ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊တိုင်းရင်းဆေးပညာဦးစီးဌာန၊တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းဆေးကုသဌာန၊ခရိုင်၊မြို့နယ်တိုင်းရင်းဆေးကုသဌာနတို့ပူးပေါင်း၍ တိုင်းရင်းဆေး ပညာဆိုင်ရာ ကျန်းမာရေးအသိပညာပေးခြင်းနှင့်တိုင်းရင်းဆေးဖြင့် ဆေးကုသပေးမှု ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက်(၈)နာရီမှစ၍ ညနေပိုင်းအထိ မြို့နယ်တိုင်းရင်းဆေးကုသဌာန တွင် ပြုလုပ်ပေးခဲ့သည်။
ဟောပြောပွဲတွင် တိုင်းဒေသကြီးတိုင်းရင်းဆေးကုသဌာနမှ တိုင်းဒေသကြီးတိုင်းရင်းဆေးမှူး ဒေါ်စန်းဆင့်ဆင့် က တိုင်းရင်းဆေးပညာဆိုင်ရာကျန်းမာရေးအသိပညာပေးအကြောင်းအရာများကို ဟောပြောခဲ့သည်။
ဆက်လက်၍ တိုင်း/ခရိုင်/မြို့နယ်တိုင်းရင်းဆေးမှူးများက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာ အသီးသီးရှိ ဒေသခံပြည်သူ(၄၉) ဦးအား တိုင်းရင်းဆေးဖြင့် (အခမဲ့)စမ်းသပ်ပေးခြင်း နှင့်ဆေးကုသ ပေးခြင်းများကို ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သရက်ချောင်း(ပြန်/ဆက်)
<zawgyi>
တိုင်းရင်းဆေးပညာဆိုင်ရာ ကျန်းမာရေးအသိပညာပေးခြင်းနှင့်တိုင်းရင်းဆေးဖြင့် ဆေးကုသပေးမှု ကွင်းဆင်းဆောင် ရွက်
Wednesday , November 20 , 2019
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊တိုင်းရင်းဆေးပညာဦးစီးဌာန၊တနင်္သာရီတိုင်းဒေသ ကြီး တိုင်းရင်းဆေးကုသဌာန၊ခရိုင်၊မြို့နယ်တိုင်းရင်းဆေးကုသဌာနတို့ပူးပေါင်း၍ တိုင်းရင်းဆေး ပညာဆိုင်ရာ ကျန်းမာရေးအသိပညာပေးခြင်းနှင့်တိုင်းရင်းဆေးဖြင့် ဆေးကုသပေးမှု ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက်(၈)နာရီမှစ၍ ညနေပိုင်းအထိ မြို့နယ်တိုင်းရင်းဆေးကုသဌာန တွင် ပြုလုပ်ပေးခဲ့သည်။
ဟောပြောပွဲတွင် တိုင်းဒေသကြီးတိုင်းရင်းဆေးကုသဌာနမှ တိုင်းဒေသကြီးတိုင်းရင်းဆေးမှူး ဒေါ်စန်းဆင့်ဆင့် က တိုင်းရင်းဆေးပညာဆိုင်ရာကျန်းမာရေးအသိပညာပေးအကြောင်းအရာများကို ဟောပြောခဲ့သည်။
ဆက်လက်၍ တိုင်း/ခရိုင်/မြို့နယ်တိုင်းရင်းဆေးမှူးများက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာ အသီးသီးရှိ ဒေသခံပြည်သူ(၄၉) ဦးအား တိုင်းရင်းဆေးဖြင့် (အခမဲ့)စမ်းသပ်ပေးခြင်း နှင့်ဆေးကုသ ပေးခြင်းများကို ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သရက်ချောင်း(ပြန်/ဆက်)
#Myanmar_Online_News
0 comments:
Post a Comment