Thursday, November 21, 2019

အိန္ဒိယနိုင်ငံ၌ ကျင်းပသည့် International Challenge ကြက်တောင်ပြိုင်ပွဲ ပထမအဆင့်တွင် သက်ထားသူဇာ အနိုင်ရ

Image may contain: 1 person, smiling
မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် အိန္ဒိယနိုင်ငံ၌ ကျင်းပလျက်ရှိသည့် International Challenge ကြက်တောင်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ နိုဝင်ဘာ ၂၁ ရက်က ကျင်းပသည့် ပထမနေ့တွင် နိုင်ပွဲရယူပြီး ဒုတိယအဆင့်သို့ တက်ရောက်သွားသည်။

သက်ထားသူဇာသည် ပထမအဆင့်တွင် အိမ်ရှင်အိန္ဒိယကစားသမား အီရာရှာမာနှင့် တွေ့ဆုံခဲ့ပြီး ၁၀-၂၁ မှတ်၊ ၂၁-၉ မှတ်၊ ၂၁-၁၂ မှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပြီး ဒုတိယအဆင့်တွင် အိန္ဒိယကစားသမား တန်ဗီလတ်နှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ယင်းပြိုင်ပွဲကို နိုဝင်ဘာ ၂၄ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် အိန္ဒိယကစားသမားအများအပြား ဝင်ရောက်ယှဉ်ပြိုင်နေကာ မလေးရှား၊ ထိုင်း၊ မြန်မာနှင့် အီရန်ကစားသမားများလည်း ပါဝင်လျှက်ရှိသည်။

သက်ထားသူဇာသည် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရန် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့်ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

(Zawgyi)
အိႏၵိယနိုင္ငံ၌ က်င္းပသည့္ International Challenge ၾကက္ေတာင္ၿပိဳင္ပြဲ ပထမအဆင့္တြင္ သက္ထားသူဇာ အနိုင္ရ


ျမန္မာၾကက္ေတာင္အားကစားမယ္ သက္ထားသူဇာသည္ အိႏၵိယနိုင္ငံ၌ က်င္းပလ်က္ရွိသည့္ International Challenge ၾကက္ေတာင္ၿပိဳင္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္လ်က္ရွိရာ နိုဝင္ဘာ ၂၁ ရက္က က်င္းပသည့္ ပထမေန႔တြင္ နိုင္ပြဲရယူၿပီး ဒုတိယအဆင့္သို႔ တက္ေရာက္သြားသည္။

သက္ထားသူဇာသည္ ပထမအဆင့္တြင္ အိမ္ရွင္အိႏၵိယကစားသမား အီရာရွာမာႏွင့္ ေတြ႕ဆုံခဲ့ၿပီး ၁၀-၂၁ မွတ္၊ ၂၁-၉ မွတ္၊ ၂၁-၁၂ မွတ္ျဖင့္ အနိုင္ရခဲ့ျခင္းျဖစ္ၿပီး ဒုတိယအဆင့္တြင္ အိႏၵိယကစားသမား တန္ဗီလတ္ႏွင့္ယွဥ္ၿပိဳင္ကစားရမည္ျဖစ္သည္။

ယင္းၿပိဳင္ပြဲကို နိုဝင္ဘာ ၂၄ ရက္အထိ က်င္းပမည္ျဖစ္ၿပီး အမ်ိဳးသမီးတစ္ဦးခ်င္းၿပိဳင္ပြဲတြင္ အိႏၵိယကစားသမားအမ်ားအျပား ဝင္ေရာက္ယွဥ္ၿပိဳင္ေနကာ မေလးရွား၊ ထိုင္း၊ ျမန္မာႏွင့္ အီရန္ကစားသမားမ်ားလည္း ပါဝင္လၽွက္ရွိသည္။

သက္ထားသူဇာသည္ ၂၀၂၀ တိုက်ိဳအိုလံပစ္ၿပိဳင္ပြဲ ယွဥ္ၿပိဳင္ခြင့္ရရန္ ကမၻာ့ၾကက္ေတာင္အဖြဲ႕ခ်ဳပ္က ႀကီးမွူးက်င္းပသည့္ၿပိဳင္ပြဲမ်ား ဆက္တိုက္ယွဥ္ၿပိဳင္ေနျခင္းျဖစ္သည္။

0 comments:

Post a Comment