တိုင်ကြားသူဘက်မှ ကျေအေးပေးခဲ့သဖြင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းအား NLD ပါတီအနေဖြင့် အရေးယူမည် မဟုတ်ကြောင်း NLD ပါတီပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က နိုဝင်ဘာ ၁ ရက်၌ ပြောသည်။
"တိုင်ကြားတဲ့သူက ကျေနပ်ပါပြီဆိုရင် ကျွန်တော်တို့ထပ်ပြီး အရေးယူဖို့မရှိပါဘူး။ ဒီတိုင်စာက ပျက်ပြယ်သွားတဲ့သဘောပါ"ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားခဲ့ကြောင်း သိရှိရသည်။
အောက်တိုဘာ ၂၈ ရက်က ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ်က အင်န်အယ်လ်ဒီပါတီ ရုံးချုပ်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမ များသမဂ္ဂအဖွဲ့ချုပ်မှ တာဝန်ရှိသူများအား ပါတီတာဝန်ရှိသူများရှေ့တွင် တောင်းပန်မှုပြုလုပ်ခဲ့ပြီး ဆရာ၊ ဆရာမများ၏ ဒေသန္တရ လိုအပ်ချက်များအပေါ် တတ်နိုင်သမျှဖြည့် ဆည်းပေးမည်ဖြစ်ကြောင်း ကတိပေးခဲ့သည့်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများသမဂ္ဂအဖွဲ့ချုပ်အနေဖြင့် ကျေနပ်ကြောင်း သိရှိရသည်။
အောက်တိုဘာ ၅ ရက်က ပဲခူးတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက ကျေးရွာလူထု တွေ့ဆုံပွဲတွင် ဝန်ထမ်းအိမ်ရာများတည်ဆောက် ပေးနိုင်ရေးတင်ပြချက်အပေါ် "ဝန်ထမ်းအိမ်ရာ မရှိတာကောင်းတယ်။ ဆရာ ဆရာမတွေ ရပ်ထဲရွာထဲမှနေတော့ ဒီက ရွာသားတွေနဲ့ အိမ်ထောင်ကျ။ အဲဒါမှ ပြန်ပြောင်းမသွား နိုင်မှာ၊ ပြန်ပြောင်းသွားရင် ဝန်ထမ်းလိုအပ်ချက် ရှိပြီ။ ရွာကကာလသားတွေကလည်း ဆရာမ တွေကို ရည်းစားစကားလိုက်ပြောကြ။ ဒါမှ ဆရာမတွေ ရွာမှာမြဲမှာ" ဟု ပြောခဲ့သဖြင့် ဝေဖန်ကန့်ကွက်မှုများစွာခဲ့ကြပြီးနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများ သမဂ္ဂအဖွဲ့ချုပ်က NLD ပါတီသို့ တိုင်ကြားခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
<<zawgyi>>
တောင်းပန်မှုပြုလုပ်ခဲ့သည့် ပဲခူးတိုင်းဝန်ကြီးချုပ်ကို NLD ပါတီက အရေးယူမည်မဟုတ်
Saturday , November 2 , 2019

#Myanmar_Online_News #ပဲခူးတိုင်းဝန်ကြီးချုပ် #ဆရာဆရာမများသမဂ္ဂအဖွဲ့ချုပ်
0 comments:
Post a Comment