Sunday, May 3, 2020

မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန်းအနေဖြင့် နေကောင်းကျန်းမာစွာဖြင့် ပြန်လည်ထွက်ပေါ်လာသည့်အတွက် ဝမ်းမြောက်ကြောင်း ကန်သမ္မတ ဒေါ်နယ်ထရန့် ပြောကြား

Image may contain: 2 people, people standing

မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန်းသည် နေကောင်းကျန်းမာစွာဖြင့် ပြန်လည်ထွက်ပေါ်လာသည့်အတွက်ဝမ်းမြောက်ကြောင်းအမေရိကန်သမ္မတ ဒေါ်နယ်ထရန့်မှ မေလ ၂ ရက်နေ့ စနေနေ့တွင် ပြောကြားခဲ့သည်။

ကင်ဂျုံအန်းသည် အသည်းအသန် နာမကျန်းဖြစ်နေသည် သို့မဟုတ် သေသွားပြီ ဟူသော ထင်ကြေးပေးမှုများနောက် သီတင်းပတ်သုံးပတ်နီးပါးတွင် ပထမဆုံး လူထုရှေ့ထွက်ပေါ်လာခြင်းနှင့် ပတ်သက်၍ ဒေါ်နယ်ထရန့်မှ “ နေကောင်းကျန်းမာစွာနဲ့ သူပြန်ပေါ်လာတာကို ကျွန်တော်ဝမ်းမြောက်ပါတယ်” ဟု ၎င်း၏ Tweeter စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
ပြုံယမ်းမြို့မြောက်ဘက် Sunchon တွင် မေလ ၁ ရက်နေ့ကမြေဩဇာစက်ရုံဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပြီး ထိုအခမ်းအနားသို့ ကင်ဂျုံအန်း တက်ရောက်ခဲ့ကာ ၎င်း၏ လမ်းလျှောက်နေသော ပုံရိပ်များ၊ ပြုံးရယ်နေသော ပုံရိပ်များနှင့် စီးကရက်သောက်နေသောပုံရိပ်များကို မြောက်ကိုရီးယားအစိုးရ ရုပ်မြင်သံကြားတွင် ပြသခဲ့သည်။
ကင်ဂျုံအန်း၏ကျန်းမာရေးနှင့်ပတ်သက်၍ကောလာဟလများထွက်ပေါ်လာခြင်းမှာဧပြီလ ၁၅ရက်နေ့တွင်ကျရောက်သော ကင်၏အဖိုး မြောက်ကိုရီးယားတည်ထောင်သူကင်အီဆွန်းမွေးနေ့ဂုဏ်ပြုအခမ်းအနားတွင်ကင်ပျောက်ကွယ်နေခြင်းမှ စတင်ခဲ့ခြင်းဖြစ်သည်။
ကင်ဂျုံအန်းနှင့်ဒေါ်နယ်ထရန့်တို့သည် မြောက်ကိုရီးယားနျူးကလီးယားလက်နက်နှင့်ပတ်သက်၍ ဆွေးနွေးမှု သုံးကြိမ်ပြုလုပ်ခဲ့ပြီးနောက် ကင်ဂျုံအန်းသည် လူမြင်ကွင်းမှ ပျောက်ကွယ်သွားခြင်းဖြစ်သည်။
Image may contain: 1 person, sitting
Source : Channel NewsAsia
“Trump says he's 'glad' Kim Jong Un 'is back, and well'”

0 comments:

Post a Comment