Thursday, November 21, 2019

NLD ပါတီထိပ်ပိုင်းခေါင်းဆောင် မန်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် သွေးကင်ဆာရောဂါ ခံစားနေရဟု ဒေါက်တာမျိုးညွန့်ပြောကြား

Image may contain: 3 people, people smiling

NLD ပါတီ၏ဒုတိယဥက္ကဋ္ဌ- ၂ အပြင်မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ်တာဝန် ယူထား သော ဒေါက်တာဇော်မြင့်မောင်သည် ထိုင်းနိုင်ငံတွင်သွားရောက်ဆေးကုသမှုခံယူနေရပြီး လက်ရှိတွင်သွေးကင်ဆာ ရောဂါခံစားနေရကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ NLD ရုံးချုပ်တွင် နိုဝင်ဘာလ ၂၁ ရက်ကကျင်းပသော ၉၉ ကြိမ်မြောက် အမျိုးသား အောင်ပွဲနေ့ အခမ်းအနားအပြီးတွင် ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် ပြောကြားချက် အရ သိရခြင်းဖြစ်သည်။
မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်သည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်းအတွင်း မန္တလေးတိုင်း လျှပ်စစ်ဝန်ကြီးဦးဇာနည်အောင်သို့ ဝန်ကြီးချုပ်ရာထူးခေတ္တလွှဲပေးခဲ့ကာ ထိုင်းနိုင်ငံသို့ ဆေးစစ်ခြင်းနှင့် ဆေးကုသမှုခံယူရန် သွားရောက်ခဲ့ခြင်းဖြစ်သည်။
မန်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် အမရပူရမဲဆန္ဒနယ်အမှတ်- ၁ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက် ယှဉ်ပြိုင်ကာအနိုင်ရရှိခဲ့ပြီး မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ်ရွေးကောက်တင်မြှောက် ခဲ့ခြင်းဖြစ်သည်။
<<Zawgyi>>
NLD ပါတီထိပ်ပိုင်းခေါင်းဆောင် မန်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် သွေးကင်ဆာရောဂါ ခံစားနေရဟု ဒေါက်တာမျိုးညွန့်ပြောကြား
Friday , November 22 , 2019

NLD ပါတီ၏ဒုတိယဥက္ကဋ္ဌ- ၂ အပြင်မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ်တာဝန် ယူထား သော ဒေါက်တာဇော်မြင့်မောင်သည် ထိုင်းနိုင်ငံတွင်သွားရောက်ဆေးကုသမှုခံယူနေရပြီး လက်ရှိတွင်သွေးကင်ဆာ ရောဂါခံစားနေရကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ NLD ရုံးချုပ်တွင် နိုဝင်ဘာလ ၂၁ ရက်ကကျင်းပသော ၉၉ ကြိမ်မြောက် အမျိုးသား အောင်ပွဲနေ့ အခမ်းအနားအပြီးတွင် ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် ပြောကြားချက် အရ သိရခြင်းဖြစ်သည်။
မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်သည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်းအတွင်း မန္တလေးတိုင်း လျှပ်စစ်ဝန်ကြီးဦးဇာနည်အောင်သို့ ဝန်ကြီးချုပ်ရာထူးခေတ္တလွှဲပေးခဲ့ကာ ထိုင်းနိုင်ငံသို့ ဆေးစစ်ခြင်းနှင့် ဆေးကုသမှုခံယူရန် သွားရောက်ခဲ့ခြင်းဖြစ်သည်။
မန်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် အမရပူရမဲဆန္ဒနယ်အမှတ်- ၁ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက် ယှဉ်ပြိုင်ကာအနိုင်ရရှိခဲ့ပြီး မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ်ရွေးကောက်တင်မြှောက် ခဲ့ခြင်းဖြစ်သည်။

0 comments:

Post a Comment