Sunday, November 3, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ်၊ အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အကြီးအကဲ ၊ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်( FIFA )ဥက္ကဋ္ဌ တို့အား သီးခြားစီ တွေ့ဆုံ

Image may contain: 2 people, people standing

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံ ငွေအဖွဲ့ (IMF) အကြီးအကဲ Ms, Kristalina Georgieva အား နိုဝင်ဘာလ ၃ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီ ၄၅ မိနစ်တွင် အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပသည့် Impact Sapphire – 104 ၌ တွေ့ဆုံသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ( FIFA ) ဥက္ကဋ္ဌ Mr. Gianni Infantino အား နိုဝင်ဘာလ ၃ ရက် ဒေသ စံတော်ချိန် ညနေ ၄ နာရီ ၂၀ တွင် တွေ့ဆုံသည်။
ထို့ပြင် (၃၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီး အစည်း အဝေးများသို့ တက်ရောက်ရန် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အိန္ဒိယသမ္မတ နိုင်ငံ ဝန်ကြီးချုပ် Mr. Narendra Modi တို့သည် နိုဝင်ဘာလ ၃ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ မိနစ် ၁၀ တွင် Impact Sapphire – 109 ၌ တွေ့ဆုံကြသည်။
အဆိုပါတွေ့ဆုံပွဲများသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင် စုဝန်ကြီး ဦးသောင်းထွန်းနှင့် ဦးကျော်တင်၊ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ် သံအမတ်ကြီး ဦးမင်းလွင်၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။
Image may contain: 1 person, sitting
Image may contain: 2 people, people smiling, people standing and text
Image may contain: 4 people, people sitting
Image may contain: 1 person, sitting and suit
Image may contain: 13 people, people smiling, people standing and suit

<<Zawgyi>>
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ်၊ အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အကြီးအကဲ ၊ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်( FIFA )ဥက္ကဋ္ဌ တို့အား သီးခြားစီ တွေ့ဆုံ
Monday , November 4 , 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံ ငွေအဖွဲ့ (IMF) အကြီးအကဲ Ms, Kristalina Georgieva အား ယနေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီ ၄၅ မိနစ်တွင် အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပသည့် Impact Sapphire – 104 ၌ တွေ့ဆုံသည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ( FIFA ) ဥက္ကဋ္ဌ Mr. Gianni Infantino အား ဒေသ စံတော်ချိန် ညနေ ၄ နာရီ ၂၀ တွင် တွေ့ဆုံသည်။
ထို့ပြင် (၃၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီး အစည်း အဝေးများသို့ တက်ရောက်ရန် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အိန္ဒိယသမ္မတ နိုင်ငံ ဝန်ကြီးချုပ် Mr. Narendra Modi တို့သည် ဒေသစံတော်ချိန် ညနေ ၆ နာရီ မိနစ် ၁၀ တွင် Impact Sapphire – 109 ၌ တွေ့ဆုံကြသည်။
အဆိုပါတွေ့ဆုံပွဲများသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင် စုဝန်ကြီး ဦးသောင်းထွန်းနှင့် ဦးကျော်တင်၊ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ် သံအမတ်ကြီး ဦးမင်းလွင်၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment