Tuesday, May 19, 2020

မလေးရှာပြန်ကိုဗစ်လူနာနေထိုင်ခဲ့တဲ့ ရခိုင်က သက္ကယ်ကျွန်းတစ်ရွာလုံးကို ကျန်းမာရေးစစ်မယ်

Image may contain: ocean, sky, outdoor, water and nature

မလေးရှားပြန် လူနာအမှတ်(၁၉၀)နေထိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ သက္ကယ်ကျွန်းက တစ်ရွာလုံးကို ကျန်းမာရေးစစ်ဆေးသွားမှာဖြစ်ပြီး ဖြစ်နိုင်ခြေရှိသူတွေကို ဒီနေ့တို့ဖတ်ယူသွားမယ်လို့ ရခိုင်ပြည်နယ်၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

အဲဒီလူနာအမှတ်(၁၉၀)ဟာ မေလ(၁၁)ရက်က ရန်ကုန်ကိုရောက်ခဲ့ပြီး တောင်ကုတ်မြို့ကို ပြန်လာချိန်မှာတော့ လမ်းမှဆင်းပြီး သက္ကယ်ကျွန်းကို ပြန်သွားခဲ့တာလို့ သိရပါတယ်။
“သူ့ကို မလေးရှားပြန်မှန်းသိလို့ လိုက်လို့မိတာနဲ့ သူရောက်နေတာနဲ့ ရက်နည်းနည်းကွာတယ်။ ဆွေမျိုးတွေ တောင် ပတ်တွေ့ပြီးလောက်ပြီထင်တယ်။ ကျွန်တော်တို့က ပတ်တွေ့ထားတဲ့ သူတွေအကုန်လုံးကို တို့ဖတ်ယူမှာ။”လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်က O Media ကို ပြောပါတယ်။
အဲဒီလူနာဟာ သက္ကယ်ကျွန်းကနေကိုယ်တိုင်လှော်တက်ကိုင်ပြီး ရွာမကိုသွားခဲ့ပါတယ်။
ရွာမကတဆင့် (၁၆)မိုင်ဝေးတဲ့ တောင်ကုတ်ဆေးရုံကိုတော့ ကျန်းမာရေးအဖွဲ့စီစဉ်ပေးတဲ့ယာဉ်နဲ့ ဒီနေ့ မနက်ပိုင်းမှာပဲရောက်ရှိသွားပြီလို့ သိရပါတယ်။
“သူ့ရွာကိုရောက်သွားတာ။ ရောက်သွားပြီးတော့ ရွာမှာကွာရမ်တင်းမဝင်ဖြစ်သေးဘဲ သူ့အဖေနဲ့ ရွာမှာနေဖြစ်တာ။ နောက်မှ မလေးပြန်မှန်းသိလို့လိုက်တော့ တွေ့တာ။ တွေ့တော့ ရွာမှာပဲကွာရမ်တင်းထဲထည့်တာ။ ထည့်ပြီးတော့ တို့ဖတ်ယူပြီးစစ်ပြီးတော့ Positive ထွက်တော့ သူ့ကိုလာဖို့လုပ်တာပေါ့။”လို့ ဒေါက်တာစိုင်းဝင်းဇော်လှိုင်က ပြောပါတယ်။
ဒါ့အပြင် မလေးရှားကနေ တောင်ကုတ်မြို့ကို အတူတူပြန်လာတဲ့ (၄)ယောက်ကိုလည်း လိုက်ရှာနေတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာတော့ မလေးရှားကပြန်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ(၂)ယောက်ရှိလာပြီး (၁) ယောက်ကတော့ သံတွဲမြို့က ဖြစ်ပါတယ်။
Ref ; O Media

0 comments:

Post a Comment