Tuesday, May 19, 2020

သီရိလင်္ကာနှင့် မော်လ်ဒိုက်နိုင်ငံမှ မြန်မာစာသင်သား ရဟန်းသံဃာများ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ပြန်လည်ပို့ဆောင်ခဲ့

Image may contain: one or more people, people sitting and indoor

သီတဂူဆရာတော်ကြီး၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲဖြစ်လျက်ရှိသည့် သီရိလင်္ကာနိုင်ငံရှိ မြန်မာစာသင်သား ရဟန်းသံဃာ ၁၃၀ ပါး၊ သီလရှင် ၁ ပါး၊ လူပုဂ္ဂိုလ် ၁၇ ဦးနှင့် မော်ဒိုက်နိုင်ငံရှိ မြန်မာနိုင်ငံသား ၁၈ ဦး စုစုပေါင်း ၁၆၆ ဦးအား မြန်မာ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ဖြင့် ကိုလံဘို အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ကမ္ဘာတစ်ဝန်း၌လတ်တလောဖြစ်ပွားလျက်ရှိသည့် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက် ရောဂါ အခြေအနေအရ နိုင်ငံတကာ ခရီးသည်တင် လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲဖြစ်လျက်ရှိသည့် သီရိလင်္ကာနှင့် မော်လ်ဒိုက်နိုင်ငံမှ မြန်မာစာသင်သား ရဟန်းသံဃာများ၊ သီလရှင်နှင့် လူပုဂ္ဂိုလ် ၁၆၆ ဦးအား သီတဂူဆရာတော်ကြီး၏ စီစဉ်မှုဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရဟန်သံဃာတော်များနှင့် လူပုဂ္ဂိုလ်များအား မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် စစ်ကိုင်းမြို့ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် ဝိပဿနာတက္ကသိုလ်ရှိ ယောဂိဆောင်များတွ၍် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သက်မှတ်ချက်များနှင့်အညီ (၂၁) ရက် Facilities Quarantine အဖြစ်သီတင်းသုံးနေထိုင်ပြီး ဆွမ်း၊ကွမ်း အစားအသောက်ကစ္စများအတွက် သီတဂူဆရာ တော်ကြီးမှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
COVID ကာလအတွင်း ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတ နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အာရပ် စော်ဘွားများပြည်ထောင် စုနိုင်ငံ (ယူအေအီး)၊ ကာတာနိုင်ငံ၊ အီတလီနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားစုစုပေါင်း(၂၀၇၂)ဦးအား ကယ်ဆယ်ရေးလေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ ပြန် လည်ခေါ်ဆောင် ပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။
Image may contain: one or more people and indoor
Image may contain: 1 person, indoor
Ref ; The Fifth Wave News

0 comments:

Post a Comment