Tuesday, May 19, 2020

ခမီလူမျိုး ၁၁ ဦး အား AAအကြမ်းဖက်အဖွဲ့မှ မတရားဖမ်းဆီး ခေါ်ဆောင်



Image may contain: house, tree, sky, outdoor and nature
မေလ ၁၈ရက် ( တနင်္လာနေ့)၊ ညနေ ( ၃ ) နာရီ အချိန်တွင် ကျောက်တော်မြို့နယ်၊ ကုလားတန် ရှိ မာလာကျေး ရွာနှင့်ခပေါ်ရွာ မှ ခမီလူမျိုး ( ၁၁ ) ဦးအား AA အကြမ်းဖက်အဖွဲ့မှ မတရား ဖမ်းဆီးသွားကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် ကျောက်တော်မြို့ပေါ်သို့ မာလာကျေးရွာမှ တပ်စခန်းထိုင်သော လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ခွင့်ပြုချက်ဖြင့် ၎င်း စခန်းမှ ထွေအုပ်မှ ပေးသော ကယ်ဆယ်ရေးပစ္စည်းများ ထုတ်ယူရန် ကျောက်တော်မြို့သို့ သွားနေကြသော ခမီလူမျိုး ( ၁၁ ) ဦးအား AAအဖွဲ့မှ ကျောက်တော်မြို့ကမ်းနားပန်းခြံတွင် ဖမ်းဆီးခေါ် ဆောင်သွားကြောင်းသိရှိရသည်။
ဖမ်းဆီးခေါ် ဆောင် ခံရသူတို့တွင် မာလာ ကျေးရွာမှ ကျေးရွာတာဝန်ခံ ခမီအမျိုးသား ( ၇) ဦး၊ အမျိုးသမီး ( ၄ ) ဦးတွင် အပျိုဖြစ်သူ တစ်ဦးပါရှိကြောင်းနှင့် ခပေါ်ရွာ ရွာမှ တစ်ဦးပါရှိကြောင်း ဒေသခံတစ်ဦး၏ ပြန်ပြောမှုအရ သိရသည်။ " AA အဖွဲ့က အားကစားဝတ်စုံ အရပ်ဝတ်တွေနဲ့ သေနတ်တွေကိုင်ထားပြီး ခမီလူမျိုး (၁၁)ကို မေးမြန်းနေတာတွေ တွေ့ပါတယ်၊ပြီးတော့ ဆွဲရမ်းပြီးခေါ်သွားတာပဲ "လို့ ဒေသခံတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။
AA အဖွဲ့အနေဖြင့် အကြမ်းဖက်လုပ်ရပ်များအား နေ့စဉ်ဆိုသလို ကျူ းလွန်နေလျက်ရှိသည်။ယခုအခါ ရခိုင်လူထုအများစုက စက်ဆုပ်ကြောက်ရွံကာ ၎င်းအဖွဲ့များ ရွာထဲဝင်လာပြီဆိုပါက လူထုသည် ထွက်ပြေးတိမ်းရှောင်နေကြရသည်။
Ref ; May Yu Nadi

0 comments:

Post a Comment