်ဖုန်းအမျိုးအစား လက်ကိုင်ဖုန်းအား လုယူထွက်ပြေးမှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။

ရထား စီးနင်းလိုက်ပါလာသည့် နိုင်ငံခြားသူထံမှ ဖုန်းခိုးယူသူကို ဖမ်းဆီးထားစဉ်/ Photo - ပြည်ထဲရေးဝန်ကြီးဌာန.
.
မန္တလေးတွင် ရထားစီးနင်းလိုက်ပါလာသည့် နိုင်ငံခြားသူတစ်ဦး ဖုန်းလုယက်ခံရ

မန္တလေးမြို့ ဘူတာကြီးအနီးတွင် ရထားစီးနင်းလိုက်ပါလာသည့် နိုင်ငံခြားသူတစ်ဦး လက်ထဲတွင် ကိုင်ထားသည့် ဖုန်း လုယက်ခံရမှု နိုဝင်ဘာ(၂၀)ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။
အသက်(၂၂)နှစ်အရွယ် ဂျပန်နိုင်ငံသူတစ်ဦးသည် ပုဂံ-မန္တလေး အဆန်ရထားဖြင့် ပုဂံမြို့မှ မန္တလေးမြို့သို့ လိုက်ပါလာခဲ့ပြီး မန္တလေးဘူတာကြီးအနီး အရောက် အိပ်ပျော်နေချိန်တွင် လက်ထဲကိုင်ထားသည့် ဖုန်းကို လူငယ်တစ်ဦးက ခိုးယူထွက်ပြေးသွားခြင်း ဖြစ်သည်ဟု ပြည်ထဲရေး၀န်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ထိုသို့ လုယက်ခံရသဖြင့် ဂျပန်နိုင်ငံသူ၏ အိုင်ဖုန်း X အမျိုးအစား လက်ကိုင်ဖုန်း ပါသွားခဲ့ပြီး မန္တလေး မီးရထား ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့ရာ ဖုန်းခိုးယူထွက်ပြေးသူကို မန္တလေးဘူတာကြီးဝင်း အနီး ၃၄လမ်းနှင့် ၇၉ လမ်းထောင့် အရောက်တွင် ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။
ဖုန်းခိုးယူထွက်ပြေးသူသည် ညောင်ဦးမြို့နယ်တွင် နေထိုင်သည့် ရဲဝင်းအောင်(ခ) လူသစ်(ခ) ပိုးမင်းထိုက် ဆိုသူဖြစ်ပြီး ပုဂံ-မန္တလေး ရထားဖြင့် လိုက်ပါလာကာ မန္တလေး အရောက်တွင် ပြစ်မှုကျူးလွန်ခြင်း ဖြစ်ကြောင်း၊ခိုးယူပြီး တစ်နာရီခန့်အကြာတွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း မန္တလေး မီးရထားရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက Mandalay In-depth News သို့ ပြောသည်။
“အမှုဖွင့်ထားပါတယ်။ ညောင်းဦးမြို့နယ်ကပါ။ မန္တလးဘူတာကြီး မရောက်ခင် သူက အဲ့ဒါ ယူပြီး ခုန်းဆင်းသွား တာပေါ့။ အဲ့ဒီနားက ပျံကျစျေးသည် ကလေးတွက လူတစ်ယောက် ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတယ်လို့ သတင်းပေးလို့ သွားရှာပြီး တွေ့တော့ စစ်ဆေးလိုက်တဲ့အခါ သူ့ခန္ဓာကိုယ်မှာ အိုင်ဖုန်းတွေ့တာ” ဟု ၎င်းက ပြောသည်။
ရထားပေါ် စီးနင်းလိုက်ပါလာသည့် ဂျပန်နိုင်ငံသူထံမှ ဖုန်း လုယက်ထွက်ပြေးသည့် အမျိုးသားကို မန္တလေး မီးရထားရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၈၂(ခိုးမှု) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။
မန္တလေးမြို့တွင် ခိုးမူ၊ လုယက်မူ၊ ဆိုင်ကယ်စီးနေချိန် ခိုးယူလုယက်မှုများ မကြာခနဖြစ်ပွားနေပြီး ယခုနှစ် ဇန်နဝါရီမှ သြဂုတ်လကုန်ပိုင်း အထိ မန္တလေးခရိုင်အတွင်း ရာဇသတ်ကြီးဥပဒေ ပုဒ် ၃၈၂(ခိုးမူ)ဖြင့် အမူဖွင့်သည့် ဖြစ်စဉ် (၆၁)မူ ဖြစ်ပွားခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ပြီးခဲ့သည့် စက်တင်ဘာ (၁၁)ရက်ကလည်း မန္တလေးမြို့ ၂၇ လမ်း ၈၄လမ်းနှင့် ၈၅ လမ်းကြား စျေးချိုတော်တွင် စစ်ကိုင်းဝါးချက်ဆေးရုံ၌ သူနာပြုဆရာမအဖြစ် ပရဟိတဆောင်ရွက်နေသည့် ဂျပန်နိုင်ငံသူ အမျိုးသမီး နှစ်ဦး နှင့် ဧည့်လမ်းညွှန်တို့ လမ်းလျှောက်လာစဉ် ဆိုင်ကယ်နှင့် အမျိုးသားတစ်ဦးက ဂျပန်အမျိုးသမီး လက်မှ အိုင်ဖုန်းအမျိုးအစား လက်ကိုင်ဖုန်းအား လုယူထွက်ပြေးမှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။
ရထား စီးနင်းလိုက်ပါလာသည့် နိုင်ငံခြားသူထံမှ ဖုန်းခိုးယူသူကို ဖမ်းဆီးထားစဉ်/ Photo - ပြည်ထဲရေး၀န်ကြီးဌာန.

#ဂျပန်နိုင်ငံသူ #ဖုန်းလုယက်#မီးရထား 

0 comments:

Post a Comment