Sunday, November 3, 2019

တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်လေတည်းရှူ၍ နေထိုင်ခဲ့ကြပြီး လက်ရှိတွင်လည်းအတူတကွနေထိုင်ကြရာတွင် ကျွန်တော်တို့အားလုံးသည် မြန်မာဖြစ်သည်ဆိုသည့်စိတ်ကို ယုံကြည် မွေးမြူကြရန်လိုကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပြောကြား

Image may contain: 1 person, text

၂၀၁၉ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှမြန်မာနိုင်ငံ၏သမိုင်းတွင် မိမိတို့သည် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ အမိ မြန်မာနိုင်ငံတော်ကြီး တိုးတက်ရေး အတွက် ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ယုံကြည်မှု၊ သဒ္ဓါ သည်ကပင် စည်းလုံးညီညွတ်သည့်စွမ်းအား၊ စည်းလုံး ညီညွတ်သည့် ရဲစွမ်းသတ္တိကို ဖြစ်ပေါ်စေမည်ဖြစ်ပါကြောင်း၊ တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာ ရှိပါကြောင်း၊ စည်းလုံးညီညွတ်မှုကသာလျင် မိမိတို့မြန်မာ့လူ့ဘောင်အဖွဲ့အစည်းက မျှော်လင့်နေသည့် ယနေ့ နိုင်ငံ၏ ပကတိလိုအပ်ချက်ဖြစ်သော တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကြဉ်းနိုင်မည် ဖြစ်ပါကြောင်းဖြင့် ဟိန္ဒူရိုးရာပွဲတော်များတွင် အထွဋ်မြတ်ဆုံး ပွဲတော်ဖြစ်သည့် ဒီပါ၀လီနေ့ အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ဂုဏ်ပြု အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါဂုဏ်ပြုညစာစားပွဲအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး နှင့် မြန်မာ-အိန္ဒိယ အပြည်ပြည် ဆိုင်ရာစီးပွားရေးလုပ်ငန်းအသင်းချုပ်တို့မှ ကြီးမှူး၍ ယနေ့ညပိုင်းတွင် ရန်ကုန်မြို့၊ မင်္ဂလာတောင် ညွန့်မြို့ နယ်ရှိ Wyndham Grand Hotel တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှတပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ မြန်မာနိုင်ငံရှိ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ဘာသာပေါင်း စုံချစ်ကြည်ညီညွတ်ရေး ဗဟိုအဖွဲ့ ဥက္ကဌ ဦးသောင်းထိုက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟို အဖွဲ့ချုပ် ဥက္ကဌ ဦးနန္ဒ၊ မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းအသင်းချုပ် ဥက္ကဌ ဦးဇော်ဇော်နိုင်နှင့် တာဝန်ရှိသူများ ၊ အပြည်ပြည်ဆိုင်ရာကုန်သည်များ၊ ဟိန္ဒူရိုးရာယဉ်ကျေးမှု အကအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့်အဖွဲ့ဝင်များသည် ဂုဏ်ပြုညစာစားပွဲပြုလုပ်မည့် Wyndham Grand Hotel သို့ရောက်ရှိကြရာ ဟိန္ဒူရိုးရာ ဒီပါ၀လီပွဲတော် ကျင်းပရေးကော်မတီဥက္ကဌများနှင့် တာဝန်ရှိသူ များ က ကြိုဆိုနှုတ်ဆက်ကြ သည်။
အစီအစဉ်အရ ဒီပါ၀လီနေ့ အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး၊ မြန်မာ-အိန္ဒိယ အပြည်ပြည် ဆိုင်ရာ စီးပွားရေးလုပ်ငန်းအသင်းချုပ် ဥက္ကဌ ဦးဇော်ဇော်နိုင်နှင့်ဇနီး၊ သနန္တနဓမ္မပါလက (ဟိန္ဒူ)အဖွဲ့ချုပ် ဥက္ကဌ ဦးဘာဂျန်ရာမ်လာလ်ရှာရမားတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။ ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဇနီး၊ မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေး လုပ်ငန်းအသင်းချုပ် ဥက္ကဌနှင့်ဇနီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် ဥက္ကဌနှင့် ဒေါ်မီးမီး တို့က ဒီပါ၀လီအထိမ်းအမှတ် ဆီမီးထွန်းညှိပေးကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။ ထို့နောက် မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေး လုပ်ငန်းအသင်းချုပ် ဥက္ကဌ ဦးဇော်ဇော်နိုင် က ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားပြီး ဟိန္ဒူဆရာဝန်များအသင်း ဥက္ကဌအငြိမ်းစား ဆရာဝန်ကြီး ဒေါက်တာမင်းလွင်နှင့် မြန်မာ နိုင်ငံဂေါ်ရခါးအသင်း ဥက္ကဌဟောင်း ဦးကျော်လေးတို့က ဒီပါ၀လီနေ့နှင့် ပတ်သက်သည် များကို ရှင်းလင်းတင်ပြခဲံကြ‌ကြောင်း သတင်းရရှိပါသည်။
Image may contain: 6 people, people standing and crowd
Image may contain: 5 people, people standing and outdoor
Image may contain: 11 people, people smiling, people sitting, table and indoor
Image may contain: 9 people, people smiling, people standing and text
Image may contain: 19 people, people smiling, people standing
<<Zawgyi>>
တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်လေတည်းရှူ၍ နေထိုင်ခဲ့ကြပြီး လက်ရှိတွင်လည်းအတူတကွနေထိုင်ကြရာတွင် ကျွန်တော်တို့အားလုံးသည် မြန်မာဖြစ်သည်ဆိုသည့်စိတ်ကို ယုံကြည် မွေးမြူကြရန်လိုကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပြောကြား
Monday , November 4 , 2019

၂၀၁၉ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှမြန်မာနိုင်ငံ၏သမိုင်းတွင် မိမိတို့သည် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ အမိ မြန်မာနိုင်ငံတော်ကြီး တိုးတက်ရေး အတွက် ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ယုံကြည်မှု၊ သဒ္ဓါ သည်ကပင် စည်းလုံးညီညွတ်သည့်စွမ်းအား၊ စည်းလုံး ညီညွတ်သည့် ရဲစွမ်းသတ္တိကို ဖြစ်ပေါ်စေမည်ဖြစ်ပါကြောင်း၊ တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာ ရှိပါကြောင်း၊ စည်းလုံးညီညွတ်မှုကသာလျင် မိမိတို့မြန်မာ့လူ့ဘောင်အဖွဲ့အစည်းက မျှော်လင့်နေသည့် ယနေ့ နိုင်ငံ၏ ပကတိလိုအပ်ချက်ဖြစ်သော တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကြဉ်းနိုင်မည် ဖြစ်ပါကြောင်းဖြင့် ဟိန္ဒူရိုးရာပွဲတော်များတွင် အထွဋ်မြတ်ဆုံး ပွဲတော်ဖြစ်သည့် ဒီပါ၀လီနေ့ အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ဂုဏ်ပြု အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါဂုဏ်ပြုညစာစားပွဲအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး နှင့် မြန်မာ-အိန္ဒိယ အပြည်ပြည် ဆိုင်ရာစီးပွားရေးလုပ်ငန်းအသင်းချုပ်တို့မှ ကြီးမှူး၍ ယနေ့ညပိုင်းတွင် ရန်ကုန်မြို့၊ မင်္ဂလာတောင် ညွန့်မြို့ နယ်ရှိ Wyndham Grand Hotel တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှတပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ မြန်မာနိုင်ငံရှိ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ဘာသာပေါင်း စုံချစ်ကြည်ညီညွတ်ရေး ဗဟိုအဖွဲ့ ဥက္ကဌ ဦးသောင်းထိုက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟို အဖွဲ့ချုပ် ဥက္ကဌ ဦးနန္ဒ၊ မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းအသင်းချုပ် ဥက္ကဌ ဦးဇော်ဇော်နိုင်နှင့် တာဝန်ရှိသူများ ၊ အပြည်ပြည်ဆိုင်ရာကုန်သည်များ၊ ဟိန္ဒူရိုးရာယဉ်ကျေးမှု အကအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့်အဖွဲ့ဝင်များသည် ဂုဏ်ပြုညစာစားပွဲပြုလုပ်မည့် Wyndham Grand Hotel သို့ရောက်ရှိကြရာ ဟိန္ဒူရိုးရာ ဒီပါ၀လီပွဲတော် ကျင်းပရေးကော်မတီဥက္ကဌများနှင့် တာဝန်ရှိသူ များ က ကြိုဆိုနှုတ်ဆက်ကြ သည်။
အစီအစဉ်အရ ဒီပါ၀လီနေ့ အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး၊ မြန်မာ-အိန္ဒိယ အပြည်ပြည် ဆိုင်ရာ စီးပွားရေးလုပ်ငန်းအသင်းချုပ် ဥက္ကဌ ဦးဇော်ဇော်နိုင်နှင့်ဇနီး၊ သနန္တနဓမ္မပါလက (ဟိန္ဒူ)အဖွဲ့ချုပ် ဥက္ကဌ ဦးဘာဂျန်ရာမ်လာလ်ရှာရမားတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။ ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဇနီး၊ မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေး လုပ်ငန်းအသင်းချုပ် ဥက္ကဌနှင့်ဇနီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် ဥက္ကဌနှင့် ဒေါ်မီးမီး တို့က ဒီပါ၀လီအထိမ်းအမှတ် ဆီမီးထွန်းညှိပေးကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။ ထို့နောက် မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေး လုပ်ငန်းအသင်းချုပ် ဥက္ကဌ ဦးဇော်ဇော်နိုင် က ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားပြီး ဟိန္ဒူဆရာဝန်များအသင်း ဥက္ကဌအငြိမ်းစား ဆရာဝန်ကြီး ဒေါက်တာမင်းလွင်နှင့် မြန်မာ နိုင်ငံဂေါ်ရခါးအသင်း ဥက္ကဌဟောင်း ဦးကျော်လေးတို့က ဒီပါ၀လီနေ့နှင့် ပတ်သက်သည် များကို ရှင်းလင်းတင်ပြခဲံကြ‌ကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment