Tuesday, November 19, 2019

ခရီးသည်တင်ယာဉ်တစ်စီး အင်ဂျင်ခန်း ဂတ်(စ်)ပိုက်ပေါက် မီးလောင်

Image may contain: sky and outdoor
ဓနုဖြူမြို့နယ်အတွင်း ခရီးသည်တင် မော်တော်ယာဉ်တစ်စီး အင်ဂျင်ခန်း ဂတ်(စ်)ပိုက်ပေါက်ကာ မီးလောင်ပျက်စီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၉ ရက်နေ့ ၁၇၃၀ အချိန် ဓနုဖြူမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအနီး ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင် (၂၄/၁-၂) ကြား၌ ဟင်္သာတဘက်မှ မန္တလေးဘက်သို့ ထက်အောင်ကျော် (၃၅)နှစ် မောင်းနှင်ပြီး ခရီးသည် ၂၀ ဦးခန့်လိုက်ပါလာသော ဟင်္သာတ-မန္တလေး ပြေးဆွဲသည့် 4J/×××× “ရာဇာအောင်” ခရီးသည်တင်မှန်လုံယာဉ် သည် အင်ဂျင်ခန်း ဂတ်(စ်)ပိုက်ပေါက်ကာ အင်ဂျင်ပေါ်သို့ကျ၍ ရုတ်တရက် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါယာဉ်မီးလောင်မှုကြောင့် မော်တော်ယာဉ် ၁ စီးလုံး မီးလောင် ဆုံးရှုံးခဲ့ပြီး ခရီးသည်များ ထိခိုက်မှု မရှိခဲ့ကြောင်းနှင့် ၁၉၃၀ အချိန်တွင် ထက်အောင်ကျော်(ဖမ်းမိ)အား ကျောင်းစုနယ်မြေ ရဲစခန်း၊ (ပ)၁၀၅/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅(မီးပေါ့ဆမှု)ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သိရသည်။

(Unicode)

0 comments:

Post a Comment