Tuesday, May 19, 2020

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် တရုတ်နိုင်ငံ၏ ရုပ်သေးရုပ်တစ်ရုပ်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့် ပြောကြား

Image may contain: 1 person

ကုလသမဂ္ဂ အထူးအေဂျင်စီတစ်ခုဖြစ်သည့် WHO သည် တရုတ်နိုင်ငံ၏ ရုပ်သေးရုပ် တစ်ရုပ်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်မှ မေလ ၁၈ ရက်နေ့က ဝေဖန် ခဲ့ပြီး ၎င်းအနေဖြင့် WHO သို့ အမေရိကန်နိုင်ငံ၏ ထောက်ပံ့ကူညီနေမှုကို လျှော့ချရန် သို့မဟုတ် ပယ်ဖျက်ရန် စဉ်းစားလျက်ရှိကြောင်း အတည်ပြုပြောကြားခဲ့ပါသည်။

“ ၎င်းတို့သည် တရုတ်နိုင်ငံ၏ ရုပ်သေးရုပ် တစ်ရုပ်ဖြစ်ကြောင်း” အမေရိကန် သမ္မတဒေါ်နယ်ထရန့်မှ အိမ်ဖြူတော်၌ ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သို့ နှစ်စဉ် အမေရိကန် ဒေါ်လာ သန်း ၄၅၀ ခန့် ငွေကြေးထောက်ပံ့လျက်ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်မှ ပြောကြားခဲ့ပါသည်။ မိမိတို့အနေဖြင့် ငွေကြေးထောက်ပံ့မှုအစီအစဉ် များအား လျှော့ချရန်စီစဉ်နေသည်ဟု ၎င်းမှ ပြောကြားခဲ့ပါသည်။
“WHO သည် မိမိတို့အား မကောင်းသောအကြံပြုချက်များ ပေးခဲ့ပါတယ်” ဟု ၎င်းမှ ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံတွင် Coronavirus ရောဂါ စတင်ဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာတစ်ဝန်းသို့ ကူးစက်ပျံ့နှံ့ခဲ့သည့်အချိန်မှစ၍ WHO ပြုလုပ်သည့် ပထမအကြိမ် နှစ်စဉ်အစည်း အဝေးတွင် ၎င်းကူးစက်ရောဂါသည် စီးပွားရေး ပျက်စီးမှုအများအပြားဖြစ်စေပြီး လူပေါင်း ၃၁၆,၀၀၀ အား သေဆုံးစေခဲ့ကြောင်း၊ အမေရိကန်နိုင်ငံတွင် ၎င်း၏ သုံးပုံ တစ်ပုံနီးပါးခန့် သေဆုံးခဲ့ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်မှ ပြောကြားခဲ့ ပါသည်။

တရုတ်နိုင်ငံသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၄၀ ခန့်သာ ငွေကြေး ထောက်ပံ့လျက်ရှိကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် ထောက်ပံ့ငွေ သန်း ၄၅၀ မှ သန်း ၄၀ သို့ လျှော့ချရန် စဉ်းစားလျက်ရှိကြောင်း၊ သို့သော် ၎င်းပမာဏမှာ အလွန်များနေသည်ဟု လူ့အချို့က ထင်မြင်နေကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်မှ ပြောကြားခဲ့ပါသည်။
Source - CNA #Myanmar_Online_News

0 comments:

Post a Comment